စစ်ပြေးဒုက္ခသည်များသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ

ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက်  သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက် နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းပြီးနောက်  နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ရှစ်သောင်း လေးထောင် လေးရာ(၈၄၄၀၀)ထိတိုးလာတာကို တွေ့ရပါတယ်။

ကချင်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီအထိ ရွာလုံးကျွတ်စစ်ရှောင်ရတာမရှိခဲ့ပေမယ့် ဧပြီလ ၂၈ ရက်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၂ ရွာပြည်သူ တစ်သောင်းကျော် ပထမဆုံးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အဲဒိီနောက် ၂၀၂၄ ခုနှစ် မတ်လ  ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးအတွင်းတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ ထက်မနည်းတိမ်းရှောင်ခဲ့ကြသလို၊ မိုးမောက်၊ မံစီ၊ ဖားကန့်မြို့နယ်၊ပူတာအို နေရာဒေသအသီးသီးက ပြည်သူသောင်းနဲ့ချီထပ်ပြီး တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း  နှစ်ကျော်ကာလကြာလာချိန်မှာ ကချင်ပြည်နယ်နေရာအနှံ့ စစ်ဘေးရှောင်သူတွေများနေတာလည်းဖြစ်ပါတယ်။ 

လက်ရှိ ဒီစစ်ရှောင်တွေထဲက နေရပ်ပြန်သူတစ်ချို့ရှိနေပမယ့် အများစုကတော့ နေရပ်ပြန်လို့မရသေးဘဲ မြစ်ကြီးနား၊လိုင်ဇာ၊မိုင်ဂျာယန်၊ ဂွေထုဘက်ကို အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလော ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မှာ မန္တလေးမြစ်ကြီးနားလမ်းလည်း ထပ်ပြီးသွားလာခွင့်ပါပိတ်ခံထားရတဲ့တွက် စစ်ဘေးရှောင်တွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။

စစ်ရှောင်စခန်းတိုင်းမှာ  သူတို့အတွက် နေစရာတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေတယ် ပြီးတော့ ကျောင်းသားတွေအတွက် စာသင်မဲ့နေရာတွေ ဆရာတွေမလုံလောက်တာကိုတွေ့ရတယ် မိဘတွေကိုယ်တိုင်ကလည်း ထောက်ပံ့ပေးနိုင်ဖို့အခက်အခဲတွေရှိနေတာကိုတွေ့ရတယ်လို့ KHRW(Kachin Human Right Watch )အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ပ်(JACOP)က KNGကိုပြောပါတယ်။

လက်ရှိအချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ တိုက်ပွဲဖြစ်ပွားတဲ့နယ်နိမိတ်ဧရိယာ ပိုမို ကျယ်ဝန်းလာပြီး ကမ္ဘာ့အဆင့်  နေရာရောက်ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့(ACLED)ရဲ့  ဩဂုတ်လ၆ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုလိုအခြေအနေတွေနဲ့ပက်သက်ပြီး အရပ်သားပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခက်အခဲတွေရှိနေနိုင်တယ်လို့ ရှေ့ပြေးအသံအဖွဲ့(Progressive Voice)ဥက္ကဌ ဒေါ်ခင်ဥမ္မာက သုံးသပ်ပြောဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ  တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုယ်သူတို့တက်နိုင်သမျှ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့သတင်းအချက်အလက် စနစ်တကျပြင်ဆင်ပေးဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုလေးတွေ စီစဉ်ဖို့လိုပါမယ်။ လိုက်နာ ကျင့်သုံးရမယ့် မူ (Code of Conduct) တွေကို သေချာအကောင်အထည်ဖော်ဖို့လိုတယ် NUG ERO PDFဒီတပ်တွေမှာ ဦးဆောင်ကျတဲ့ သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို သူတို့လက်ကမ်းကြိုဆိုသင့်တယ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ်လို့ဆိုပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုနဲ့ ပြည်တွင်းစစ်တွေကြောင့် အရပ်သားသေဆုံးမှုမှာလည်း ကမ္ဘာ့အဆင့်  အထိ ရှိလာခဲ့ပြီး ကမ္ဘာ့ပဋိပခအညွှန်းကိန်း အဆင့်မှာလည်း ၂အထိရောက်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံးအဆင့်  နေရာ ရပ်တည်နေတယ်လို့ ACLEDရဲ့ ထုတ်ပြန်ချက်အရ သိရပ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေးရှောင် ဦးရေဟာ သုံးသန်းတစ်သောင်းတစ်ရာ(၃၀၁၀၁၀၀)ကနေ သုံးသန်းနှစ်သိန်းကိုးသောင်းကိုးထောင်တစ်ရာ(၃၂၉၉၁၀၀)ထိမြင့်တက်လာတာဖြစ်ပြီး  လူဦးရေ  နှစ်သိန်းရှစ်သောင်းကိုးထောင်(၂၈၉၀၀၀)ထပ်မံတိုးလာတာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button