မြစ်ကြီးနားမှာ ၄ လတွင်း ပိုင်ရှင်မဲ့အလောင်း ၆ လောင်းအထိတွေ့ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လစဉ်၊ လတိုင်း ပိုင်ရှင်မဲ့အလောင်းတွေ့လာပြီး   လတွင်း ပိုင်ရှင်မဲ့အလောင်း  ခုထိရှိလာပြီဖြစ်ပါတယ်။

အဲဒီ ပိုင်ရှင်မဲ့အလောင်းတွေထဲက ဧပြီလ  ရက်နေ့မှာ မြစ်ကြီးနားမြို့  အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို ပလုံကောက်တဲ့အမျိုးသားတစ်ဦး တွေ့ရှိခဲ့တာလို့ သိရပါတယ်။

အမှိုက်ကောက်တဲ့သူအရင်တွေ့ပြီး ရာအိမ်မှူးကိုအကြောင်းကြားတာ။ အဲဒီကနေ လူမူကယ်ဆယ်ရေးအသင်းက အလောင်းလာကောက်သွားတာဟုတ်တယ်လို့ အေးမြသာယာရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။

သတ်ဖြတ်ခံထားရသူဟာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာ  ခုရှိတယ်လို့ သိရပြီး ဘယ်လက်မှာ Royal Rose ဆိုတဲ့တက်တူးလည်းထိုးထားတယ်လို့သိရပါတယ်။

အလားတူ မတ်လ  ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။

ဒါတင်မက မတ်လ ၂၂ နေ့ ရမ်ပူရပ်ကွက်၊ နယ်မြေ၂၁ ခြံအလွတ်တစ်ခုမှာ  အမျိုးသားတစ်ဦးသေဆုံးနေတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ  ရက် ရှမ်းရွာ၊ အမှိုက်ပုံနားမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ အေးမြသာယာ ရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာ အသက်အရွယ်နဲ့ အမည်မသိရှိရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။

နောက်ထပ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရမ်ပူရပ်ကွက် တရုတ်ကျောင်းအနီးမှအမျိုးသားတစ်ဦး မူးယစ်ဆေးရှော့ဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးထားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါကြောင့် မြစ်ကြီးနားမှာ  လတွင်း ပိုင်ရှင်မဲ့အလောင်း  ဦးထိရှိလာပြီး အဲဒီထဲက  ဦးဟာ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေဖြစ်ပြီး ကျန်တဲ့ ရုပ်အလောင်း  ခုက မူးယစ်ဆေးကြောင့်သေဆုံးတာတွေဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ခုလို ပိုင်ရှင်မဲ့အလောင်းခပ်စိပ်စိပ်တွေ့လာရတာဟာ တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့် လူငယ်တွေအနေနဲ့လည်း လက်ရဲ ဇက်ရဲဖြစ်လာတယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။

PSA

တရားဥပဒေစိုးမိုးမှုမရှိတော့ အခုဆို မနက်စောစောလမ်းလျှောက်ထွက်ရင် လူကျဲသွားပြီ ခါတိုင်း ၄ခွဲ ၅နာရီဆိုရင်  အရွယ်စုံတယ် စက်ဘီးစီးတဲ့လူတွေ၊ လမ်းလျှောက်တဲ့လူတွေနဲ့ အခုက အဲတာတွေ သိပ်မတွေ့ရဘူး ထူးခြားသွားတာဟုတ်တယ်လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။

ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာက‌နေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။

မြစ်ကြီးနားမြို့ကို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရက အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး မြို့တွင်းလောင်းကစားဝိုင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုများလာတာကြောင့် မလိုလားအပ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ကြုံနေရတာလည်းဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button