• Oct- 2024 -
    15 October
    သတင်း

    လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု

    တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။ လုပီပြည်သူ့စစ်တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ “လုပီတပ် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်အထိ သိမ်းပိုက်လိုက်ပြီ လို့ အဲလောက်အထိပဲ သတင်းရသေးတယ်။ အပြီးသတ် သိမ်းနိုင်တာက ၁၂ နာရီခွဲ ၁ နာရီလောက်မှာ သိမ်းလိုက်တာလို့ ကြားတယ်။ ဘယ်လို ပုံစံနဲ့ သိမ်းလိုက်တဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီးတော့ တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ တပ်ရင်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ခုခံကာကွယ်ပေးခဲ့ပေမယ့် လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီးတော့  စစ်အင်အား တပ်ရင်းတစ်ခုစာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ တပ်ရင်းတစ်ခုလုံးသိမ်းပိုက်မှုအပြီး KIA တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီးတော့ ကချင်အလံစိုက်ထူလိုက်ပြီလို့လည်း သိရပါတယ်။ ပန်ဝါမြို့နဲ့ အနီးဆုံး ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လုပီနယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်ပြီဖြစ်တာကြောင့် ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။ လက်ရှိ အဲ့ဒီဒေသမှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ဖုန်းအင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေနဲ့ အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေနဲ့ ဆော့လော် မြို့ နှစ်ခုကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး တပြိုင်နက် လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကချင်နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ KIA တပ်တွေဟာ အခုလအတွင်းမှာပဲ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လာနိုင်လို့လည်း သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 15 October
    သတင်း

    စစ်ရှုံးနေတဲ့ နယ်ခြားစောင့်တပ် တပ်သားသစ်အပူတပြင်းစုဆောင်းနေ

    နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာတဲ့ နယ်မြေတွေကို လက်လွှတ်လာရတဲ့ နယ်ခြားစောင့်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းတာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ ၂၀၂၄ ခုနှစ် မေလကနေ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့စစ်ဆင်ရေး ၃ လအကြာ ဇွန်လမှာတော့ ကချင်အထူးဒေသ ၁ နယ်မြေဘက်ထိုးစစ်ဆင်လာခဲ့ပြီး နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဝိုင်းမော်– ကံပိုင်တည်လမ်းမပေါ်  ၁၀၀၃ တပ်ရင်းရှိရာ စင်ကြိုင်ရွာအနီး ဆဒုံးမြို့ KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဆဒုံးမြို့ကိုသိမ်းလိုက်တဲ့နောက် ဩဂုတ်လ ၅  ရက်နေ့ဝန်းကျင်စ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေအပြင် သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လိုက်လံဖမ်းဆီးနေတယ်လို့ ချီဖွေဒေသခံတွေ ပြောပါတယ်။ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့တွေဟာ တပ်သားစတင်စုဆောင်းလာချိန် ချီဖွေ၊ပန်ဝါဒေသကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက် ဒေသခံတွေကိုအဓိက တပ်သားစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကချင်အထူးဒေသ ၁ နယ်မြေတွင်း နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာလေ တပ်သားစုဆောင်းမှုဟာ အရှိန်ဆက်မြင့်တက်လာပြီး လူမျိုးဘာသာမရွေး လူငယ်၊လူလတ်ပိုင်းတွေကို သတ္တုလုပ်ငန်းခွင်ထဲထိ ဖမ်းဆီးတာအပြင် ပန်ဝါမြို့တွင်း၊စားသောက်ဆိုင်၊တည်းခိုခန်းအထိ ဖမ်းဆီးမှုပိုဆိုးလာတယ်လို့ ပန်ဝါမြို့ခံ ပြည်သူတွေပြောပါတယ်။ “အစပိုင်းက ချီဖွေမှတ်ပုံတင်၊ပန်ဝါမှတ်ပုံတင်ကိုင်တဲ့သူတွေဘဲ ဖမ်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်းက လူမျိုမရွေးဘူးအားလုံးဖမ်းတယ်။ အလုပ်သမားကဒ်လျှောက်မယ့်သူတွေကိုလည်း ကဒ်ကမလုပ်ပေးဘဲ လူကခေါ်သွားတယ်။ ခုပန်ဝါမှာ တွေ့ရာဆွဲသလိုဖြစ်နေတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ဩဂုတ်လအတွင်း ဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို ချီဖွေ–မြစ်ကြီးနားလိုင်းကားနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက် စစ်သင်တန်းတွေပို့ဆောင်နေပေမယ့် စက်တင်ဘာလ ၂၉ ရက် ချီဖွေမြို့၊ ၃၀ ရက်နေ့ ဆော့လော်မြို့ကိုထပ်ပြီး လက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ အင်အားပိုချိနှဲ့လာပြီး ဖမ်းဆီးရမိသူတွေကို စစ်သင်တန်းမပို့နိုင်တော့ဘဲ ရှေ့တန်းကို တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ “ဖမ်းပြီးတာနဲ့စစ်သင်တန်းလည်းမပေးဘူးလေ တစ်ခါတည်းတန်းပို့တာ မနေ့ညလည်း မြို့ပေါ်အဆောင်တစ်ခုမှာ ၁၀ယောက်ကျော်ဖမ်းသွားတယ်။ တစ်ချို့နေရာတွေလည်း ဖမ်းမှာဘဲ ကျနော်သိတာက မနေ့က ၁၀ ယောက်ကျော်ဖမ်းခံသွားရတယ်။ ခုပြည်သူ့စစ်တွေက ဘာလုပ်နေလဲဆိုရင် ကလေးတွေကို စစ်သင်တန်းလည်း မပေးဘဲတစ်ခါတည်းရှေ့တန်းပို့နေတာ”လို့ပြောပါတယ်။ ဒါကတော့ အောက်တိုဘာလ ၁၄ ရက်ည ပန်ဝါမြို့ပေါ်  ဧည့်စာရင်းစစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်ဝါမြို့တွင်းအဆောင်ဌားပြီးနေထိုင်တဲ့ သတ္တုလုပ်ငန်းခွင်က လူငယ်တွေ အဆောင်ပြန်လာချိန် အစုလိုက်အပြုံလိုက်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဥိီး ပြောပါတယ်။ လတ်တလော ချီဖွေမြို့နဲ့ မိုင် ၃၀ ဝန်းကျင်မှာရှိတဲ့ ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၁၅ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင် အပြီးသတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အောက် တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော်–ကံပိုက်တည်သွားလမ်းမကြီး စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်း နဲ့ ပန်ဝါမြို့အနီးဆုံး နေရာဟာ ၁၀၀၂ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့   KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ဒါကြောင့် ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်နဲ့  KIA တပ်တို့ဟာ တိုက်ပွဲမပြင်းထန်သေးခင် နှစ်ဖက်တပ်တို့အကြား ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေအကြားသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်  ပြေလည်မှုမရရှိတဲ့အပြင် နယ်ခြားစောင့်တပ်ဘက်က စစ်မိန့်ထုတ်ပြန်လိုက်တာကြောင့် ခုလိုတိုက်ပွဲပြင်းထန်လာတာလို့ ပန်ဝါဒေသခံပြည်သူတွေပြောပါတယ်။  ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းက ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ မှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ်  ပြောင်းလဲရပ်တည်လိုက်ပါတယ်။ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပဲ နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာပြီး  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် နယ်ခြားစောင့်တပ်ဘက် စစ်မိန့်ထုတ်ပြန်လာပါတယ်။  အဲဒီစစ်မိန့်ထုတ်ပြန်လိုက်ပြီးနောက် တစ်လအကြာ ဩဂုတ်လမှာ KIA ပူးပေါင်းတပ်က ဆဒုံးမြို့ကို သိမ်းလိုက်ပြီး စက်တင်ဘာလကုန်ပိုင်း ချီဖွေနဲ့ဆော့လော်ကိုထပ်သိမ်းထားပြီး လက်ရှိ  KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဟာ ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိ ပန်ဝါမြို့ဦးတည်နေပြီး  လက်တစ်ကမ်းအလိုမှာရောက်ရှိနေပြီဖြစ်ပါတယ်။ By…

    Read More »
  • 15 October
    သတင်း

    လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦး သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံအမျိုးသား ၄ ဦး သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်နဲ့ ညနေပိုင်း ၆ နာရီ လောက်မှာ လားရှိုးမြို့နယ်အီနိုင်းရွာနဲ့ မြို့ပြင် နားမခေါ်ကားကွင်းအနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ အီနိုင်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းထဲက ခန်းမဆောင်တစ်ခုနဲ့ ဖွင့်နေဆဲ မူကြိုကျောင်းတစ်ခုပျက်ဆီးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့ ၄ နှစ် အရွယ် ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦး KNG ကို ပြောပါတယ်။ “အီနိုင်းရွာမှာက ဟိုအရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေအမြဲတမ်းသွားလာလှုပ်ရှားတဲ့ရွာဖြစ်တယ်။ ဒါပေမဲ့ သူတို့လှုပ်ရှားတယ်ဆိုပေမဲ့ ရွာထဲမှာနေတာမဟုတ်ဘူး။ ရွာနီးခြောက်စပ်တွေမှာနေတာဖြစ်တယ်။ ဆိုတော့ အီနိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်ဆိုတဲ့ သတင်းကြောင့်မို့လုပ်လိုက်တာလို့ယူဆ လို့ရတယ် ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူလူထုပဲထိသွားတာပေါ့”လို့ ပြောပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြင်ကွင်း အီနိုင်းကျေးရွာဟာ လားရှိုးမြို့နဲ့ ၇ မိုင်လောက်သာကွာဝေးတဲ့ကျေးရွာဖြစ်ပြီး ကချင် နဲ့ တရုတ် လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လေကြောင်းထပ်မံတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့ပြင်က နားမခေါ် ကားကွင်းအနီးလေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။ “မနေ့ကညပိုင်းပေါ့ မြို့အထွက်ကားကြီးကွင်းနားလေးမှာ တစ်ခါပြန်ထပ်လာကြဲတော့ အဲ့မှာလည်း အမျိုးသား တစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်ပေါ့နော်။ မနေ့ကတစ်ရက်တည်းမှာပဲ ၄ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရခဲ့တာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေအကြား ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေပြီး အီနိုင်းကျေးရွာက ဒေသခံတစ်ချို့ကတော့ ဘေးလွှတ်ရာတွေမှာယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 15 October
    သတင်း

    ကသာမှာ သန်းခေါင်စာရင်းကောက်နေတဲ့အချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူနေတဲ့အချိန်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းကတည်းကစတင်လို့ ကသာမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်သားတွေအပါအဝင် ရဲတပ်ဖွဲ့တစ်ချို့လုံခြုံရေးယူကာ သန်းခေါင်စာရင်းစတင်ကောက်ခံနေတာဖြစ်ပြီး ကသာမြို့နယ် ရပ်ကွက်…

    Read More »
  • 14 October
    သတင်း

    မြစ်ကြီးနား- မန္တလေးလမ်းပိုင်းပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာပြီး ကုန်စျေးနှုန်းဆက်မြင့်တက်

    မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း စစ်ရေးအခြေနေကြောင့်ပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာတဲ့အတွက် မြစ်ကြီးနားမြို့မှာ ကုန်စျေးနှုန်းဆက်မြင့်တက်နေဆဲပဲလို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်ကနေ KIA၊ PDF ပူးပေါင်းတပ်နဲ့  စစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့်  စစ်ကိုင်း–ကချင်အစပ် အင်းတော်မြို့နယ်ကားလမ်းပိုင်းပိတ်ထားရာကနေ…

    Read More »
  • 14 October
    သတင်း

    လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ

    ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ လန်ဆယ်ကျေးရွာဟာ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေတနိုင်တစ်ပိုင်ကျောက်ရွှေတူးတာရှိသလို မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေရဲ့လုပ်ကွက်တွေမှာ ကျောက်ရွှေတူးဖော်ကြတဲ့နေရာဖြစ်ပါတယ်။ လတ်တလော…

    Read More »
  • 14 October
    သတင်း

    ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော

    ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို  KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • 14 October
    သတင်း

    ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ 

    ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွားကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရတယ်”လို့ ပြောပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ်လုပ်ပေးဖိုတောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့သူ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသမရွေးဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကားမောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့မောင်းနေရတာပေါ့”လို့ ပြောပါတယ်။ လက်ရှိ တပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က  ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေးဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။  ကချင်– တရုတ်နယ်စပ်မှာရှိတဲ့ ကန်ပိုင်တည်မြို့ဟာ ဝိုင်းမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်၂၀၈.၅၉ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအနေနဲ့ ၅၄၆၀ ဦးရှိပြီး ခရစ်ယာန်အများစုနေထိုင်တယ်ဒေသဖြစ်တယ်လို့  မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်– ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Hope

    Read More »
  • 12 October
    သတင်း

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ် ၄ ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး  KNG ကိုခုလိုပြောပါတယ်။ “ဟိုနေ့က လူငယ် ၄ ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့စ  SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။  လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့်  နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။  နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။ By – Zami

    Read More »
  • 12 October
    တိုက်ပွဲ

    ပန်ဝါမြို့အနီး ၁‌၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်‌ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ

    ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။ “Y12 တစ်စီး ပတ်ပြီးကြဲ‌နေတာ တရုတ်နာရီ ၁၁ နာရီ ၅၀…

    Read More »
Back to top button