သတင်း

ထန်ဂါး-ဒိန်ချက်လမ်းပိုင်းမှာ မြေမြှပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦး ခြေတစ်ဖက်ဖြတ်လိုက်ရ

ကချင်ပြည်နယ် ၊မချမ်းဘော့မြို့အရှေ့ဘက် ထန်ဂါးဒိန်ချက်လမ်းပိုင်းမှာလက်နက်ကိုင်တပ်တွေ မြေမြှပ်မိုင်းထောင်ထားတဲ့အတွက် အရပ်သားတစ်ဦးမိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ မရွတ်ဂါးကျေးရွာနေအမျိုးသားတစ်ဦး တောထဲဟင်းရှာဖို့သွားချိန် ထန်ဂါးဒိန်ချက်လမ်းပိုင်းမှာ မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

ဒီဘက် ကတ္တရာလမ်းဘက်ဝင်တဲ့ လမ်းတလျှောက်ထောင်ထားတာ ထန်ဂါးဒိန်လမ်းမကြီးရဲ့အပေါ်ဘက် လမ်းအောက်ဘက်တွေတောက်လျှောက်ပဲထောင်ထားတယ် တောမှာလည်း ရွာဘက်ဝင်နိုင်တဲ့နေရာတွေအကုန်ထောင်ထားတယ် ဟိုနေ့က (မတ်လ ၈) တုန်းက ရွာသားတစ်ယောက်မိုင်းနင်းမိပြီးမှခြေဖြတ်လိုက်ရတယ်ဗျလို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အမဲလိုက်ဖို့ တောထဲထွက်တဲ့ အမျိုးသားနှစ်ဦးမိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်က အဲ့ဒီမြေမြှပ်မိုင်းတွေကို KIAနဲ့ပူးပေါင်းတပ်က ထောင်ထားတာဖြစ်ကြောင်း ဒေသခံတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIAနဲ့ခါကာဘိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေထောင်ထားတာဟုတ်မဟုတ် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုအတည်ပြုမေးမြန်းခဲ့ရာအခုလိုတုံ့ပြန်ထားပါတယ်။

ကျနော်တို့ဆီကတော့အဲ့ဒီလိုရပ်ရွာဘေးမှာတွေမထောင်ဘူးဗျ သူတ်ို့အဲ့မှာတော်တော်များများထောင်ထားတယ် စကစတွေပြည်သူ့စစ်တွေပေါ့လေဒီဘက်ကတ္တရာလမ်း(နောင်မွန် မချမ်းဘော့လမ်းမကြီး)ကိုမဝင်နိုင်အောင်ပေါ့လေ ထန်ဂါး ဒိန်ချက်ဆိုင်ကယ်လမ်းသစ်ဘေးတွေပြီးတော် တောင်ယာတို့ ရွာထဲဝင်နိုင်တဲ့နေရာတွေတို့ထောင်ထားတယ် နင်းမိတဲ့သူတွေလည်းနင်းမိကြတယ်တဲ့လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ခုလိုမြေမြုပ်မိုင်းအန္တရယ်ကြောင့် မရွတ်ဂါး၊ထန်ဂါး၊မဂျန်ဂါးစတဲ့ကျေးရွာနေပြည်သူတွေဟာ လုပ်ငန်းခွင်ထဲသွားလာဖို့အခက်အခဲဖြစ်နေကြောင်းဒေသခံတွေကဆိုပါတယ်။

ဒီဘက်ဒေသကလူတွေက တောတောင်ရေမြေကိုပဲအားထားပြီးအသက်ရှင်ကြတာ ဟင်းရှာမလားတောထဲသွားရတယ် ထင်းခုတ်မလားတောထဲမှာပဲနောက်ပြီးအခုတလောကအလယ်ဂျီခင်းတွေ ပြန်ခုတ်ရမယ့်ရာသီဒါပေမယ့်မိုင်းထောင်ထားတယ်ဆိုတော့မသွားရဲမလာရဲဘူးလို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးက ဆက်ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ထန်ဂါးကျေးရွာကနေ ဒိန်ချက်ဘက်သွားတဲ့လမ်းပိုင်းမရွတ်ဂါးရွာအထိလမ်းဘေးဝဲယာတလျှောက်နဲ့ မချမ်းဘော့မြို့ထဲဝင်ရောက်နိုင်တဲ့နေရာတွေအပြင် မချမ်းဘော့နောင်မွန်ကားလမ်းမကြီးပေါ်ကိုဝင်ရောက်နိုင်တဲ့နေရာတစ်လျှောက် မြေမြှပ်မိုင်းတွေတောက်လျှောက်ထောင်ထားကြောင်းဒေသခံများ ပြောပါတယ်။

ထန်ဂါးဒိန်ချက်ဆိုင်ကယ်လမ်းတလျှောက်ထောင်ထားတယ် နောက်ပြီး နောင်မွန် မချမ်းဘော့လမ်းပေါ်တက်တဲ့နေရာတွေထောင်ထားတယ်တဲ့ KIAတွေလမ်းပေါ်မြို့ပေါတက်လာမှာကြောက်လို့ထောင်ထားတာ စကစဘက်ကလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ပူတာအို၊မချမ်းဘော့၊ထန်ဂါး၊မရွတ်ဂါးကျေးရွာနေပြည်သူတွေနေနဲ့လည်း ထန်ဂါးကျေးရွာအရှေ့ခြမ်းက တောတောင်တွေထဲကိုမသွားလာကြဖို့နဲ့ လမ်းပိုင်းသွားရေးလာရေးဂရုစိုက်ကြဖို့ ကိုလည်း ခါကာဘိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သတ်ိ‌‌ပေးထားပါတယ်။

မချမ်းဘော့မြို့နယ် အရှေ့ဘက် ထန်ဂါးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ KIAပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ကနေ စစ်ကောင်စီတပ်တွေက အခုလိုမိုင်းထောင်တာတွေဆောင်ရွက်နေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button