လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစလို့ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ၁၁ ဦးထဲမှာလည်းအသက်အန္တရာယ်စိုးရိမ်ရသူတွေရှိနေသေးတယ်လို့ဒေသခံတွေက ပြောပါတယ်။

“မနက် ၅ နာရီလောက်မှာ အမှိုက်ပုံကျေးရွာမှာ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်။ နေ့ခင်း ၁၀ခွဲလောက်မှာ ရွာကုန်းနားလေးက ကာလီချောင်မှာ လက်နက်ကြီးတစ်လုံးကျပြီး ပြည်သူ ၁၃ ဦးထိတယ်။ ၂ ဦးသေဆုံးတယ်။ ၁၃ နှစ် အရွယ် ကလေးနဲ့ အမျိုးသားတစ်ယောက်ပါ။ အခြေနေအသေးစိတ် စာရင်းအချက်အလက်တော့မရသေးဘူး။ တိုက်ပွဲကတော့ တောက်လျှောက်ပြင်းထန်နေတယ်”လို့အခြေနေသိရှိတဲ့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ နှစ်ဖက်တပ်တွေအကြား တကျော့ပြန်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်က အထက်တန်းကျောင်းကြီးပေါ် ဘယ်အဖွဲ့တွေကပစ်ခတ်လိုက်မှန်း မသိတဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းသားကလေးငယ်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသေးတယ်။

ဒါ့အပြင် လက်တလောပြင်းထန်လာတဲ့တိုက်ပွဲတွေအကြား ဖားကန့်ဒေသခံတွေအနေနဲ့စိုးရိမ်မှုတွေမြင့်တက်နေပြီး အပြင်ထွက် သွားလာသူမရှိတော့တဲ့အခြေနေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်မရှင်ဘက်ကစစ်ကြောင်းထိုးလှုပ်ရှားတာကနေတိုက်ပွဲတွေပြန်ဖြစ်လာတာဘဲ။ လောလောဆယ်တော့ တိုက်ပွဲက လက်နက်ကြီးသံတွေကိုညံနေတာပဲ။ တိုက်ပွဲအခြေနေကတော့ဆက်ပြီးတော့လည်းဖြစ်လာနိုင်ချေရှိတာပေါ့။ ပြည်သူတွေက လည်း သွားသွားလာလာအရင်လိုစည်းကားတာတော့သိပ်မရှိတော့ဘူးပေါ့”လို့နောက်ထပ်ဖားကန့်မြို့ခံအမျိုးသား တစ်ယောက်ကပြောပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကနေစလို့တိုက်ပွဲတွေငြိမ်သက်နေရာကနေ တစ်လကျောအကြာ ဇန်နဝါရီလနောက်ဆုံး အပတ်ကစလို့ နှစ်ဖက်တပ်တွေအကြား တကျော့ပြန်တိုက်ပွဲတွေပြန်လည်းပြင်းထန်လာတဲ့အခြေနေလည်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရတော့ ၂၀၂၆ ခုနှစ်ရဲ့ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလအတွင်းမှာဘဲ စစ်ကော်မရှင်ရဲ့လက်ချက်ကြောင်း နိုင်ငံတစ်ဝှမ်းမှာ အရပ်သား ၈၇ ဦးသေဆုံးခဲ့ရပြီး အတည်ပြုနေဆဲ ဖြစ်တဲ့ သေဆုံးသူ ၈၂ ဦးထိရှိတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button