ဖားကန့်တိုက်ပွဲမှာ နာဂ NPDF တပ်သား နှစ်ဦးကျဆုံး

ဖားကန့် မြေပြင်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့ မဟာမိတ်တိုက်ပွဲဆင်နွှဲနေတဲ့ နာဂ NPDF တပ်သားနှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တပ်သားနှစ်ဦးရဲ့ ဈာပနအခမ်းအနားကို မိသားစုတွေနဲ့အတူ ပြုလုပ်ပေးခဲ့တယ်လို့ နာဂ NPDF တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

နှစ်ယောက်စလုံးက ဖားကန့်တိုက်ပွဲမှာပဲ ကျသွားတာ။ ဧပြီ ၄ ရက်နေ့မှာ တစ်ယောက်ကျတယ်။ နောက်ပြီး ဧပြီ ၁၄ ရက်နေ့မှာ တစ်ယောက်ထပ်ကျတယ်လို့ပြောပါတယ်။

နာဂတပ်သားနှစ်ဦးဟာ အသက် ၂၂ နှစ်အရွယ် ရဲလင်းအောင်ဆိုသူ ဆေးတပ်သားတစ်ဦးနဲ့ အသက် ၅၂ နှစ်အရွယ်ရှိ တပ်သား ဝင်းအောင်ဆိုသူဖြစ်ကြတယ်လို့ NDPF တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်

ဆေးတပ်သားဖြစ်တဲ့ ရဲလင်းအောင်ဆိုသူတပ်သားက ဧပြီလ ၄ ရက်နေ့ မော်ဝမ်းတစ်လျှောက်ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့သိရပါတယ်။

PSA

ကျန်တစ်ဦးဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် တပ်သား ဝင်းအောင်ဆိုသူက ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်းတိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ပြောပါတယ်။

တပ်သားဝင်းအောင်ဟာ မရှီကထောင်တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာနဲ့ စစ်တပ်က ဖမ်းဆီးရမိပြီး ပစ်သတ်လိုက်တာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆက်ဆိုပါတယ်။

တပ်သားဝင်းအောင်က ဆုတောင်းကုန်းတိုက်ပွဲမှာ ဒဏ်ရာရသွားပြီးတော့ စစ်တပ်က ဖမ်းဆီးပြီး ပြန်သတ်လိုက်တာ။ ပြီးရင် သူရဲ့ရုပ်အလောင်းကို တခြားရခိုင်တိုင်းရင်းသား ၃ ဦးရဲ့ ရုပ်အလောင်းနဲ့အတူ မရှီကထောင် ရွှေမြန်မာဆီဆိုင်လမ်းဆုံမှာအလောင်းလာပစ်သွားတယ်လို့ပြောပါတယ်။

နာဂ NPDF တပ်ဖွဲ့တွေဟာ NUG အမှတ်()စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ ဟုမ္မလင်းဒေသမှာ အဓိက စစ်ရေးလှုပ်ရှားဖော်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့လည်း မဟာမိတ်ဖွဲ့ပြီး လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတာဖြစ်တယ်လို့ ဆက်သိရပါတယ်။

ဖားကန့်မှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က မော်ဝမ်းကျေးရွာအနီးက စစ်တပ်စခန်း ၃ နေရာကို သိမ်းပိုက်လိုက်ပြီး စစ်တပ်ဟာ စစ်အင်အားဖြည့်တင်းပြီး ဧပြီလ ၇ ရက်နေ့နောက်ပိုင်း တန်ပြန်ထိုးစစ်ဖော်ဆောင်ခဲ့ပါတယ်။

စစ်တပ်က ပြည်သူ့စစ်အင်အားအသုံးပြုပြီး ဧပြီလ ၂ ရက်နေ့ KIA က သိမ်းပိုက်ထားတဲ့ မော်ဝမ်းကျေးရွာက ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ သင်္ချိုင်းကုန်းနေရာတွေကို ပြန်ပြီး သိမ်းယူလိုက်သလို ၃ လခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မရှီကထောင် KBC ဆုတောင်းကုန်းနေရာကို တပြိုင်နက်သိမ်းပိုက်ခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button