သတင်း

တနိုင်းမှာ ကုန်စိမ်းသည်တစ်ဦး ဓားထိုးခံရပြီးသေဆုံး

ကချင်ပြည််နယ် တနိုင်းမြို့မှာ ကုန်စိမ်းရောင်းတဲ့အမျိုးသမီးတစ်ဦး ဓားထိုးလုယက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်ထဲကမိုးမလင်းစျေးမှာ မတ်လ ၁၃ ရက်  မနက် ၂ နာရီခန့် ကုန်စိမ်းသည်အမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးကနေ ပစ္စည်းလုယက်ပြီး ဓါးနဲ့ထိုးသွားတာဖြစ်တယ်လို့ တနိုင်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ကုန်စိမ်းသည်ဟုတ်တယ် သူ့ဆီကပါတဲ့ပစ္စည်းနဲ့ပိုက်ဆံလုတာတဲ့ လုတော့သူကအော်လိုက်တာ အော်တော့လုတဲ့ကောင်က ဓားနဲ့ ထိုးသွားတာ ပတ်ဝန်ကျင်လူတွေထွက်ကြည့်တော့ ထိုးတဲ့သူထွက်ပြေးသွားတယ်။ အသက်တော့ချက်ချင်းမထွက်ဘူး ခနလောက်ကြာတော့ အသက်မရှိတော့ဘူးလို့မုန်ဒိန်ရပ်ကွက်နေအထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။

သေဆုံးသွားတဲ့ ကုန်စိမ်းသည်အမျိုးသမီးဟာ အသက် ၄၀ ခန့်အရွယ်ရှိပြီး ပြစ်မှူကျူးလွန်သူကိုတော့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။

ဓားထိုးတဲ့ကောင်မမိဘူး ခုထိတော့ ဘယ်သူမှန်းလဲမသိလိုက်ဘူး မနက် ၂ နာရီဆိုတော့အရမ်းမှောင်တယ်လေး ထွက်ပြေးသွားတော့ ဘယ်သူဘယ်ဝါမှန်းမသိလိုက်ဘူးလို့ တခြားတနိုင်းမြို့ခံအမျိူးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ အမျိုးသမီးလက်ထဲကငွေသားအနည်းငယ်ပါသွားကြောင်းသိရပြီး ပြစ်မှုကျူးလွန်သူကတော့ လက်ရှိအချိန်အထိလွတ်မြောက်နေဆဲလို့သိရပါတယ်။

တနိုင်းမြို့ထဲမှာ အခုလိုမျိုး ဓားထိုးလုယက်ခံရမှုဟာယခုနှစ်အတွင်း ပထမဆုံးအကြိမ်လို့သိရပြီး ယခင်က ဒီလိုဖြစ်စဥ်မျိုးမရှိခဲ့ဘူးလို့သိရပါတယ်။

ကချင်ပြည််နယ်ထဲက မြစ်ကြီးနားမြို့နယ်နဲ့ဖားကန့်မြို့နယ်တွေဟာ စစ်အာဏာသိမ်းနောက်ပိုင်း ဓားထိုးလုယက်မှု၊ဓားပြတိုက်မှူ အဖြစ်များဆုံးမြို့နယ်တွေဖြစ်ပြီး ယခင်စစ်အာဏာမသိမ်းမှီတုန်းက ဓားပြတိုက်မှု၊ဓားထိုးလုယက်မှုမရှိခဲ့တဲ့ ပူတာအိုနဲ့တနိုင်းလိုမြို့ငယ်လေးတွမှာလည်းစစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ဓားပြမှု၊ဓားထိုးမှုတွေ တစ်နှစ်ထက်တစ်နှစ်တိုးလာနေကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button