-
Jun- 2024 -28 Juneသတင်း
စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ
ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ “သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။…
Read More » -
28 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ်…
Read More » -
27 Juneသတင်း
ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ…
Read More » -
27 Juneသတင်း
နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင် ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၉ ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား ၆ ဦး ၃ ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။…
Read More » -
27 Juneသတင်း
ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့…
Read More » -
26 Juneသတင်း
နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့…
Read More » -
26 Juneသတင်း
ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲက ကျောက်မဲမြို့ စစ်ကောင်စီရဲ့အမြောက်တပ် အမှတ် ၃၅၂ နဲ့ စခန်းသာကုန်းတို့မှာ ပြင်းထန်နေတာလို့ တအာင်းတပ်မတော် TNLA ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနေ့ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ကြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဆက်ဖြစ်နေတယ်။ အခုဗုံးသံတွေလည်းကြားရတယ် ဒီမနက်မှာပဲလူ ၄ ယောက်ထိသွားတယ်။ မြို့အဝင် အထွက်တော့မသိဘူး ရဲစခန်းတွေတော့သူတို့သိမ်းပြီပြောတယ်။ ဒီမနက်တော့ ဈေးတွေဘာတွေသွားလို့ ရအောင်ခနနားပေးတယ်။ ၁၀ နာရီလောက်တိုက်ပွဲစမယ်ဆိုပြီး ၉ခွဲလောက်က တည်းကပစ်နေတယ်။ အခုတော့ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။”လို့ပြောပါတယ်။…
Read More » -
26 Juneသတင်း
ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ…
Read More » -
26 Juneသတင်း
နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ
ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group…
Read More » -
25 Juneသတင်း
မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား
ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂…
Read More »









