လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ

ပူတာအိုမှာ မဂွမ်ရိန်ဒူနော်ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့ တရာခံအယူခံပြန်ဝင်နေတဲ့အပေါ်  ကန့်ကွက်ရှုံ့ချကြောင်း ပူတာအိုဒေသခံတွေ ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို မဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့သူ ကျော်သူရကို သေဒဏ်ချမှတ်လိုက်တဲ့နေ့ကစပြီး  ရက်အတွင်း တရားရုံးအနေနဲ့အယူခံဝင်ခွင့်ပြုလိုက်တဲ့အပြင် နောက်ထပ်  ရက်ထပ်တိုးပေးကာ အယူခံဝင်နေတယ်လို့ တရားမျှတရေးနဲ့အမှုမှန်ပေါ်ပေါက်ရေးမှာ ကူညီဆောင်ရွက်နေသူ ပူတာအိုလူငယ်တစ်ဦးက ပြောပါတယ်။

 သေဒဏ်ချမှတ်လိုက်တဲ့နေ့ကစပြီး  ရက်အတွင်း အယူခံဝင်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့သေဒဏ်ချမှတ်လိုက်တာပေါ့နော်။ သူတို့ သေဒဏ်ချမှတ်တဲ့ နေ့မှာ ပြောတာက  ရက်အတွင်း နေပြည်တော်ကနေ သတင်းစာမှာ မဖော်ပြမချင်း အယူခံဝင်နိုင်တယ်ဆိုမှ တရားစီရင်လိုက်တာပေါ့။ အဲကနေ  ရက်အချိန်ထပ်တိုးလိုက်ပြီး အခုက တရားခံက အယူခံဝင်နေတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပူတာအိုဒေသခံ ပြည်သူလူထုက လုံး၀ကို သဘောမတူဘူး။ လူမဆန်တဲ့ ပြစ်မှုအတွက် အယူခံဝင်ခွင့်ပေးစရာ အကြောင်းလည်းမရှိဘူး။လို့ တရားမျှတရေးအတွက် ပါဝင်ကူညီဆောင်ရွက်နေသူ ပူတာအိုဒေသခံလူငယ်က ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ () (တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ  နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သို့သော် တရားရုံးဘက်က တရားခံကို သေဒဏ်ချမှတ်လိုက်တဲ့နေ့ကစပြီး  အတွင်း အယူခံဝင်ခွင့်ပြုထားတဲ့အပြင် နောက်ထပ်  ရက်ပါထပ်တိုးပေးထားပြီး တရားခံမှ လတ်တလော အယူခံဝင်နေတာကြောင့် သေဒဏ်အစား အခြားပြစ်ဒဏ်တစ်ခုခု ပြောင်းလဲသွားမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။  

တရားခံကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ပြောင်းလဲသွားမှာကို မိသားစုဝင်တွေနဲ့ ပူတာအိုပြည်သူလူထုတွေစိုးရိမ်နေကြတဲ့အပြင် တစ်ဖက်မှာ ပူတာအိုဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း မဂွမ်ရိန်ဒူနော်ကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေးအတွက် အမြဲစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

တစ်ခါတည်း ကြိုးစင်တင်ရမယ်၊ သေဒဏ်ပေးရမယ်ဆိုလို့ ပူတာအိုဒေသခံတွေ ဒီလောက် ကြွေးကြော်နေတာ။ အယူခံဝင်တဲ့ကိစ္စကို လုံး၀ ပြင်းပြင်းထန်ထန် ရှု့ချတယ်။ သက်ငယ်မဒိမ်းမှုလည်း ကျူးလွန်တယ်။ ပြီးတော့ ရက်စက်စွာ သတ်ဖြတ်တယ်။ ဒီလိုအမှုကျူးလွန်သူကို အယူခံဝင်ခွင့်ပေးတဲ့ တရားသူကြီးကိုလည်း လုံး၀ရှု့ချတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒါကို စောင့်ကြည့်နေတယ်ဆိုတာ ပြောပြချင်တယ်။ ပူတာအိုဒေသခံအမျိုးသမီးငယ်အတွက် တရားမျှတမှုလိုချင်လို့ အမြဲစောင့်ကြည့်နေတယ်ဆိုတာ သိစေချင်တယ်။” ဟု ပူတာအိုဒေသခံ လူငယ်က ဆက်လက်ပြောဆိုပါတယ်။

လက်ရှိ ပူတာအိုဒေသမှာ ဖုန်းလိုင်း၊အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားလိုမိသားစုဝင်တွေအပြင် ခရိုင်တရားသူကြီး၊ ရှေ့နေတို့နဲ့ KNG သတင်းဌာနမှ တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။

ဒီသတင်းနှင့်ပတ်သက်ပြီး ဖုန်း၊အင်တာနက်လိုင်းရတဲ့နေရာဆီ ယာယီရောက်ရှိနေတဲ့ မဂွမ်ရိန်ဒူနော်အရေး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေသူ ပူတာအိုဒေသခံလူငယ်တွေမှ တစ်ဆင့် သိရှိရတာဖြစ်ပါတယ်။  

ခုလို တရားခံကို မူလ အယူခံဝင်ခွင့်  ရက်ထက် နောက်ထပ်  ရက်ထပ်တိုးပေးလိုက်တဲ့အပေါ် CDM လုပ်ထားတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ခုလိုပြောပါတယ်။

အယူခံရက်ကျော်‌လွန်နေတာကို ရက်ထပ်တိုးပေးတာ ဥပဒေအရ ပြဌာန်းထားတာမရှိရင် ဥပဒေနဲ့မညီကြောင်း လျှောက်လဲပါလိမ့်မယ်။ ပြဌာန်းချက်မရှိပဲ ရက်ထပ်တိုးပေးတယ်ဆိုရင် ခွင့်ပြုတဲ့တရားသူကြီး ဥပဒေနဲ့မညီတာလုပ်ရင် ပြုတ်မယ် ထောင်ကျမယ် ဥပဒေရော တရားသူကြီးရော ဥပဒေနဲ့ မညီတာလုပ်နေကြရင်ပေါ့။လို့ ပြောပါတယ်။

ဥပဒေကြောင်းအရ အယူခံဝင်ခွင့်နဲ့ပတ်သက်ပြီး မူလရုံးစစ်ဆေးပေါ်ပေါက်ချက်အရ အမှုခိုင်လုံနေပါက အမိန့်ပြောင်းလဲနိုင်ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။  

ပြီးခဲ့တဲ့ မေလ ၁၀ နေ့မနက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင် ဒေါ်မန်ချဲနင်ဆားရ်နဲ့အတူ အိမ်အတွက်လိုအပ်တဲ့ မုံညှင်းဆီဝယ်ရန် ဒုတ္တန်ရပ်ကွက်ရှိ ဆီဆိုင်ကြိတ်စက်သို့ သွားခဲ့ပြီး သမီးဖြစ်သူက အိမ်သို့ အရင်ပြန်လာခဲ့စဉ် လမ်းထက်ဝက် ခြုံတောတစ်နေရာမှာ ရက်စက်စွာ မဒိမ်းပြုကျင့် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မဒိမ်းပြုကျင့်သတ်မှတ်ခံခဲ့ရတဲ့ မဂွမ်ရိန်ဒူနော်ရဲ့ ရုပ်အလောင်းကို သူမသတ်ဖြတ်ခံရပြီး ၁၄ နာရီအကြာမှာ ယာဘက်သွေးထွက်ဒဏ်ရာ၊ လည်ပင်းပွန်းပဲဒဏ်ရာ၊ အမျိုးသမီးအင်္ဂါမှာ သွေးထွက်စုတ်ပြဲဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေသည်ကို မိသားစုဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မဂွမ်ရိန်ဒူနော်အား မဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်သူ ကျော်သူရကိုဆိုသူ ကို ပူတာအိုဒေသခံလူငယ်တွေ ပူးပေါင်းပြီး တစ်လအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကစပြီး ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီး  လအတွင်း တစ်ပတ်  ကြိမ်ပုံမှန် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

နှစ်လအတွင်း ရုံးထုတ်စစ်ဆေးခဲ့ပြီး ဩဂုတ်  ရက်နေ့ကပဲ ပူတာအိုခရိုင်တရားရုံးမှ အမှုကျူးလွန်သူကို သေဒဏ်ချမှတ်ခဲ့ပေမဲ့ အခုလို အယူခံဝင်ခွင့်ပေးကာ တရားခံမှ သေဒဏ်မှလွတ်မြောက်အောင် ကြိုးပမ်းလာမှုအပေါ် ပူတာအိုဒေသခံတွေ ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။

ပူတာအိုဒေသမှာ ဒီလိုရက်စက်စွာ သက်ငယ်မဒိမ်းမှုကျူးလွန်မှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ပူတာအိုဒေသခံအားလုံး ထိပ်လန့်ခဲ့ရတာလည်း ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့် ဒီလိုပြစ်မှုမျိုးကျူးလွန်သူကို စံပြအဖြစ် တရားမျှတစွာ တရားစီရင်ပေးမှာကို ဒေသခံတွေ လိုလားနေတာလည်း ဖြစ်ပါတယ်။ 

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button