သတင်း

ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို

ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ  ရက်နေ့မှာ ပူတာအိုမြို့ပေါ်က Starlink Wifi စက် အလုံး ၆၀ ဝန်းကျင်ခန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးခဲ့ပြီး အဲ့ဒီ Starlink Wifi စက်တွေကို ရွေးကောက်ပွဲပြီးမှပြန်ပေးမှာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

တစ်ချို့တော့ပိုက်ဆံနဲ့သွားရွေးကြတယ်တဲ့ ဒါပေမယ့် မရွေးခိုင်းဘူးဘယ်လောက်ပေးပြီးရွေးရွေးမရဘူးတဲ့ရွေးကောက်ပွဲပြီးမှပဲအားလုံးပြန်ပေးမယ်ဆိုပြီးပြောလာတယ်လို့အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လုံးစွတ်၊ကောင်ကထောင်၊အောက်ချိုင့်နဲ့ လေယာဥ်ရပ်ကွက်တွေကနေ Starlink Wifi စက်တွေကို ဒီဇင်ဘာလ  ရက်ကနေ ၁၀ ရက်အထိ လိုက်လံဖမ်းဆီးရာအလုံး ၆၀ ဝန်းကျင်လိုက်လံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Starlink စက်ပိုင်ရှင်တွေက ပိုက်ဆံနဲ့သွားရွေးခဲ့ပေမယ့်ရွေးခွင့်မပေးဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကျနော့်အသိဆိုင်တစ်ဆိုင်ပါသွားတယ် ၁၅သိန်းပေးမယ်ဆိုပြီးသွားရွေးတာစက်မရခဲ့ဘူး ပြန်မပေးဘူးကြာမယ်ပြောတယ်ပေးတာတော့ပြန်ပေးမှာရွေးကောက်ပွဲပြီးမှတဲ့လို့ အသက် ၄၀ ကျော်အရွယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ Wifi ဆိုင်တွေပိတ်ထားဖို့ ကြိုတင်အသိပေးညွှန်ကြားတာမျိုးမရှိပဲ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် မြို့ပေါ်မှာဖွင့်ထားတဲ့ Starlink wifi စက် သုံးပုံနှစ်ပုံခန့်သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ ပထမအပိုင်း (မှာကချင်ပြည်နယ်ထဲက ပူတာအိူ၊နောင်မွန်၊ခေါင်လန်ဖူး၊ မြစ်ကြီးနား၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေပါဝင်ပြီး လက်ရှိ ကျန်တဲ့မြို့နယ်တွေအားလုံးမှာတော့ Starlink wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း  ကိုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ခုလိုရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ ပြည်သူတွေဆိုရှယ်မီဒီယာသုံးဖို့ အသုံးပြုနေတဲ့ ဝိုင်ဖိုင်စက်တွေသိမ်းဆည်းနေတဲ့အပေါ် ကချင်နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးပြောပါတယ်။

အဓိကတော့ သူတို့ရွေးကောက်ပွဲအတွက်လုံခြုံရေးစိုးရိမ်တာ၊ပြီးတော့ ပြည်သူတွေကို သတင်းအမှောင်ဖုံးချင်တာကြောင့်ဖြစ်တယ်။ ဒါက ဘာကိုညွန်ပြနေလဲဆိုရင် ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်လို့ ပြောပါတယ်။

ကချင်တစ်ပြည်နယ်လုံးကိုစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ကုန်ပိုင်းကစပြီး ဖုန်းလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ Wifi အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဖုန်းနဲ့Wifiအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ထဲက နေရာဒေသ အများစုမှာတော့ ဖုန်းနဲ့Wifi အင်တာနက်လိုင်းတွေအစား Starlink ဂြိုလ်တု အင်တာနက်တွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button