-
Jun- 2024 -25 Juneသတင်း
စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ အင်းတော် နားခါးရွာသားတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မှာ စစ်ကောင်စီတပ်က…
Read More » -
25 Juneသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင်…
Read More » -
25 Juneတိုက်ပွဲ
ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့…
Read More » -
25 Juneသတင်း
ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။…
Read More » -
25 Juneသတင်း
ပူတာအိုမှာ ဖုန်းအင်တာနက်လိုင်းပြန်ရနေပြီ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇွန်လ ၂၄ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းတွေ ပြန်ရနေပြီလို့ ပူတာအိုမြို့ခံတွေဆီကနေ သိရပါတယ်။ ဖုန်းအင်တာလိုင်းအားလုံး ၁ လ နီးပါးကြာ…
Read More » -
25 Juneသတင်း
TNLA ဖမ်းဆီးထာ:တဲ့ ပန်ရှော်အုပ်ချုပ်ရေးမှူး နဲ့ မိသားစုတွေ အဆက်သွယ်မရသေး
လားရှိုးမြို့နယ်က ပန်ရှော်(Bangshau) ကချင်ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA တပ်…
Read More » -
24 Juneသတင်း
စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ
ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊…
Read More » -
24 Juneသတင်း
ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ
ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက…
Read More » -
24 Juneသတင်း
ပူတာအိုမှာ စက်သုံးဆီတွေကို သတ်မှတ်ထားတဲ့ စျေးနှုန်းထက်ပိုပြီး လုပ်ငန်းရှင်တွေက ဝယ်ယူနေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုရောက်လာတဲ့ စက်သုံးဆီတွေကို တစ်ပေပါ ၁၈ သိန်းဝန်းကျင်နဲ့ရောင်းချဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကသတ်မှတ်ထားပေမယ့် လုပ်ငန်းရှင်တစ်ချို့က သတ်မှတ်စျေးထက်ပိုပေးပြီး ဝယ်ယူနေတာကြောင့် စျေးထပ်ပြီးတက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပူတာအိုမြို့ထဲ ဇွန်လ ၁၉…
Read More » -
24 Juneသတင်း
အင်းတော်ကြီး နဲ့ ဖားကန့် အစပ်မှာရှိတဲ့ စစ်တပ်စခန်း ၃ နေရာကို KIA သိမ်းပိုက်
မိုးညှင်းမြို့နယ် အင်းတော်ကြီး နဲ့ ဖားကန့် ဝှေခါလမ်းပေါ်က စစ်တပ်ရဲ့ အရေးပါတဲ့ ပြည်သူ့စစ်တပ်စခန်းအပါ ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်တော်ကြီးနဲ့ ဖားကန့်မြို့နယ်စပ်ကြားမှာ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ စုပေါင်းနေထိုင်ထားတဲ့ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စစ်တပ်စခန်းနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “တပ်စခန်း ၃ ကိုတော့သိမ်းပိုက်ပြီ။ တိုက်ပွဲစဖြစ်တာက စနေ့ဆိုတော့ ၂ ရက်လောက်ကြာသွားတာပေါ့။ အခုကတော့ သိမ်းထားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေလုပ်နေတယ်။ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ နေရာတွေမှာ ပြန်ဖြစ်လာမလား။ အဲဒီတစ်ဝိုက်မှာက တပ်စခန်းတွေက ကျန်ရှိနေသေးတယ်လေ”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၃ နေရာကို ဇွန်လ ၂၂ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး ဝှေလုံနဲ့ ညောင်ပင်တပ်စခန်း နှစ်ခုကို ဇွန်လ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ချောင်းဝစစ်တပ်စခန်းကိုတော့ ဇွန်လ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…
Read More »









