သတင်း

အာမခံကြေး သိန်း ၅၀၀ ကြောင့်လူမှုကူညီရေးအသင်းတွေ လိုင်စင်သက်တမ်းတိုးဖို့ ခက်ခဲနေ

နိုင်ငံတဝန်းရှိ လူမူကူညီရေး အသင်းအားလုံး လိုင်စင်သက်တမ်းတိုးဖို့ အာမခံကြေး မတည်ငွေ သိန်း ၅၀၀ ရှိရမည်ဆိုတဲ့အတွက် ကချင်ပြည်နယ်ထဲက လူမူကူညီရေးအသင်းတစ်ချို့ သက်တမ်းတိုးဖို့အခက်ကြုံနေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းဝင်သူတွေဆီကနေ သိရပါတယ်။

သက်တမ်းတိုးဖို့ ငါးရာမရှိဘူး မရှိတော့ ဒီတိုင်းဘဲ ထားထားလိုက်တယ် အဲတာဘဲလို့ မြစ်ကြီးနားမြို့ထဲက လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်လို့ လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်။

အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ပါက ထောင် ( နှစ်အထိချမှတ်နိုင်သလို ငွေဒဏ်အဖြစ် ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်ခြင်း ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်ခြင်း  ဆောင်ရွက်ခြင်း ၊အားပေးကူညီခြင်း ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။

အဆိုပါ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ထောင်ဒဏ် နှစ်နှစ်အထိလည်း ချမှတ်ရနိုင်တယ်လို့သိရပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေအရ  လူမှုကူညီမှုအသင်း လိုင်စင်သက်တမ်းတိုးမယ်ဆိုပါက ပြည်နယ်နဲ့တိုင်းအဆင့်ဆိုရင် ကျပ်သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့် ကျပ်သိန်း ,၀၀၀၊ နိုင်ငံတကာ အဆင့် INGOဆိုရင် ကျပ်သိန်း ,၀၀၀ ဘဏ်ထဲမှာ အမြဲထားရှိထားရမှာဖြစ်ပြီး ထုတ်ယူသုံးစွဲခွင့် မရှိဘူးလို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း လိုင်စင်သက်တမ်းလည်း မတိုးနိုင်တော့တဲ့ လူမှုကူညီရေး အသင်းတွေအတွက်ကတော့  မြစ်ကြီးနားမြို့နယ်ကလွဲပြီး တခြားမြို့နယ်ဘက် သွားလာလို့ ရတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဥပမာ ကျွန်တော်တို့အသင်းက မှတ်ပုံမတင်ထားဘူးဆိုရင် စစ်ကိုင်းသွားတာမျိုးတို့ မန္တလေးသွားတာမျိုးတို့ အဆင်မပြေဘူးကွာ အချိန်မရွေးဖမ်းလို့ရတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးအသင်းတွေဟာ စီးပွားရှာတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အပြင် အကျိုးအမြတ်မယူဘဲ အခက်အခဲ ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အခမဲ့သာ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဘဲ ဖြစ်ပါတယ်။

ဒါအပြင် ပြည်သူလူထုက လှူပေးတဲ့ အလှူငွေတွေနဲ့ဘဲ အသက်ဆက်နေကြတာ ဖြစ်တဲ့အတွက် ခုလို သိန်းရာနဲ့ချီပေးဆောင်ဖို့အတွက် အရမ်းကို ခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သတ်ပြီး ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက တမင်သက်သက်အကြပ်ရိုက်အောင်လုပ်နေတာ အမှန်ဆိုရင် ပရဟိ၊ဒီလူမူကယ်ဆယ်ရေးအသင်းတွေက စီးပွားရေးအသင်းအဖွဲ့တွေမဟုတ်ဘူးလေ။ ဒါကိုသူတို့နားမလည်တာမဟုတ်ဘူး သိပြီးသားပဲ။ဒါပေမယ့် ခုလိုဘာလို့ကန့်သတ်မှုတွေပိုများလာသလဲဆိုရင်အဓိကတော့ ရှင်းရှင်းလေးပဲ တော်လှန်ရေးဘက်ကို ကူညီတာတွေလုပ်မှာစိုးလို့ဟုတ်တယ် လို့ပြောပါတယ်

အာဏသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဥပဒေအသစ်တစ်ခု လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါတယ်။

စစ်ကောင်စီပြဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ “၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ယခင်ဥပဒေကို ဖျက်သိမ်းကာ ဥပဒေသစ်အဖြစ်အစားထိုးလိုက်ခြင်းပါတယ်။

၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာ  “အသင်းအဖွဲ့အနေဖြင့် မိမိတို့ သဘောဆန္ဒအလျှောက် မှတ်ပုံတင်လိုပါက တင်နိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိသော်လည်း နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်တယ်ဆိုပြီး အတိအလင်းဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီအဲဒီဥပဒေကိုဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံ‌ရေးဆိုင်ရာလှုပ်ရှားမှုများတွက် သီးခြားတည်ဆဲဥပဒေအနေဖြင့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လူမှုရေးအသင်းအဖွဲ့အနေဖြင့်လည်း နိုင်ငံရေး၊ ဘာသာရေးများနှင့် ဆက်စပ်ပတ်သက်မှု မရှိ‌စေရန် ပြဋ္ဌာန်းထားလိုက်ခြင်းဖြစ်ပါတယ။်

ဒီဥပဒေသမှာ လူ ()ဦး၊ ()ဦးထက်ကျော်လွန်ပြီး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းမည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ထားကာ မှတ်ပုံတင်ခြင်းမရှိပါက ဒဏ်ငွေ ကျပ် (၁၀)သိန်းဖြစ်စေ၊ ထောင်ဒဏ်()နှစ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် မှတ်ပုံတင်သက်တမ်းကျော်လွန်ပါက ငွေဒဏ် ကျပ်()သိန်းဖြစ်စေ၊ ထောင်ဒဏ် ()နှစ်ဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ပါရှိသလို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းနှင့် လက်နက်ကိုင်ဆန့်ကျင်နေသောအသင်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း မပြုလုပ်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည်တို့ကို ထိခိုက်စေနိုင်သော လှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်လှုပ်ရှားခြင်းတို့ကို ထောင်ဒဏ် ()နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း(၅၀)ဖြစ်စေ သို့မဟုတ် ဒဏ်()ရပ်လုံးအပြင် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းယူအရေးယူနိုင်တယ်လို့ဆိုထားပါတယ်။

စစ်ကေင်စီဟာ၂၀၁၄ခုနှစ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ကိုအစားထိုးလိုက်တာဖြစ်ပေမယ့် ချုပ်ချယ်ကန့်သတ်မှု ပိုမိုထည့်သွင်းလာပြီး ထောင်ဒဏ်၊ ငွေဒဏ်များကို ချမှတ်နိုင်တဲ့အတွက် အသင်းအဖွဲ့များအနေဖြင့် လွတ်လပ်စွာရပ်တည်ရေး၊ လှုပ်ရှားဆောင်ရွက်မှုတွေမှာ အကန့်အသတ်ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button