မိုင်ဂျာယန်လမ်းပိုင်းပျက်စီးနေမှုကြောင့် ဒေသခံနဲ့ ကုန်သည်တွေသွားလာရေးခက်ခဲနေ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မန်ဝိန်းကြီးမိုင်ဂျာယန်လမ်းပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွံ့ဗွက်ထူပြီး လမ်းပျက်စီးနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စိမ်းရောင်းဝယ်သူတွေ သွားလာရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါလမ်းပိုင်းဟာ ဆီပေပါသယ်ယူတဲ့ ကားကြီးတွေ၊ ကုန်တင်ကားကြီးတွေနဲ့ ကုမ္ပဏီပိုင်ယာဉ်ကြီးတွေ ပုံမှန်ဖြတ်သန်းသွားလာတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့အပြင် ခုလိုမိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှု ပိုဆိုးလာတာဖြစ်တယ်လို့ ခရီးသွားတွေပြောပါတယ်။

အခု သွားလာရ အခက်အခဲဆုံးဖြစ်နေတာက မန်ဝိန်းနဲ့ ဘွမ်စစ်ပါ စစ်ဘေးရှောင်စခန်းကြားက လမ်းပိုင်းပါ။ လမ်းအခြေအနေက တော်တော်ဆိုးတယ်။ အခုဆို ကယ်ရီဆွဲသူတွေနဲ့ ကုန်စိမ်းသည်တွေပါ လမ်းမကောင်းတာကြောင့် သွားလာရေးအတွက် ဒုက္ခရောက်နေကြတယ်။ လို့ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ အဆိုပါလမ်းပိုင်းဟာ မိုးရာသီရောက်တိုင်း သွားလာရေးအခက်အခဲ ကြုံတွေ့ရလေ့ရှိပေမယ့် ဒီနှစ်မှာတော့ လမ်းပျက်စီးမှု ပိုမိုဆိုးရွားလာတာကြောင့် အရင်နှစ်တွေထက် သွားလာဖို့ ပိုမိုခက်ခဲနေတယ်လို့ ဆိုပါတယ်။

လတ်တလော မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းပိုင်းပျက်စီးမှု ပိုမိုဆိုးရွားလာပြီး ယာဉ်ကြီး၊ ယာဉ်ငယ်တွေ သွားလာဖို့ အလွန်ခက်ခဲလာနေတယ်လို့ ခရီးသွားပြည်သူတွ ပြောပါတယ်။

ဒါကြောင့် ဗွက်ထဲနစ်နေတဲ့ ကားအသေးတစ်စီးကို ဆွဲတင်ခ ကျပ်  သောင်း ပေးရပြီး ကားအကြီးတွေကိုတော့ ယွမ် ၅၀၀ ကနေ ၆၀၀ ၊ မြန်မာငွေနဲ့ဆိုရင် ၃ သိန်းခန့် ပေးရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လမ်းအခြေအနေက တော်တော်ဆိုးတယ်။ ဒီလိုလမ်းပြုပြင်တာက သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ရမယ့်ကိစ္စပဲ။ ဒါပေမယ့် လုပ်မလား၊ မလုပ်မလားတော့ မသိဘူး။ အခုတော့ မန်ဝိန်းဘက်က လူတွေက ရွံ့ဗွက်ထဲနစ်နေတဲ့ ကားတွေကို ဆွဲတင်ပေးတဲ့အလုပ် လာလုပ်ပြီး စီးပွားရေးတစ်ခုလို ဖြစ်နေတယ်။ တကယ်ဆို ဒီလမ်းကို ပြုပြင်လိုက်ရင် အားလုံးအဆင်ပြေသွားမယ့်ကိစ္စပဲ။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေကြတာပေါ့။ လို့ နောက်ထပ်ခရီးသွားတစ်ဦးက ဆက်ပြောပါတယ်။

မန်ဝိန်းကြီးမိုင်ဂျာယန်လမ်းပိုင်းဟာ ဒေသခံပြည်သူတွေ၊ ကုန်သည်တွေနဲ့ စျေးသည်တွေက မန်ဝိန်းဘက်ကနေ ကုန်ပစ္စည်းတွေ သယ်ယူရောင်းဝယ်ရာမှာ အဓိကအသုံးပြုတဲ့ လမ်းကြောင်းဖြစ်တာကြောင့် လက်ရှိလမ်းပျက်စီးမှုက သွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးကို များစွာထိခိုက်နေတယ်လို့ သိရပါတယ်။

ပုံမှန်အခြေအနေမှာ မန်ဝိန်းကြီးကနေ မိုင်ဂျာယန်ကို  နာရီကနေ  နာရီခန့်သာ မောင်းနှင်ရပေမယ့် လက်ရှိလမ်းအခြေအနေကြောင့် ခရီးစဉ်တစ်ခုလုံး တစ်ရက်နီးပါး ကြာမြင့်နေတယ်လို့ ခရီးသွားသူတွေက ပြောပါတယ်။

တစ်ဖက်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမိုင်ဂျာယန်လမ်းပိုင်းမှာ လမ်းပြုပြင်တိုးချဲ့ရေးလုပ်ငန်းတွေကို မနှစ်ကတည်းက ဆောင်ရွက်နေပြီး အချို့လမ်းပိုင်းတွေမှာ ပြီးစီးလုနီးပါး အခြေအနေရှိနေတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button