သတင်း

ရှမ်းနဲ့ ကချင်ကြား လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ဖို့ KIO/KIA ဥက္ကဋ္ဌပြော

ရှမ်းနဲ့ ကချင်လူမျိုးတွေဟာ ဘိုးဘေးစဉ် ခေတ်အဆက်ဆက် အတူတကွယှဉ်တွဲနေထိုင်လာကြတာဖြစ်ပြီး စစ်အုပ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်တဲ့ (၆၅) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIOKIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။

အတူယှဉ်တွဲနေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေနဲ့ပတ်သက်ပြီးတော့လည်း အနည်းငယ်ပြောချင်ပါတယ်။ ရှမ်းနဲ့ ကချင်လူမျိုးတွေဟာ ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက် နေထိုင်လာကြတာဖြစ်ပါတယ်။ အခုချိန်မှာ စစ်အစိုးရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အတူနေထိုင်ခဲ့ကြတဲ့ လှပတဲ့သမိုင်းတွေကို ဖျက်ဆီလိုက်တာမလုပ်ပါနဲ့၊ ဖွံ့ဖြိုးတိုးတက်လာဖို့ ချစ်ခြင်းမေတ္တာနဲ့ ပြည်လည်တည်ဆောက်ကြပါစို့လို့ပြောပါတယ်။

မှားယွင်းတဲ့ သတင်းမီဒီယာအသံတွေနားထောင်ပြီး အယုံလွယ်တာတွေမဖြစ်အောင် သတိထားကြဖို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက KIO သတင်းဌာနဖြစ်တဲ့ A Len Yang TV သတင်းဌာနကနေ တဆင့်ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများစွာပေါ်ပေါက်လာခဲ့ပြီး KIO/KIA ဟာ NUG အစိုးရ၊ နွေဦးတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီး လက်တွေ့စစ်မြေပြင်မှာ စစ်ရေးအောင်မြင်မှုများစွာရရှိခဲ့တယ်လို့ KIO ပြောပါတယ်။

PSA

လက်ရှိမှာလည်း ကချင်ရဲ့ စစ်ရေး၊ နိုင်ငံရေးအောင်မြင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIO ဗဟိုကော်မတီအနေနဲ့ ဆက်ပြီး စနစ်တကျစီမံဆောင်ရွက်နေဆဲဖြစ်တယ်လို့ မိန့်ခွန်းမှာပါရှိပါတယ်။

စစ်ရေးအောင်မြင်မှုအတွက် ပါဝင်ခဲ့ကြတဲ့ စစ်သူရဲကောင်းများ၊ ဝန်ထမ်းများနဲ့ ပြည်သူလူထုတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ KIOKIO က အောင်မြင်မှုများစွားရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

တော်လှန်ရေးတိုက်ပွဲအတွင်း အသက်ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကြည့်ရှု့စောင်မသွားမည်ဖြစ်ကြောင်း၊ နောက်ထပ် အမျိုးသမီးတွေအနေနဲ့ မိမိအမျိုးသားများ တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်နေချိန် အခက်အခဲကြားထဲကနေ ရုန်းကန်ကြိုးစားကြပေးတဲ့အတွက်လည်း အတိအမှတ်ပြု ကျေးတင်းကြောင်းမိန့်ခွန်းမှာထည့်သွင်းပြောဆိုထားပါတယ်။

KIO ဥက္ကဋ္ဌ ရဲ့ ၆၅ နှစ်ပြည့် တော်လှန်ရေးမိန့်ခွန်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျားဖျန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေ အထူးသတိထားဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဒီကနေ့မှာ ငွေကြေးလိမ်လည်ပြီး လုပ်နေတဲ့ ကျားဖျန့်အလုပ်က အထူးသတိပြုရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျားဖျန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာတွေမလုပ်ဖို့၊ မိမိကျေးရွာဒေသတွေမှာ ကျားဖျန့်လုပ်ငန်းတွေမရှိရလေအောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားဖို့တိုက်တွန်းချင်ပါတယ်လို့ပြောပါတယ်။

နောက်ထပ် ကချင်ဒေသမှာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ မူးယစ်ဆေးဝါးကင်းစင်ရေး Pat Jasan လုပ်ငန်းတွေကိုလည်း နေရာဒေသအလိုက် လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုတွေအားလုံးပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပြောဆိုထားတာတွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button