လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါးသတင်း

မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ  ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ  ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။

လက်နက်ကြီးကျတာကတော့  ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက်  မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ  ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။

ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။လို့ပြောပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIAPDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button