မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့ ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့ ဖားကန့်မြို့ မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုတွေ စုပေါင်းပြီးတော့ ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လူထုဆန့်ကျင်တာကြောင့် ရပ်နားထားရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက လာမယ့် ၂၀၂၆ ခုနှစ် မှာ ပြန်လည်အသက်သွင်းဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်းရဲ့ မြစ်ကြီးနားမြို့ခရီးစဥ်မှာ မန္တလေးငလျင်ထက် ဒဏ်ခံနိုင်တဲ့ ဆည်စီမံကိန်းကို တည်ဆောက်ဖို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့တဲ့ ဖားကန့်သပိတ်အင်အားစုရဲ့ တာဝန်ခံတစ်ဦးက “ကျနော်တို့ ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ထားပြီးဖြစ်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြမ်းဖက် စကမက အာဏာတည်မြဲ ရေးအတွက် လက်နက်တွေ ထောက်ပံ့ပေးတဲ့တရုတ်နိုင်ငံကို ထိုးအပ်နေတဲ့ကိစ္စပါ။ အဲ့တာကို လုံးဝလက်မခံနိုင်တဲ့အကြောင်း ဆန္ဒပြတာပါ။ အန္တရာယ်အလွန်များတဲ့မြစ်ဆုံစီမံကိန်းကို ပြည်သူတစ်ရပ်လုံးက ညီညီညွှတ်ညွှတ်နဲ့ကန့်ကွက်ကြဖို့ ဆန္ဒထုတ်ဖော် ရခြင်း ဖြစ်ပါတယ်။”

ဒီဇင်ဘာလ ၂၄ ရက်နေ့ ဖားကန့်မှော်လှည့် သပိတ်နှင့် ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းပြီး မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုမှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝှမ်းက သပိတ်မောက်ကြဖို့နဲ့ စစ်ကောင်စီကဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်း သားတွေ အမြန်ဆုံလွတ်မြောက်လာဖို့ဆောင်ရွက်ကြရန် နိုးဆော်ဆန္ဒပြခဲ့ကြတာပါ။

PSA

စစ်ကောင်စီကတော့ မြစ်ဆုံစီမံကိန်းပြန်စဖို့အတွက် ထုတ်ပြောပြီးတဲ့နောက်မှာဘဲ စစ်ကောင်စီကပြုလုပ်မယ့်စီမံကိန်းမှန်သမျှကို ကန့်ကွက်လာတဲ့ လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ အရေးယူမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဦးဆောင် အဖွဲ့ကိုဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး ဆုံးဖြတ်ချက်အပါအဝင် လုပ်ငန်းများဆောင် ရွက်ဖို့ညွှန်ကြားထားပါတယ်။

Show More

Related Articles

Back to top button