• Mar- 2026 -
    19 March
    သတင်း

    နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း‌ပြုပြင်ဖို့ အကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း လေပြင်းတိုက်လို့ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ဝိုင်းမော်မြို့နယ်ထဲ လေပြင်းကျရောက်ခဲ့တာကြောင့် အင်ဂန်းကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း‌ဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ “အခက်အခဲကတော့…

    Read More »
  • 19 March
    သတင်း

    တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး

    တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။ “လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး”လို့PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။    မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။ ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။   ဒေသခံတွေပြောဆိုချက်အရ  ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 18 March
    သတင်း

    ဖမ်းဆီးခံရတဲ့ အယ်ဒီတာ ကိုတာလင်းမောင်ပြန်လွတ်လာ

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ Uru News သတင်းဌာနအယ်ဒီတာ ကိုတာလင်းမောင်ပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။ ကိုတာလင်းမောင်ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်းတောင်ကျေးရွာဘက်သွားရင်း လမ်းခုလပ်တစ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီညနေ ပြန်လွတ်လာတာဖြစ်ပါတယ်။…

    Read More »
  • 18 March
    သတင်း

    လုံးတုံရှိ ကာကင်းတစ်ချို့တိုက်ခိုက်ခံပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် KIA နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ၊ ၁၃ ရက်နေ့နောက်ပိုင်း မိုင်းနောင်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့…

    Read More »
  • 18 March
    သတင်း

    ဖားကန့်မှာ မိုင်းပေါက်ကွဲရာကနေ အမျိုး သား နှစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘလခမှော်ကျေးရွာနဲ့ မှော်စီစာကျေးရွာတို့မှာ မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းမှာပဲ အမျိုးသား ၂ ဦး မိုင်းပေါက်ကွဲရာကနေ ခန္ဓာအစိတ်အပိုင်းတွေတစ်စစီပြတ်ထွက်ပြီးသေဆုံးခဲ့ရတဲ့ဖြစ်စဥ်နှစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ ဘလခမှော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကတော့ ကျောက်ရှာဖွေသူလို့ယူဆရတဲ့ အမျိုးသား တစ်ဦး မိုင်းနင်းမိရာမှသေဆုံးသွားခဲ့တာဖြစ်ပြီး လုံးခင်းကျေးရွာကဖြစ်စဥ်ကတော့…

    Read More »
  • 18 March
    သတင်း

    ပူတာအိုမှာ ၁၂ တန်းကျောင်းသူနှစ်ဦး ကားတိုက်ခံရ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူနှစ်ဦး ကာတိုက်ခံရပြီး အခြေနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ မတ်လ ၁၇ ရက်နေ့ မနေ့ညနေပိုင်း ၄ နာရီခွဲဝန်းကျင် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းမှာ ၁၂ တန်းစာမေးပွဲဖြေပြီး အိမ်ပြန်လာတဲ့ကျောင်းသူနှစ်ဦးကို အိမ်စီးကားတစ်စီးက ဝင်တိုက်ခဲ့ကြောင်း ပူတာအိုမြို့ခံအမျိူးသားတစ်ဦးကKNG ကိုပြောပါတယ်။ “ကားက ညာလမ်းကနေလာတာ ကျောင်းသူမ နှစ်ယောက်က ဘယ်လမ်းဘက်မှာ ဆိုင်ကယ်စီးပြီးလာနေတဲ့အချိန် ကားအရှိန်ပြင်းပြင်းနဲ့ မူမှန်ပဲမောင်းနေတော့ကြောက်ပြီး လမ်းဘေးမှာဆိုင်ကယ်ကိုရပ်ထားလိုက်တာဆက်မသွားဘူး။ အဲ့ရပ်ထားတာကိုမှကားသမားကမူးတော့ဝင်တိုက်မိတာ”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ လုံးစွပ်ရပ်ကွက် နဲ့ ကောင်ကထောင်ရပ်ကွက်ကြားက ဇေယျာမင်းဆီပန့်ဆိုင်ရှေ့ ရှိလုံးစွတ်ချောင်းအနီးမှာဖြစ်သွားတာလို့သိရပြီး ကျောင်းသူနှစ်ဦးကို အရေးပေါ်ဆေးရုံတင်ထားကြောင်းသူကဆက်ပြောပါတယ်။ “ကလေးမနှစ်ယောက်ကရပ်ထားတယ်ဆိုပေမယ့် ကားက အရှိန်ပြင်းတော့ လွင့်ထွက်သွားတာ နှစ်ယောက်စလုံး ဆိုင်ကယ်လည်းအကုန်ကျိုးပဲ့သွားတာလူကတော့စိုးရိမ်ရတယ်။ အခြေနေကဆိုးတော့ ချက်ချင်းတော့ဆေးရုံတင်ပေးကြတယ် ကားကတော့ တံတားအောက် ချိုင့်ခွက်ထဲကျသွားတာ ကားလည်းရှေ့ခြမ်းရစရာမရှိအောင်ဖြစ်သွားတယ်”လို့ သူကဆက်ပြောပါတယ်။ ကျောင်းသူမနှစ်ဦး 125 ဆိုင်ကယ်စီးလာတာဖြစ်ပြီး ကား(Honda Fit)တစ်စီးကအရှိန်ပြင်းပြီးမူမမှန်ပဲ မောင်းနေတာကိုတွေ့ရတာကြောင့်ကြောက်လန့်ပြီးရပ်ထားစဥ်ဝင်တိုက်ခံရတာလို့သိရပါတယ်။ ကားမောင်းသူကတော့ အသက် ၂၀ အရွယ် ယောကျာ်းလေးတစ်ဦးဖြစ်ပြီး ဆိုင်ကယ်ဝပ်လျော့တစ်ခုမှာအလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာသိပ်မပြင်းထန်တဲ့အတွက် ရဲစခန်းကိုတန်းခေါ်သွားကြတယ်လို့ ဒေသခံတွေပြောပါတယ်။  ကားတိုက်ခံရတဲ့ကျောင်းသူမ နှစ်ဦးရဲ့ အမည်နဲ့နေရပ်လိပ်စာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ပူတာအိုမြိုဟာ ခရိုင်အဆင့်မြို့ဆိုပေမယ့် မြို့တွင်းလမ်းမကြီး ကျဥ်းမြောင်းတာ၊ ဒေသခံတွေ ယာဥ်အသိပညာနည်းပါးတာ၊ အရက်မူးလွန်ပြီး ကား/ဆိုင်ကယ် မောင်းနင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေမကြာခနဖြစ်ပွားလျက်ရှိပြီး ယခုနှစ် ဇန်နဝါရီ လကနေ မတ်လ အထိ ယာဥ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးအထိရှိပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 18 March
    သတင်း

    ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဟာ လူသွားလူလာနေရာတွေ၊ ကလေးတွေ ဆော့ကစားတဲ့ ကွင်းပြင်လို နေရာမျိုးတွေမှာ မူးယစ်ဆေးဝါးတွေသုံးစွဲနေကြပြီး သုံးပြီးသား ဆေးထိုးအပ်တွေကိုတော့ အဲဒီနေရာတွေမှာဘဲ စွန့်ပစ်ထားကြတယ်လို့ ဆိုပါတယ်။ “အပ်တွေဆို…

    Read More »
  • 18 March
    သတင်း

    မြစ်ကြီးနားမှာ အိမ်မွေးခွေးတွေ မကြာခဏပျောက်ဆုံးနေ

    မြစ်ကြီးနားမြို့မှာ အိမ်မှာမွေးထားတဲ့ခွေးတွေ မကြာခနပျောက်ဆုံးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ရီလမှာ လယ်ကုန်းရပ်ကွက် နယ်မြေ ( ၃ ) မှာရှိတဲ့ ခွေးတွေဆက်တိုက်ပျောက်ဆုံးနေပြီး ခွေးပျောက်တဲ့အိမ် ၅အိမ်ထိရှိလာပြီလို့သိရပါတယ်။ “ကျွန်မတို့အိမ်က နိုက်နော(ခွေး)လည်း ပျောက်သွားပြီ ဘယ်သူဘာလုပ်လိုက်လဲမသိဘူး။ နိုက်နောရှိမှ အရမ်းဟောင်တာ သူသား(ခွေး)က ကြောက်ပြီး ဘာမှသိပ်မဟောာင်ဘူး ခန္ဓာကိုယ်ဘဲ ကြီးတာ”လို့ ခွေးပိုင်ရှင် အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ အလားတူ လယ်ကုန်းရပ်ကွက်မှာသာမက တပ်ကုန်း၊ အင်ဂျန်ဒုံရပ်ကွက်၊ စီတာပူ၊ ကြက်ပေါင်ခြံရပ်ကွက်တွေမှာလည်း အိမ်မွေးခွေးတွေ ဆက်တိုက်ပျောက်တာတွေဖြစ်နေတယ်လို့ ခွေးပိုင်ရှင်တွေပြောပါတယ်။ လက်ရှိချိန်ထိတော့ ပျောက်နေတဲ့ခွေးတွေဟာ သာမန် ရိုးရိုးအိမ်မွေးခွေးတွေသာမက မျိုးရိုးကောင်းတဲ့ ခွေးတွေလည်းပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်တွေဟာ မိမိအိမ်မှာမွေးထားတဲ့ခွေးတွေက တခြားခွေးတွေနဲ့အတူ ရွာလည်ဆော့ကစားနေတယ်လို့ ထင်ခဲ့ပေမယ့် အချိန်အတန်ကြာ အိမ်ပြန်မရောက်လာတဲ့အတွက် လိုက်ရှာကြည့်မှသာ  လုံးဝအစအနမတွေ့ဘဲ ပျောက်ဆုံးနေတာကို သိခဲ့ရတယ်လို့ ပြောပါတယ်။ ခုလိုအိမ်မွေးခွေးတွေဆက်တိုက်ပျောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေကိုတိုင်ကြားချင်သော်လည်း အရေးယူပေးမှာမဟုတ်တဲ့အတွက် ခက်ခဲတွေ့နေတယ်လို့ နောက်ထပ်ခွေးပိုင်ရှင်အမျိုးသမီးတစ်ဦး ပြောပါတယ်။ “လူအသတ်ခံရတဲ့ ကိစ္စတွေတောင် မကိုင်တွယ်နိုင်မှတော့ ခွေးကိစ္စက ဘယ်သူမှ ကိုင်တွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ခွေးပိုင်ရှင်တွေကဘဲ ခံစားနေရတာပေါ့”လို့ပြောပါတယ်။ လယ်ကုန်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာဘဲ လုယက်ခံရတာတွေ ၊ ဆိုင်ကယ်ခိုးတာတွေ ၊ မီးကြိုးအခိုးခံရတာတွေကို ကြုံတွေ့ခဲ့ရ မြစ်ကြီးနားမြို့မှာ ခုနောက်ပိုင်း ခိုးမှုတွေများလာတဲ့အတွက် ပြည်သူတွေဟာ အိမ်တိုင်းလိုလိုမှာ ခွေးတွေမွေးထားကြတာဖြစ်ပါတယ်။ ခွေးပျောက်ဆုံးတာနဲ့ ပက်သက်ပြီး  လူမူကွန်ယက်စာမျက်နှာတစ်ချို့မှာတော့ မသမာသူတွေက သတ်စားတာဖြစ်သလို၊ ဖမ်းပြီးပြန်ရောင်းတာတွေဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ် မြစ်ကြီးနားမြို့မှာ လက်ရှိ ခိုးဆိုးလုယက်မှုတွေနေ့စဉ်ဖြစ်ပေါ်နေတဲ့အတွက် အိမ်မွေးခွေးတွေကလည်း အရေးပါလာပေမယ့် ခုလိုရုတ်တရက်ပျောက်ဆုံးတာတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်လာတဲ့တွက် ခွေးမွေးထားတဲ့ ခွေးပိုင်ရှင်တွေစိုးရိမ်နေကြပါတယ်။ “အိမ်ဖောက်ထွင်းခံရတဲ့ နေအိမ်တွေကများသောအားဖြင့် ခွေးမရှိတဲ့အိမ်တွေ ဖြစ်နေတယ်။ ခွေးရှိတဲ့အိမ်တွေက သူစိမ်းလာရင် ဟောင်တယ်လေတော်ယုံတန်ယုံ သူခိုးတွေလည်း မလာရဲကြဘူး အဲဒါကြောင့်ဖမ်းများ ဖမ်းပေးလိုက်ကြလား”လို့ နောက်ထပ် မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။ ဒါကြောင့် ခွေးပိုင်ရှင်တွေကနေပြီးတော့ ခွေးပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး တာဝန်ရှိသူတွေ ကူညီဖော်ထုတ်ပေးဖို့ လိုလားနေတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 17 March
    သတင်း

    ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေးမဆေးသမား ၅ ဦးသေဆုံး

    ဖားကန့်မြို့နယ် မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ မှော်ဆီစာရပ်ကွက်ရှိ စိန်စိန်ကျင်း ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မြေစာပုံပြိုကျမှုဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့…

    Read More »
  • 17 March
    သတင်း

    ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာ ကိုတာလင်းမောင်ဖမ်းခံရ 

    ဖားကန့်ဒေသအခြေစိုက်ဖြစ်တဲ့ Uru Daily News – ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာဖြစ်သူ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ကိုတာလင်းမောင်ဟာ ဒီကနေ့ ညနေပိုင်း ၄ နာရီခွဲအချိန် ဆိုင်းတောင်သွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဖားကန့်ဒေသက…

    Read More »
Back to top button