သတင်း

မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ

မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့ရဲ့အဓိက အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနား– မန္တလေး ဗျူဟာလမ်းမကြီးကနေဝင်လို့ရသလို မြစ်ကြီးနား– ကံပိုက်တည်လမ်းကနေလည်း ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် မြစ်ကြီးနား– မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ရွှေဘိုမြို့အနီီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြားကတိုက်ပွဲကြောင့် ရွှေကိုးပင်ဂိတ်မှာကုန်ကားတွေပိတ်ခံထားရတာဟာ ခုဆိုရက်ပေါင်း ၂၀ ဝန်းကျင်ကြာမြင့်လာပြီဲဖြစ်ပါတယ်။

အလားတူ မြစ်ကြီးနား– ကံပိုက်တည်လမ်းပိုင်းကနေ ဝင်လာတဲ့ကုန်ကားတွေကိုလည်း စစ်ကောင်စီတပ်က ဗလမင်းထင်တံတားမရောက်မှီ မိုင်းနားကျေးရွာအဝင်မှာပိတ်ပင်ထားတဲ့အတွက် မြစ်ကြီးနားမြို့ထဲ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ ခုဆို နှစ်ပတ်ဝန်းကျင်ရှိလာနေပြီဲဖြစ်ပါတယ်။

မြစ်ကြီးနားမြို့တွင်းကုန်ဈေးနှုန်းအခြေနေနဲ့ပတ်သက်လို့ ဈေးသည်အမျိုးသမီးတစ်ဦးပြောတာကကုန်ဈေးနှုန်းတက်ချက်ကပြောမနေနဲ့။ ပစ္စည်းကတက်တိုင်းလည်းဝယ်လို့မရပြန်ဘူး။ ပစ္စည်းကပျက်သလောက်တော့ ပျက်ကုန်ပြီ မရှိဘူးပဲပြောတာ။ ကျမတို့ဖောက်သည်ဈေးနဲ့ ဝယ်တဲ့သူ တွေတောင်မှ ခွဲတမ်းနဲ့ဘဲရောင်းပေးတာ။ ရှိတဲ့သူတွေ ကလည်း ဈေးတွေတင်ရောင်းနေတာပေါ့။ ခါတိုင်းဆိုရင် အောက်ပိုင်းက လေယာဥ်နဲ့ဝင်သေးတယ်။ ဟိုတလောက တစ်ရက် နှစ်ရက် လေယာဥ်လမ်းကြောင်းကလည်းရပ်သွားသေးတာကို။လို့ပြောပါတယ်။

မြစ်ကြီးနားမြို့တွင်းပြတ်လပ်လာတဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ငါး၊ကော်ဖီ၊ Gas တွေပြတ်လပ်နေတဲ့အပြင် နောက်ထပ် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့အတူ  ဖြည့်စွက်စာ၊ နို့မှုန့် နဲ့ အခြေခံဆေးဝါးတချို့ဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။

“Gas ဆိုင်တွေဆိုအားလုံးပိတ်ထားကြပြီ ရောင်းစရာမရှိလို့တဲ့ ပြီးရင် ကော်ဖီမစ်တောင်တစ်ချို့ဆိုင်တွေပြတ်နေပြီ တကယ် စျေးကလည်းကြီးမှကြီးအေ နှစ်ဆနီးပါးကိုတက်နေတာ ရှိတဲ့ကုန်တွေကလည်းလို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

မြစ်ကြီးနား– မန္တလေးလမ်းမှာ ကုန်ကားတွေပိတ်မိနေတဲ့အဓိကအကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသား ညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF  ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေဟာ စုပေါင်း စစ်ဆင်ရေးပြုလုပ်နေ တာကြောင့်ဖြစ်ပါတယ်။

အမှတ်  စစ်‌ဒေသရဲ့ထုတ်ပြန်ချက်အရ ယခုလ ဖေဖော်ဝါရီလအစမှာဆိုရင် မန္တလေးမြစ်ကြီးနား လမ်းမပေါ်က စစ်ကော်မရှင်နဲ့ လက်အောက်ခံ ပျူစောထီးတပ်စခန်းတချို့ကိုသိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့အပတ်ဖေဖော်ဝါရီလအထိကို စခန်းတချို့ကိုသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရပါတယ်။

ဒါ့ကြောင့်ခရီးသွားကားလေးတွေကတော့ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်းနယ်ထဲက စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို ကွင်းသွားရပြီး မန္တလေးမြစ်ကြီးနား ခရီးစဥ်က  ရက်နီးပါးကြာမြှင့်နေတယ်လို့ ကားသမား တွေကပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော်
ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။

အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာ မရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။

အလားတူ မြစ်ကြီးနားကန်ပိုက်တည်လမ်းကြောင်းကနေ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ စစ်တပ်ကအကြောင်းပြချက်မရှိပဲ  ကုန်ကားအားလုံးကို မိုင်းနားကျေးရွာအဝင်နားမှာဖမ်းဆီးထားတားလည်းဖြစ်ပါတယ်။

ဒါကြောင့် မြစ်ကြီးနားမြို့တွင်းမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ခံနေရဆဲလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button