တိုက်ပွဲသတင်း

နမ္မတူမြို့ကို စစ်တပ်က တစ်ပတ်အတွင်း ၃ ကြိမ်တိတိလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူများဘေးလွှတ်ရာတိမ်းရှောင်

ရှမ်းမြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူအများပိုင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေပြည်သူတွေပြောပါတယ်။

အောက်တိုဘာလ  ရက်နေ့ ဒီနေ့မနက်  နာရီဝန်းကျင်  နမ္မတူမြို့  ရပ်ကွက် ()ဘုန်းကြီးကျောင်းအဆောင်ကို စစ်ကောင်စီတပ်ထပ်မံဗုံးကြဲသွားတယ်လို့သိရပြီး ဒီကနေ့ဗုံးကြဲခံရမှုမှာ အရပ်သားထိခိုက်သေဆုံးမှုမရှိပေမယ့် ကျောင်းဆောင်တစ်ချို့ပျက်စီးသွားတယ်လို့ သိရပါတယ်။

 ဟိုရှေ့နေ့က ဗုံးကျခဲ့တဲ့နေရာ အထက်မှာဟုတ်တယ်။ ဘုန်းကြီးကျောင်းဆောင်တည့်တည့်ကျတယ်။ ဗုံးကြဲပြီးထိခိုက်ပျက်စီးသွားတဲ့ နေရာကို မဝင်ခိုင်ဘူး။ ပုံတွေလည်းမရိုက်ခိုင်းဘူး။ အခုဖုန်းလိုင်းတွေလည်း အကုန်ပိတ်ထားပေးတယ်။ နမ္မတူမြို့က တိတ်ဆိတ်သွားပြီ။ ဒေသခံတွေလည်း အကုန်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ လားရှိုးဆီ အများပိုင်းတိမ်းရှောင်တယ်။ လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ နမ္မတူမြို့ကို ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း ပြည်သူ  ဦး သေဆုံးပြီး နောက်ထပ်ပြည်သူ  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ  ရက်နေ့၊ အောက်တိုဘာလ ၇ ရက်နေ့ ဒီနေ့မနက်မှာ ထပ်မံဗုံးကြဲရာ တစ်ပတ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု  ကြိမ်တိတိရှိလာပြီဲဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံအားလုံးနီးပါးတိမ်းရှောင်ကြပြီဖြစ်ကာ နမ္မတူမြို့က စျေးတွေ၊ ကျောင်းတွေ၊ အားလုံးလည်း ပိတ်ထားပြီး တစ်မြို့လုံး တိတ်ဆိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဟိုရှေ့နေ့က ဗုံးကျခဲ့တဲ့နေရာ အထက်မှာဟုတ်တယ်။ ဘုန်းကြီးကျောင်းဆောင်တည့်တည့်ကျတယ်။ ဗုံးကြဲပြီးထိခိုက်ပျက်စီးသွားတဲ့ နေရာကို မဝင်ခိုင်ဘူး။ ပုံတွေလည်းမရိုက်ခိုင်းဘူး။ အခုဖုန်းလိုင်းတွေလည်း အကုန်

ပိတ်ထားပေးတယ်။ နမ္မတူမြို့က တိတ်ဆိတ်သွားပြီ။ ဒေသခံတွေလည်း အကုန်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ လားရှိုးဆီ အများပိုင်းတိမ်းရှောင်တယ်။ လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နမ္မတူမြို့ကို စစ်တပ်ကဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူအများအပြား လားရှိုးဘက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို တစ်ချို့ နောင်လဲန်ကျေးရွာစစ်ဘေးရှောင်မှာ သွားရောက်တိမ်းရှောင်တာအပြင် လယ်တော၊ ယာတောတွေနဲ့ နီးစပ်တဲ့ကျေးလက်တွေထဲ တိမ်းရှောင်သူတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ထိုးစစ်ဆင်လာနိုင်တဲ့အနေအထားမှာ ရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

စစ်တပ်က သူလုပ်မဲ့ရွေးကောက်ပွဲမတိုင်မီ TNLA လက်ထဲကနေ မြို့တွေကို ရသလောက်တိုက်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သက်သေဖြစ်တယ်။  TNLA ဘက်က အပစ်ခတ်မရပ်သရွေ့၊ မဆုတ်ခွာပေးသရွေ့တော့ စစ်တပ်က မရမက ဒီလတွေမှာ လေကြောင်းနဲ့ ဆက်တိုက်ဖိအားပေးလိမ့်မယ်။ ပြီးတော့ ရှမ်းမြောက် နိုင်ငံရေး၊ စစ်ရေးအခြေအနေကို ကြည့်လိုက်ရင် စစ်တပ်က ပထမဆုံး TNLA ကို အရင်ဖြစ်နိုင်သလောက် တိုက်ခိုက်မယ်၊ ပြီးရင် ကိုးကန့်ကိုလည်း တတ်နိုင်သလောက်ဖိအားဆက်ပေးမယ်။ ပြီးမှ KIO/KIA ဆီလှည့်လာလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေ စည်းလုံးမှပဲ ဒီစစ်တပ်ကို ပြန်တိုက်ခိုက်နိုင်တော့မှာဖြစ်တယ်လို့ ပြောချင်တယ်။” လို့ ရှမ်းမြောက် နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

 ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က တရုတ်ကြားဝင်မှုနဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ တရုတ်နိုင်ငံမှာ စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုမှာ နမ္မတူ၊ မန်တုံ၊ မိုးကုတ်၊ သီပေါ ဒီမြို့တွေကနေ ဆုတ်ခွာပေးဖို့ TNLA ကို စစ်တပ်က ညှိနှိုင်းခဲ့တယ်လို့ TNLA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့တောင်းဆိုမှုကို TNLA ဘက်က သဘောတူခြင်းမရှိပဲ နှစ်ဖက်တပ်အကြားတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုပြီးဆုံးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာလ  ရက်နေ့မှာတော့ စစ်ကောင်စီတပ်

က ကျောက်မဲမြို့ကို TNLA လက်ထဲကနေ လေကြောင်းအားစိုက်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျန်တဲ့ နမ္မတူ၊ မန်တုံ၊ မိုးကုတ်၊ သီပေါမြို့တွေကိုလည်း ဒီဇင်ဘာလကျင်းပမည့်ရွေးကောက်ပွဲမတိုင်ခင်ထိ  လအတွင်း စစ်ကောင်စီတပ်ဘက်ကလေကြောင်းဖိအားအပြင်းအထန်ပေးပြီးတိုက်ခိုက်လာနိုင်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။

နမ္မတူမြို့နှင့် မန်တုံမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပါဝင်ပြီး နမ္မတူမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(၃၂၄ကို တအာင်းတပ်မတော်(PSLF/TNLA) က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button