ကွာရှင်းရန် ပြောဆိုခံရပြီးနောက် အမျိုးသားတစ်ဦး အဆုံးစီရင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နမ့်ဖတ်ကာကြား နမ့်ဖလွန်ကျေးရွာမှာ အိမ်ထောင်ရေးပြဿနာကြောင့် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖလွန်ကျေးရွာ (လုံထေါန်ယန်ကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ဦးအင်တိုင်ဘရန်ရှောင် (Ntai Brang Shawng) ဟာ အမျိုးသမီးဖြစ်သူထံမှ ကွာရှင်းဖို့ပြောဆိုခံရပြီးနောက် မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ခဲ့တာလို့ ဒေသခံတွေ ဆက်ပြောပါတယ်။

အံ့ဩစရာ ကြိုးတောင်မှ အကြီးကြီးနဲ့ ဆွဲချသေတာ။ ကျမအမြင်ကတော့ သူ့အမျိုးသမီးက တရုတ်ပြည်သွားလိုက်လို့ အဓိက စိတ်ထိခိုက်၊ စိတ်ဓာတ်ကျပြီး ဖြစ်သွားတဲ့ ဖြစ်ရပ်လို့ မြင်တယ်။ အိမ်ထောင်ရေးပြဿနာရှိပုံရတယ်။ လယ်ယာစပါးတွေတောင် အများကြီးစိုက်ထားပြီးမှဟိုးနှမြောစရာ”လို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ရုပ်အလောင်းကိုတော့ ဇူလိုင် ၂၁ ရက် မနက်  နာရီဝန်းကျင်မှာ ကျေးရွာအတွင်း တစ်နေရာမှာ ကြိုးဆွဲချသေနေတဲ့အနေထားတဲ့ ရွာခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ သေဆုံးသူဟာ ကလေး  ယောက်ရဲ့ ဖခင်ဖြစ်ပြီး အမျိုးသမီးဖြစ်သူက ကလေးအငယ်ဆုံးတစ်ဦးကို ခေါ်သွားပြီး သားနှစ်ဦး ချန်ထားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးဖြစ်သူဟာ တရုတ်နိုင်ငံဘက်ကို ထွက်သွားတာ  လခန့်ရှိပြီဖြစ်ပြီး ပြန်လာတဲ့အချိန် ကွာရှင်းမယ်လို့ ဖုန်းနဲ့ ပြောဆိုခဲ့ပြီးနောက် အခုလို ဖြစ်ရပ်ဖြစ်သွားလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးငယ်ငယ်လေးတွေပဲရှိသေးတယ်။ လပိုင်းသားအရွယ်ကိုတော့ အမျိုးသမီးဖြစ်သူက ခေါ်သွားတယ်။ ပြီးခဲ့တဲ့    လလောက်ပဲရှိသေးမယ်၊ အမျိုးသားဖြစ်သူက လယ်လုပ်နေတာ။ အမျိုးသမီးဘက်က ဒီတစ်ခါပြန်လာခင် လာကွာရှင်းမယ်လို့ မနေ့ကပဲ ဖုန်းနဲ့ပြောကြတာတဲ့။ ဒီလိုတွေကြောင့်လို့ ကျမတို့က ထင်မြင်တာပေါ့”လို့  အထက်ဖော်ပြပါဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူဟာ ပြီးခဲ့တဲ့လပိုင်းကမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပြီးစီးထားပြီး အိမ်ထောင်ရေးအဆင်မပြေမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား နမ့်ဖလွန်ကျေးရွာမှာ အခုလို ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button