ဖမ်းဆီးခံရမှုသတင်း

ဖမ်းဆီးခံရတဲ့ ဟုမ္မလင်း  HPDF- 124 ခေါင်းဆောင် နဲ့ တပ်ဖွဲ့ဝင်တွေပြန်မလွတ်သေး

ရှမ်းနီ PDF ဖွဲ့မည့်သတင်းကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့တပ်ဖွဲ့ဝင်တွေပြန်လည်လွတ် မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ HPDF- 124 ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ အတူတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့ အမျိုးသား ၁၉ ဦး၊ စုစုပေါင်း ၂၀ ဦးကို မုံရွာဟုမ္မလင်းကားလမ်းပိုင်း နတ်နန်းကျေးရွာရှိ ကိုစိုင်းအောင်ရဲ့နေအိမ်မှာ ပိတ်ဆို့ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဒီကနေ့အထိပြန်မလွတ်လာသေးဘူးလို့ HPDF – 124 ရဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦး KNGကို ပြောပါတယ်။

“HPDF- 124 ရဲ့စခန်းက နတ်နန်း နားမှာတပ်ရင်းရှိတာလေး အဲ့မှာပကဖနဲ့ တခြားအဖွဲ့လည်းပါမယ် အင်အားအများကြီးနဲ့လာဝိုင်းပြီးဖမ်းသွားတယ် ပစ်ကြခတ်ကြဖြစ်ပြီးမှဖမ်းသွားတာဒီတိုင်းတိတ်တိတ်လေးဖမ်းသွားတာတော့မဟုတ်ဘူး။ ကိုစိုင်းအောင်တို့ဘက်ကလည်းပစ်တယ် လာဖမ်းတဲ့ဘက်ကလည်းပစ်တယ် ဖမ်းပြီးနောက်အခုထိတော့ပြန်မလွတ်လာသေးတာမကြားမိသေးဘူးလို့ HPDF – 124 ရဲ့နီးစပ်တဲ့ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ဦးက ပြော။ပါတယ်။

ကိုစိုင်းအောင်နဲ့အတူ HPDF- 124 တပ်ဖွဲ့ဝင်တွေလို့ယူဆရသူတွေကို ဟုမ္မလင်းမြို့နယ် ပ.က.ဖ၊ပ..ဖနဲ့ ခန္တီးခရိုင် တပ်ရင်း () တို့က  အင်အားအလုံးအရင်းနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့တာကြောင့်အရပ်သားတစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

.က.ဖ အဖွဲ့တွေကဖမ်းသွားတာ တဲ့ ဘယ်ကိုဖမ်းသွားပြီးဘယ်မှာထားသလဲတော့မသိဘူး သတင်းက အစအနပျောက်နေတယ်။ တကယ်ဆိုရင် ရှမ်းနီ PDF လုပ်မယ်ဆိုလည်းအစည်းအဝေး ထိုင်ပြီးမှပြောရမယ်‌လေ။ အခုကအဲ့လိုမရှိဘူး သူတို့ဟာသူတို့ တိတ်တိတ်ကလေးကြံတာသိသွားတော့ဝင်ဖမ်းတာတဲ့လေ”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ရှမ်းနီ PDF ဖွဲ့ဖို့ ဦးဆောင်မှုကြောင့်ဖမ်းခံရတဲ့ ကိုစိုင်းအောင်ဟာ ဟုမ္မလင်းမြို့နယ် မောင်ခမ်းကျေးရွာအုပ်စုထဲက အုန်းပင်ကုန်းကျေးရွာသား ဖြစ်ကြောင်းသိရပါတယ်။

ကိုစိုင်းအောင်နဲ့အဖွဲ့ ဖမ်းဆီးခံရမှုနဲ့အ‌ခြေနေအသေးစိတ်ကို သိရဖို့ ဟုမ္မလင်းမြို့နယ် ပ.က.ဖ အဖွဲ့ကို ဖုန်းနဲ့တိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်ခဲဖြတ်ကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

အလားတူ Homalin People’s Defence Force-HPDF အဖွဲ့ရဲ့ Facebook Messenger ကနေ စာပို့မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားချင်းမရှိခဲ့ပေ။

HPDF- 124 အဖွဲ့ဟာ လက်ရှိဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့နဲ့ကျေးရွာသိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့သလိုဟုမ္မလင်းနဲ့ဖောင်းပြင်နယ်အစပ်ထဲက ကျေးရွာသိမ်းတိုက်ပွဲတွေမှာလည်း မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ 

သို့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး ဟုမ္မလင်းကာကွယ်ရေးတပ်ဖွဲ့ကနေရှမ်းနီကာကွယ်ရေးတပ်ဖွဲ့အဖြစ်ပြောင်းလဲ ဖွဲ့ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရမှုအခြေနေအသေးစိတ်ကို KNG သတင်းဌာနက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်ပြီးမေးမြန်းနေဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button