KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Sep- 2024 -
    17 September
    သတင်း

    ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 17 September
    သတင်း

    ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအထက်ဘက်ကိုဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ၅ စီးဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကိုဦးတည်ဆန်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇင်းဘုံရွာအဝင်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ KNG ကိုပြောပါတယ်။ “ဒီမနက် ရွှေကူကနေတက်လာတဲ့စစ်သင်္ဘော ၅ စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၉ နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော ၂ စီးပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။…

    Read More »
  • 17 September
    သတင်း

    ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော

    ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်”လို့ပြောပါတယ်။ အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး  ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့  တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။…

    Read More »
  • 16 September
    သတင်း

    နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ

    ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး…

    Read More »
  • 16 September
    သတင်း

    ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ 

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့  MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး  ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့  သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။  ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။  …

    Read More »
  • 13 September
    သတင်း

    KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ 

    “တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။

    Read More »
  • 13 September
    သတင်း

    မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်

    ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် ကားလမ်းပိုင်းသွားလာရခက်ခဲလို့ စျေးတက်လာတာလို့ မြစ်ကြီးနားမြို့ပေါ်ရောက်နေတဲ့ တနိုင်းဒေသခံ အမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “အရင်ဆိုရင် ၅ သောင်းရောက်တယ်မြစ်ကြီးနားအထိ အခုကမရတော့ဘူး။မြစ်ကြီးနားအထိ တစ်သိန်းနဲ့ဆင်းခဲ့ရတာ ဒါတောင်လမ်းမှာ နှစ်ညအိပ်ခဲ့တာရဗျ။ အရင်ကတစ်ရက်ခရီးပဲတစ်ညပဲအိပ်ရတယ်ဆိုရင်တောင်တော်သေးတယ် အခုက နှစ်ညအိပ်ရတာ”…

    Read More »
  • 13 September
    သတင်း

    မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁  ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။…

    Read More »
  • 12 September
    သတင်း

    ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး

    စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း…

    Read More »
  • 11 September
    သတင်း

    ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ

    ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့…

    Read More »
Back to top button