မြေပြင်ထိုးစစ်အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြေပြင်ထိုးစစ်အတွင်း အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ KIA ပူးပေါင်းတပ်ဘက်က သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူဗန်းမော်လမ်းပိုင်းနဲ့ ရွှေကူငအိုးလမ်းပိုင်းတွေကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် အထိနာခဲ့တာကြောင့် ဇူလိုင်  ရက်နောက်ပိုင်းကစပြီး စစ်ကြောင်းအများစုဟာ ရွှေကူမြို့တွင်းကို ပြန်လည်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

မြေပြင်စစ်ကြောင်းအများစု ရွှေကူမြို့တွင်း ပြန်လည်ရောက်ရှိလာချိန်ကစပြီး စစ်ကောင်စီတပ်ကကျေးရွာတွေနဲ့ KIA ပူးပေါင်းတပ်တွေ ရှိနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

လေကြောင်းကတော့ တစ်နေ့ကို ဘယ်နှကြိမ်လာကျဲမှန်းတောင် မသိတော့ဘူး။ အရပ်သားတွေ တောထဲရောက်နေလို့ပဲ မဟုတ်ရင် အကုန်သေကုန်မှာ။ ရှေ့နေ့က ခတ်ခုံ၊ မန်နားဘက် တောက်လျှောက်ကျဲတယ်။ မနေ့ကတော့ ပလောင်တောင်၊ နားပေါင်းဘက်တွေကို ဆက်တိုက်ကျဲတယ်။ မြေပြင်မှာတော့ အဲဒီလောက်မဟုတ်ဘူး၊ လေကြောင်းကနေ အတော်ဖိနေတယ်”လို့  ပြောပါတယ်။

ဒေသခံတွေပြောတာက ယခုတစ်ပတ်အတွင်းမှာပဲ ရွှေကူမြို့နယ်အတွင်းရှိ မန်နား၊ ခတ်ခုံ၊ ပလောင်တောင်၊ နားပေါင်း၊ တော်လှန် စတဲ့ ကျေးရွာတွေဘက်ကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတစ်ပတ်လုံး ဗုံးကျဲနေတယ်။ မန်နားဘက်ကျဲလိုက်၊ တော်လှန်ဘက်ကျဲလိုက်၊ ပလောင်တောင်၊ ကိုင်းရွာဘက်ကျဲလိုက်နဲ့ ပတ်ကျဲနေတာ။ တချို့ရွာတွေကတော့ အသေးစိတ်မသိရသေးဘူး။ တော်လှန်၊ ခတ်ခုံ၊ နားပေါင်းဘက်တွေမှာတော့ လူနေအိမ်တွေ ပျက်စီးသွားတယ်။ လူတွေက တောထဲမှာ စစ်ရှောင်နေတာဆိုတော့ လူထိခိုက်မှုတော့ မရှိသေးဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိသေးပေမယ့် လူနေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွားတွေ ဗုံးစထိမှန် သေဆုံးတာ၊ နေအိမ်အများအပြား ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ရွှေကူမြို့နယ်မှာ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းလေးကြောင်းခွဲပြီး အထက်လေးလမ်းဆုံဘက်၊ ကိုင်းရွာတော်လှန်ဘက်၊ ငအိုးရွှေကူလမ်းပိုင်းဘက်နဲ့ ရွှေဘုန်းမြင့်ဘက်တွေကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းလေးကြောင်းထဲက သုံးကြောင်းဟာ အကျအဆုံးများပြီး အထိနာခဲ့တာကြောင့် ဇူလိုင်  ရက်နောက်ပိုင်းကစပြီး ရွှေကူမြို့တွင်းကို ပြန်လည်ဆုတ်ခွာခဲ့ရပြီး၊ အဲဒီနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကတော့ လောလောဆယ် ခတ်ခုံဘက်မှာ ဖြစ်နေတယ်။ မန်နားလေးနဲ့ ခတ်ခုံဘက်ရောက်နေတဲ့ စစ်ကြောင်းတစ်ကြောင်းတော့ ကျန်သေးတယ်။ ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းတွေကလည်း အခု ပြန်ထိုးစစ်လာဖို့ ပြင်နေတယ်။ ဘယ်လမ်းပိုင်းကနေ ထွက်လာမလဲတော့ မသိသေးဘူး။ လေကြောင်းကနေ အတော်ဖိနေတော့ မနည်းထိန်းထားရတယ်”လို့ အထက်ပါ .က. တာဝန်ရှိသူက ဆက်ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့ကလည်း ကိုင်းရွာအနောက်ဘက်ရှိ ရွှေမျောလုပ်ငန်းတွေရှိတဲ့ နေရာကို ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးအလုံး ၃၀ ခန့် ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သားတွေနဲ့ စားဖိုမှူးတွေ အပါအဝင် လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဇွန်လ  ရက်နေ့ကလည်း စီသာကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လှန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လအစပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button