ရေလောင်ကန်နဲ့ ဝိုင်းလော တပ်စခန်းပစ်ခတ်ခံရပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေဆဲ

ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် လမူခမှော်ဒေသရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အထိုင်ချထားတဲ့ ရေလောင်ကန်(Hka Lawng Kawng) နဲ့ ဝိုင်လော (Aoi Law) တပ်စခန်းနှစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၈ ရက်နေ့ ရေလောင်ကန်နဲ့ ဝိုင်လော တပ်စခန်းနှစ်အခုအပါ လုံးခြုံရေးယူထားတဲ့ ရှေ့တန်းကားကင်းတပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ရေလောင်ကန်နဲ့ ဝိုင်လောကို သွားပစ်ခဲ့တာမှန်ပါတယ်။ ကြားရသလောက်က တပ်စခန်း နှစ်ခုစလုံးသိမ်းပိုက်နိုင်ခြင်းတော့မရှိသေးပါဘူး။ အဲဒီတပ်စခန်း နှစ်ခုကို လုံခြုံရေးယူထားတဲ့ ကာကင်းစခန်းအသေး နှစ်ခုတော့သိမ်းယူနိုင်တယ်လို့ကြားပါတယ်လို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့သွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန် တပ်စခန်းအတွင်းက  ပြည်သူ့စစ်တပ်ဖွဲ့တစ်ချို့ ထွက်ပြေးသွားကြပြီးနောက် စစ်တပ်က လေကြောင်းအကူနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

PSA

ဒါကြောင့် KIA ဘက်ကနေ တပ်ဆုတ်သွားခဲ့ရပြီး ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ပြောပါတယ်။

ရေလောင်ကန်နဲ့ ဝိုင်းလောတပ်စခန်း နှစ်ခုစလုံးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သိမ်းပိုက်ထားတယ်လို့ သိရပေမယ့် KIA ရဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာမှုဖြစ်နေတာ ၃လခန့်ကြာမြင့်လာပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်းပိုင်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လေကြောင်းအကူခေါ်ပြီး မြေပြင်စစ်ကြောင်းနဲ့ ထိုးစစ်တိုက်ခိုက်ခဲ့တာကြောင့် ရေလောင်ကန်နဲ့ ဝိုင်းလော တပ်စခန်းနှစ်ခုစလုံးကို KIA ကလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လပူမှော်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးကရေလောင်ကန်က မသိမ်းနိုင်သေးဘူး။ စစ်ရေးကတင်းမာနေကြတဲ့အခြေအနေပါ။ ပြည်သူ့စစ်ဘက်ကလည်း စစ်အင်အားဖြည့်တင်းနေတယ်။ ကျနော်တို့ဘက်ကလည်း ရှိတဲ့အင်းအားတွေနဲ့ လုပ်နေပါတယ်လို့ပြောပါတယ်။

တနိုင်းမြို့နယ်ထဲက လပူခမှော်ဒေသဟာ ရွှေနဲ့ ပယင်းနှစ်မျိုးစလုံးထွက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ()၊ တပ်ရင်း(၁၄) နယ်မြေထဲပါဝင်တာဖြစ်ပါတယ်။

တနိုင်းသွား လီဒိုလမ်းမပေါ် ရှဒူးဇွပ်၊ ဝါရာဇွပ်ဒေသမှာ အခြေစိုက်တဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့  ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ KIA တပ်ရင်း(၁၄) နယ်မြေထဲက လပူခမှော်ဒေသဘက်ကိုပါ နယ်မြေတိုးချဲ့လာပြီး တိုက်ပွဲဖော်ဆောင်လာတာဖြစ်ပါတယ်။

ဒါကြောင့် တနိုင်းမြို့နယ်ထဲက မှော်ဒေသတွေဖြစ်တဲ့ လပူခမှော်၊ ရေလောင်ကန်၊ ဝိုင်လော စတဲ့မှော်ဒေသတွေအပါ လမုန်ခ၊ စံလွန်၊ ရေကြည် စတဲ့မှော်ပြည်သူတွေက တိုက်ပွဲကြောင့် တနိုင်းမြို့ပေါ်ထဲမှာ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ၂ လခန့်အကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button