မြစ်ကြီးနား–မိုးညှင်း ရထားပြန်ပြေးဆွဲ

ကချင်ပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက်  နှစ်နီးပါး ရပ်နားထားခဲ့တဲ့ မြစ်ကြီးနားမိုးကောင်းမိုးညှင်း ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မီးရထားဝန်ထမ်းတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး  မြစ်ကြီးနား၊ မိုးကောင်းနဲ့ မိုးညှင်းမြို့တွေကြား ရထားခရီးစဉ်ပြန်လည်ပြေးဆွဲနေပြီဖြစ်တဲ့အတွက်  ပြည်သူတွေအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်လည်း အထောက်အကူဖြစ်လာနိုင်တယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။

“ကားစီးတာထက် ရထားက ခရီးစရိတ်ပိုသက်သာတယ်။ ပုံမှန်သာ ပြေးဆွဲနိုင်ရင် ခရီးသွားတဲ့သူတွေအတွက် အဆင်ပြေမှာပါလို့ မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။

အဆိုပါ ရထားလမ်းပိုင်းဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း လုံခြုံရေးအခြေအနေတွေ၊ လမ်းပိုင်းထိခိုက်ပျက်စီးမှုအခက်အခဲတွေကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် ရထားခရီးစဉ်ရပ်နားထားတဲ့ကာလအတွင်း ပြည်သူတွေက ကားလမ်းကိုသာ အဓိကအားထားပြီး သွားလာခဲ့ရသလို ခရီးစရိတ်နဲ့ ကုန်စည်သယ်ယူစရိတ်တွေမြင့်တက်မှုဒဏ်အပြင် သွားလာရေးမှာ လုံခြုံရေးကိုပါ စိုးရိမ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် အာဏသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီလကစတဲ့ စစ်ကောင်စီရဲ့ ရက် (၁၀၀စီမံချက်ကာလအတွင်း ရထားခရိီးစဉ် ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထားလမ်းပိုင်း၊ ဘူတာရုံတွေနဲ့ ဆက်စပ်အခြေခံအဆောက်အအုံတွေကို ပြုပြင်ခဲ့တာလို့သိရပါတယ်။

အဲဒီနောက် ရထားခရီးစဉ်တွေကို ခုလို ပြန်လည်ပြေးဆွဲလာတာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ရထားပြန်ပြေးတာက သွားလာရေးအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေကြောင့် ပုံမှန်ဆက်ပြေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ကချင်ပြည်နယ်အတွင်း တချို့ဒေသတွေမှာ တိုက်ပွဲတွေနဲ့ လုံခြုံရေးတင်းမာမှုတွေ ဆက်လက်ရှိနေသေးတာကြောင့် ရထားခရီးစဉ် ရေရှည်ပုံမှန်ပြေးဆွဲနိုင်ရေးနဲ့ မိုးရာသီအတွင်း မြေပြို၊ တောင်ပြိုမှုတွေကြောင့် ရထားလမ်းထိခိုက်နိုင်ခြေတွေကိုလည်း စောင့်ကြည့်ရဦးမယ့် အခြေအနေရှိနေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြစ်ကြီးနားမိုးကောင်းမိုးညှင်း ရထားခရီးစဉ်ကို အမှတ်(၄၉)အဆန် မိုးညှင်းမြစ်ကြီးနားနဲ့ အမှတ်(၅၀)အစုန် မြစ်ကြီးနားမိုးညှင်း လူစီးရထားတွေကို နေ့စဉ်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ရထားလက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစမှ အဆုံးအထိ အထက်တန်း ၂၅,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး အထက်တန်းလက်မှတ်ကို  ရက်ကြိုတင်၊ ရိုးရိုးတန်းလက်မှတ်ကို  ရက်ကြိုတင် သက်ဆိုင်ရာဘူတာတွေမှာ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှတ်(၄၉)အဆန် မိုးညှင်းမြစ်ကြီးနား ရထားဟာ မိုးညှင်းဘူတာမှ နံနက်  နာရီ ထွက်ခွာပြီး နေ့လယ်  နာရီ ၁၅ မိနစ်မှာ မြစ်ကြီးနားဘူတာကို ရောက်ရှိမှာဖြစ်သလို အမှတ်(၅၀)အစုန် မြစ်ကြီးနားမိုးညှင်း ရထားကတော့ မြစ်ကြီးနားဘူတာမှ နံနက်  နာရီ ထွက်ခွာပြီး နေ့လယ်  နာရီမှာ မိုးညှင်းဘူတာကို ရောက်ရှိမှာဖြစ်တယ်လို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကနေသိရပါတယ်။

ရထားခရီးစဉ်ဟာ မိုးကောင်း၊ တောင်နီ၊ မင်းကုန်း၊ ဟိုပင်၊ မြို့သစ်ကလေးနဲ့ မိုးညှင်းဘူတာတွေမှာ ရပ်ပေးမှာဖြစ်တယ်လို့်လည်း ဆိုပါတယ်။

မြစ်ကြီးနားမိုးကောင်းမိုးညှင်း ရထားခရီးစဉ်ဟာ ကချင်ပြည်နယ်အတွင်း အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ခရီးသည်သယ်ယူပို့ဆောင်ရေးသာမက ဒေသထွက်ကုန်စည်တွေကို မြို့ကြီးတွေဆီ တင်ပို့ရာမှာလည်း အဓိကအသုံးပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button