-
Feb- 2026 -13 Februaryသတင်း
ဗျူဟာလမ်းမပေါ်က တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကြန့်ကြာမှုရှိနေ
မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမပေါ်က ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားတွေကွင်းလမ်းအသုံးပြုသွားလာနေရတဲ့အတွက် ခရီးစဉ် ၃ ညအိပ် ၄ ရက် ခရီးနှင်နေရတယ်လို့ ကားသမားတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF၊ ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ် တွေဟာ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်နေတာလို့ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ထားပါ တယ်။ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ စစ်ကိုင်းကချင်အစပ်ကဒေသခံအမျိုးသားတစ်ဦးက“လုံခြုံရေးစိုးရိမ်ချက်ဆိုတာထက် ကျောက်တန်းမှာကလည်းစစ်ကောင်စီတပ်တွေကစိုးမိုးသွားတယ်။ အဲ့ဘက်ကလည်း တိုက်ပွဲ ကအချိန်မရွေးဖြစ်နိုင်တယ်။ စစ်ဒေသကလည်းထုတ်ပြန်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကကို တိုက်ပွဲတွေကဆက်ဖြစ်နေတာ အဲ့လမ်းပိုင်းမှာ။ ဒါ့ကြောင့် တိုက်ပွဲမှာပြည်သူကြားညှပ်မှာစိုးလို့ ပိတ်ခိုင်းတာလို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရ ကန့်ဘလူနယ်၊ ကောလင်းနယ်ထဲက မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်အထိုင်ဂိတ်တွေကို အထက်ပါပူးပေါင်းတပ်တွေကတိုက်ခိုက်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိကို နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။ ခုလို မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ် ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေရဲ့စစ်ရေးအခြေနေအရ ဗျူးဟာလမ်းပိတ်ထားတာကြောင့်ဖြစ်တဲ့အတွက် ကွင်းလမ်းကိုအသုံးပြုနေ့ရတာလို့သိရပါတယ်။ “လမ်းကြောင်းတွေက ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက်နဲ့ပေါ့။ ကျောက်တန်းမှာကလည်းတပ်ထိုင်လိုက်တယ်။ တပ်ထိုင်တာကတော့အရေးမကြီးဘူး။ အဲ့တပ်ဂိတ်ကိုမရောက်ခင် ကာကွယ်ရေးတပ်တွေရဲ့ဂိတ်ရှိတာကို အဲ့တော့ အဲ့လမ်းကို ၄၅ မိနစ်လောက်မောင်းရမှာကို ၄ နာရီဝန်းကျင်လောက်ပတ်ပြီးမောင်းနေရတာပေါ့။ ခရီးစဥ်က သုံးညအိပ် လေးရက်ကြာတယ်”ကားသမားတစ်ယောက်ကပြောပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။ အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား–မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။ By – အမိုး
Read More » -
13 Februaryသတင်း
မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ KNG စုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ပထမအပတ် လယ်ကုန်း၊ဇီးလွန်၊ကွက်သစ်ရပ်ကွက်ရှိ အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကို ဖြုတ်ခိုးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေပြာပါတယ်။ ဒါကြောင့် လျှပ်စစ်မီးပြန်လာဖို့အတွက် ကျပ်သိန်း ၆၀ အကုန်ကျခံကာ တစ်အိမ်ကို ၅ သောင်းကျပ်နှုန်းနဲ့ လျှပ်စစ်ကြိုးအသစ်တွေကို ပြန်လည်တပ်ဆင်ပြီး ပြုပြင်ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။ “ဖြစ်တာ သုံးလေးရက်တစ်ပတ်မှဘဲ သိတာ။ အကုန်လုံးက မီးမမှန်လို့ဘဲလို့ ထင်ထားကြတာလေ။ သူတို့ဟာက အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေတော့ မဟုတ်တော့ဘဲနဲ့ Transformer က မီးကြိုးအကြီးမျိုး ဖြစ်နေတာတဲ့”လို့ ဆိုပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံတောင် service ကြိုးတွေအခိုးခံခဲ့ရသလို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ ၃မှာလည်း serviceမီးကြိုးတွေ ပြန်အခိုးခံလိုက်တယ်လို့ သိရပါတယ်။ ခုလို မီးကြိုးတွေအခိုးခံရမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၅ ခုလောက်ကတော့ လျှပ်စစ်မီးတွေ ပျက်ခဲ့ရသလို ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ခုလို အမှောင်ကျနေတဲ့ အချိန်တွေမှာ ခိုးလေ့ရှိတဲ့ သူခိုးတွေအတွက်ကတော့ လျှပ်စစ်မီး မကြာခန ပြတ်တောက်တာတွေဟာ အားသာချက်လို ဖြစ်နေပါတယ်။ လျှပ်စစ်မီးကြိုးခိုးတာတွေအပြင် အိမ်ထဲက အဖွဲ့လိုက် ဆိုင်ကယ်ဝင်ခိုးတာတွေ၊ ရပ်ကွက်တွေထဲက ပေါ်ပေါ်တင်တင် ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာ လုယက်တာတွေကိုပါ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ခုလို ခိုးဆိုးလုယက်သူတွေဟာ ပိုမိုအတင့်ရဲလာတဲ့အတွက် မြစ်ကြီးနားမြို့က အပြစ်မဲ့ပြည်သူတွေအတွက်ကတော့ လုံခြုံမှုမရှိသလို ပိုမို ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကနေပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ By – Hope
Read More » -
13 Februaryသတင်း
ကြွက်ဘေးဒဏ်သင့် ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာတစ်ချို့ စားနပ်ရိက္ခာအကူညီလိုအပ်
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင်း ကြွက်ဘေးဒဏ်ကျ ရောက်ခဲ့တဲ့ကျေးရွာတစ်ချို့မှာဆေးဝါးနဲ့စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့နယ်ကြားမှာရှိတဲ့ အင်စီးယန်ကျေးရွာနဲ့ ခင်ဒူယန်ကျေးရွာ ၂ ရွာ ဒေသခံ တွေဟာ ကြွက်ဘေးဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း ဒီနေ့ချိန်ထိစားနပ်ရိက္ခာခက်ခဲသွားတဲ့အတွက် ပိန်းဥ၊ ကန်စွန်းဥတွေစားနေရတယ်လို့ ဆိုပါတယ်။ “တောင်ယာ၊အခင်းစပါးတွေ လုံး၀ရိတ်သိမ်းရတာမရှိဘူးဆိုတော့ စားဖို့ဆန်မရှိ၊…
Read More » -
12 Februaryသတင်း
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိနေ
ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက် ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀…
Read More » -
12 Februaryသတင်း
ဗန်းမောက်မြို့အလုံးစုံကို SNA ပြန်လည်ထိန်းချုပ်
ဗန်းမောက်မြို့ကို ၄ လကျော်ကြာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာဘဲ အင်အားရာနဲ့ချီရှိတဲ့ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
12 Februaryသတင်း
လက်လွတ်လိုက်ရတဲ့ ပြည်သူ့စစ်ဂိတ်နေရာတွေပြန်ရဖို့ ခလရ ၅၈ တပ်ရင်းနဲ့ နီးကပ်လာတဲ့အထိ တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ နေရာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြားရှိ ပြည်သူ့စစ်ဂိတ်နှစ်ခုကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး…
Read More » -
10 Februaryသတင်း
ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီးဆိုပါတယ်။ “စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ By –…
Read More » -
10 Februaryသတင်း
အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လုံးတုံ၊ ဟဲပု၊ ဟဲပါးဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းအတွင်း အရေးပါတဲ့လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်တယ်လို့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “လမ်းကို ဒီဘက် စစ်ကောင်စီနဲ့ ရှမ်းနီဘက်က ပိတ်ထားတယ်ဗျ။ လုံးတုံကနေ နန့်မွန်းတောင်ဂိတ်အကြားကို ပိတ်ထားတာပါ။ လုံးတုံကနေ ဖားကန့်ဘက်ကို အထွက်မရသလို ဖားကန့်ကနေ လုံးတုံထဲကိုလည်း ဝင်မရဘူး။ ပြီးတော့ ဟိုပင်ဘက်ကနေလာရင်လည်း နန့်မွန်းတောင်ဂိတ်မှာ အဝင်အထွက် ပိတ်ထားတယ်။ ပိတ်ထားတာ တစ်ပတ်လောက်တော့ ပြည့်တော့မယ်”လို့ ပြောပါတယ်။ ခုလိုလမ်းပိတ်ထားတဲ့အတွက် လက်ရှိ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်း၊ လုံးတုံ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်သို့ တိမ်းရှောင်နိုင်ခြင်းမရှိပဲ ကျေးရွာအတွင်းတောတောင်တွေမှာ ယာယီတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ “ကြားထဲက ရွာတွေကတော့ အထွက်လည်းမရ၊ အဝင်လည်းမရလို့ အခက်အခဲကြီးတယ်။ လမ်းပိတ်ထားတော့ လုံးတုံဘက်က လူတွေကတော့ ရှောင်တဲ့သူ ရှောင်ကြတယ်။ လက်နက်ကြီးတွေ ဟိုဘက်ဒီဘက် ပစ်နေတော့ ရွာထဲမှာပဲ နေတဲ့သူတွေလည်း ရှိတယ်”လို့ အထက်ဖော်ပြပါ နန့်မွန်းမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာ နောက်ထပ် နန့်မွန်းတောင်နဲ့လုံးတုံအကြားကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ပိတ်ထားတဲ့အတွက် လက်ရှိ နန့်မွန်းတောင်နဲ့လုံးတုံအကြားရှိ ကျေးရွာတွေပိတ်မိနေတယ်လို့ဒေသခံများက ဆိုပါတယ်။ “ကားလည်း သွားလို့မရဘူး၊ ဆိုင်ကယ်လည်း မရဘူး။ အရေးကြီးတဲ့လူလောက်ပဲ ဒါတောင် မနည်းပြောယူပြီး သွားရတယ်။ ဆိုင်ကယ်နဲ့လည်း မလွယ်ပါဘူး၊ သွားလာဖို့ ခက်တယ်။ ကြားထဲက ရွာတွေကတော့ ပိုပြီးခက်တယ်၊ ထွက်လို့မရဘူး”လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ လတ်တလော အင်းတော်ကြီးရဲ့ တစ်ဖက်ကမ်းရှိ ဟဲပုကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံးတုံမှာတော့ နှစ်ဖက်တပ်အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လုံးတုံအထိုင်တပ်ဟာ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့အကြီးဆုံး အထိုင်တပ်တစ်ခုဖြစ်ပြီး နန့်မွန်းအထိုင်တပ်မှာ ဒုတိယအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လုံးတုံမှ နန့်မွန်းအထိ မိုင်းနောင်၊ မမုံကိုင်၊ ရွှေလက်ပံ စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး လုံးတုံအကျော်ရှိ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်နှင့် အင်းတော်ကြီးကန် တစ်ဖက်ခြမ်းရှိ ဟဲပု၊ ဟဲပါး၊ ဝေလုံ၊ ချောင်းဝဘက်တို့ကို KIA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားကြောင်း သိရပါတယ်။ By – Zaw Zaw
Read More » -
7 Februaryဆောင်းပါး
မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ
“ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။ တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ်…
Read More » -
6 Februaryသတင်း
ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…
Read More »









