• Mar- 2026 -
    16 March
    သတင်း

    တနိုင်းမှာ ကုန်စိမ်းသည်တစ်ဦး ဓားထိုးခံရပြီးသေဆုံး

    ကချင်ပြည််နယ် တနိုင်းမြို့မှာ ကုန်စိမ်းရောင်းတဲ့အမျိုးသမီးတစ်ဦး ဓားထိုးလုယက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်ထဲကမိုးမလင်းစျေးမှာ မတ်လ ၁၃ ရက်  မနက် ၂ နာရီခန့် ကုန်စိမ်းသည်အမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးကနေ ပစ္စည်းလုယက်ပြီး ဓါးနဲ့ထိုးသွားတာဖြစ်တယ်လို့ တနိုင်းမြို့ခံ အမျိုးသားတစ်ဦး KNG…

    Read More »
  • 15 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မြေရှား လုပ်သားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရမှုကို ဖြေရှင်းပေးရန် တောင်းဆို

    မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကျေးရွာကြားရှိ မြေရှားသတ္တုလုပ်ကွက်ထဲက အလုပ်သမားတွေ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု နှင့် လစာပုံမှန် မရရှိမှု စသည့်အခြေနေတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။ တရုတ်နယ်စပ် မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကြားက မြေရှားသတ္တုလုပ်ကွက်တွေမှာ မြေရှားလုပ်သားတွေဟာ တစ်လကို တရုတ် ယွမ်ငွေ ၂,၆၀၀ ကနေ…

    Read More »
  • 14 March
    သတင်း

    ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်နေပြီး TNLA စခန်းတစ်ချို့ ကိုးကန့်တပ်ဝင်စီးထား

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ထိန်းချူပ်ထားတဲ့ TNLA ကို ကိုးကန့် MNDAA တပ်က ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီး လက်ရှိ မြို့ထဲက TNLA စခန်းတစ်ချို့ကို ကိုးကန့်တပ် ဝင်စီးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့…

    Read More »
  • 13 March
    သတင်း

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 March
    သတင်း

    စစ်တပ်နှင့် SNA တပ်တို့ မရှီကထောင်ရွာအထိဝင်ရောက်နေရာယူပြီး တိုက်ပွဲဖော်ဆောင်လာ

    ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တစ်လကျော်ခန့်အကြာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KBC ဆုတောင်းကုန်းခြေရင်းနဲ့ ထုံးဘိုတစ်လျှောက်မှာ စစ်ကြောင်းထိုးခြေကုတ်နေရာယူထားတဲ့ စစ်တပ်နဲ့ SNA တပ်တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွေအထိ စစ်ရေးလှုပ်ရှားပြီးတိုက်ပွဲဖော်ဆောင်လာတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်တိုက်ပွဲက ရပ်ကွက်တွေအထိ ထိတွေ့တိုက်ပွဲတွေရှိလာတယ်။ အခုကမရှီကထောင်ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပေါ် လမ်းကြား၊ လူနေအိမ်တွေမှာကော နေပြီး စစ်ရေးလှုပ်ရှားလာတယ်။ သိရသလောက်က တစ်နေရာမှာ ၁၀ ယောက်တစ်စု၊ ၇ ယောက်တစ်စုနေရာယူထားကြပြီ။ မရှီကထောင်ရဲ့ အနောက်ဘက်ခြမ်းမှာက စစ်ရေးရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မရှီကထောင်ဆုတောင်းကုန်းတစ်လျှောက်ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ သို့ပေမယ့် မရှီကထောင်ဆုတောင်းကုန်း အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားပြီးတော့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကြောင်းထိုးတက်လို့မရဘဲ လက်ရှိမှာ မရှီကထောင်ကျေးရွာတွင်းအထိ စစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာတွင်း နေရာယူပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နေအိမ်တွေကိုဖောက်ထွင်းပြီး တန်းဖိုးရှိ အိမ်တွင်းပစ္စည်းတွေကို ခိုးယူတာတွေလည်း ဆက်ပြီးလုပ်နေတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြီးပြောပြပါတယ်။ “အခုက မရှီကထောင်ကျေးရွာထဲမှာ နေရာယူထားပြီးတော့ သွားလာတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို သယ်နိုင်သလောက် တခြားနေရာကို သယ်ယူကြတယ်။ ပြည်သူတစ်ချို့က စိုးရိမ်ပြီးတော့ ကိုယ့်အိမ်ထဲမှာပဲရသလိုနေကြတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မရှီကထောင်အနောက်ဘက်ခြမ်း တိုက်ပွဲစတင်ပြင်းထန်လာချိန် KBC ဆုတောင်းကုန်းပတ်လည်နေထိုင်ကြတဲ့ အိမ်ထောင်စု ၅၀ ခန့်က ပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ ပြည်သူတွေအများပိုင်း နေအိမ်စွန့်ခွာပြီး ထွက်သွားပြီးနောက် စစ်တပ်က ရွာထဲဝင်ရောက်ခွင့်ကို ထပ်မံပိတ်ဆို့လိုက်ကာ နေအိမ်အတွင်းမှ ကျောက်စိမ်းတုံး၊ ကျောက်စိမ်းတူးဖော်ရာမှာအသုံးပြုတဲ့ စက်ယန္တရားသေးစားနဲ့ ကျောက်မီးသွေးတွေကိုပါ ခိုးယူမှုရှိခဲ့ပါတယ်။ တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ပြည်သူတွေက အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ဖားကန့်တပ်မကုန်းအထိ သွားရောက်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ခွင့်မပြုဘဲ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖြစ်စဉ်တွေလည်း ဖေဖော်ဝါရီလအတွင်းမှာဖြစ်ခဲ့ပါတယ်။ ယခုတစ်ဖန် မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူမရှိတဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေဆက်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ဖားကန့်မရှီကထောင်အနောက်ဘက်ခြမ်းမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတစ်လုံးနှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ယခုမတ်လအတွင်းမှာ အနည်းငယ်ငြိမ်သက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်တပ်တိုက်ပွဲတွေငြိမ်သက်သလိုရှိပေမယ့် တစ်ရက်ခြား၊ နှစ်ရက်ခြား ထိတွေ့တိုက်ပွဲတွေဆက်ရှိနေသလို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်တာတွေပုံမှန်လုပ်ဆောင်နေတယ်လို့ နောက်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “စစ်တပ်သားတွေက မရှီကထောင်ဆုတောင်းကုန်းတဝိုက်နေရာယူထားသေးတယ်။ နှစ်ဖက်တပ် ပစ်လိုက်နားလိုက်နဲ့ရှိနေကြတယ်။ ပြီးရင် စစ်တပ်ဘက်က ဗျူဟာကုန်းကနေ ပုံမှန်ပစ်နေသေးတယ်။ ခါတိုင်းလိုပစ်တာ ခပ်စိပ်စိပ်မရှိတာပဲရှိတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတော်တော်စိပ်တယ်။ မနေ့ကအထိတော့ နည်းနည်းငြိမ်တယ်”လို့ပြောပါတယ်။ လက်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KBC ဆုတောင်းကုန်းအောက်ခြေရင်းတဝိုက်မှာ နေရာယူထားပြီး KIA နဲ့ PDF တပ်ဖွဲ့တွေက တောင်ကုန်းအပေါ်ဘက်မှာရှိကာ အပြန်အလှန်စောင့်ကြည့်နေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ သတင်းအရင်းအမြစ်တွေပြောဆိုချက်ရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ကာလအတွင်း တိုက်ပွဲမဖော်ဆောင်ပေးဖို့ ပြည်သူတွေတောင်းဆိုထားတာတွေရှိနေတာကြောင့် တိုက်ပွဲအနည်းငယ်ငြိမ်သက်နေတာဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ၂၀၂၆ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံကျေးရွာတွေဘက်ကို ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းကနေ တိုက်ပွဲဖော်ဆောင်လာတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေသုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 March
    သတင်း

    KBZPay ကို အကြောင်းပြပြီး လိမ်လည်မှုတွေ များလာတာကြောင့် အသုံးပြုသူတွေ စိုးရိမ်မှုမြင့်တက်

    KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေမှာ “KBZPay Call Center ကပါ” ဆိုပြီး ဆက်သွယ်လာတဲ့ လိမ်လည်မှုတွေ များလာနေတာနဲ့အတူ တချို့အသုံးပြုသူတွေ KBZPay အကောင့်ဟက်ခံရတာ၊ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် KBZPay အသုံးပြုသူတစ်ချို့အတွက် ကိုယ့်ရဲ့ငွေတွေကို ယုံယုံကြည်ကြည်နဲ့ ထည့်ထားဖို့ ပိုမိုခက်ခဲလာတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “KBZPay မှာ ပိုက်ဆံမသိမ်းရဲတော့ဘူး။ ထည့်ရင်တောင် ထောင်ဂဏန်းလောက်ပဲ ထည့်ရဲတယ်။ အများကြီးထည့်လိုက်ရင် ဘယ်အချိန်ပျောက်သွားမလဲဆိုပြီး စိုးရိမ်နေရတယ်။ ကိုယ့်ငွေတွေ ထည့်ထားရင်လည်း စိတ်မချဖြစ်နေတယ်။ ဒါကြောင့် အခုတော့ KBZPay မှာ ပိုက်ဆံမထည့်တော့ဘူး”လို့ သူက ပြောပါတယ်။ ဒါ့အပြင် လတ်တလောမှာ “KBZPay ကို အပြီးတိုင် ပိတ်သိမ်းပြီးဖြစ်တဲ့အတွက် အကောင့်ပိုင်ရှင်တွေ အနေနဲ့ ဘဏ်ကို လူကိုယ်တိုင် လာရောက်ဖြေရှင်းရမယ်” ဆိုတဲ့ စာတွေ လက်ခံရရှိထားတယ်ဆိုတဲ့ သတင်းတွေပါ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ လူမှုကွန်ယက်ပေါ်မှာတော့ KBZPay ကို မကြာမီ အပြီးတိုင်ပိတ်သိမ်းတော့မယ်ဆိုပြီး အကောင့်ပိုင်ရှင်တွေ ဘဏ်ကို ကိုယ်တိုင်လာရောက်ဖြေရှင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး KBZPay Call Center ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အဲဒီသတင်းတွေဟာ ကောလဟာလသာဖြစ်ပြီး တရားဝင် ထုတ်ပြန်ထားတာမရှိဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။ “KBZPay ကို သီးသန့်ပိတ်သိမ်းတာမျိုးတော့ ကျွန်တော်တို့ဘက်က မရှိပါဘူး။ ဒါက ကောလဟာလဖြစ်ပါလိမ့်မယ်။ တရားဝင်ညွှန်ကြားချက်လည်း မရှိပါဘူး။ အကောင့်ပိုင်ရှင်တွေ ကိုယ်တိုင် ပိတ်သိမ်းဖို့ ဆက်သွယ်လာမှသာ ကျွန်တော်တို့ဘက်က လမ်းညွှန်ပေးရတာ ဖြစ်ပါတယ်”လို့ Call Center တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အကောင့်ပိုင်ရှင်တွေက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ၊ ငွေရေးကြေးရေး မသမာမှုတွေနဲ့ ဆက်နွယ်နေပါက အကောင့်ကို ယာယီပိတ်ထားတာမျိုးတော့ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ ဗဟိုဘဏ်က KBZPay Level 1 အကောင့်တွေကို မသမာသူတွေက အချက်အလက်မှန်ကန်စွာ မဖြည့်ဘဲ ဖွင့်ကာ တရားမဝင်ငွေလွှဲပြောင်းမှုနဲ့ ငွေလိမ်လည်မှုတွေ ပြုလုပ်နေတဲ့အတွက် ဖြေရှင်းရလွယ်ကူစေရန် ဖျက်သိမ်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် Level 1 အသုံးပြုသူတွေဟာ Level…

    Read More »
  • 13 March
    သတင်း

    ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး

    စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင် ၄ ပါး၊ ဦးဇင်း ၂ ပါးနဲ့ ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ “ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။”လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာလည်း အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့တည်နေရာတွေဟာ တစ်နေရာနဲ့တစ်နေရာအလှမ်းဝေးတာကြောင့် ထီးချိုင့်မြို့နယ်အနှံ့ကို ဦးတည်ပြီး စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ “နေရာတွေကတော့မနီးဘူးပေါ့နော်။ ဝေးတယ်ပေါ့နော်နေရာတွေက တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတော့ ထီးချိုင့် မြို့နယ် အနှံ့လိုမျိုးဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီလေကြောင်းတိုက်ခိုက်တာကလည်း ဒီဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဆေးရုံတွေဘုန်းကြီးကျောင်းတွေကိုပဲတိုက်ခိုက်နေတယ်။ ဒါကတော့ သူတို့ရဲ့အမြဲတမ်းလုပ် နေကျလုပ်ရပ်ပေါ့နော် အဲ့လိုပဲမြင်ပါတယ်။”လို့အထက်ပါ ထီးချိုင်မြို့ခံအမျိုးသမီးကပဲဆက်ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ကိုယ်ရင် ၈ ပါးအပါအဝင် စုစုပေါင်း ၁၉ ဦးအထိထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စပါးတိုက်တွေအပါအဝင် တိုက်နယ်ဆေးရုံကဓာတ်မှန်ခန်းနဲ့ အရပ်သားနေအိမ် ၁၀လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဒေသခံအချို့ဟာ နီးစပ်ရာကျေးရွာများနဲ့ တောတောင်များဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝှမ်းကဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေကိုလည်း ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊ ကောလင်း၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်း‌ကျေးရွာကရွှေဖောင်တွေကို ပြီးခဲ့တဲ့မတ်လရက်ပိုင်းတွေမှာပဲဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်မှုအားလုံးမှာ အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 12 March
    သတင်း

    သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။ “ဒီမှာက တူးပဲတူးတာ သန့်စင်တာက တရုတ်ပြည်ထဲမှာ သန့်စင်တာဗျ။ လမ်းကြောင်းကတော့ ကျနော်တို့ စီသာ၊ စီသောင် နယ်မြေကို ဖြတ်ပြီး ရွှေကူ–ဗန်းမော် လမ်းမကြီးကို ထွက်တယ်။ အဲဒီကနေ မံစီဘက်ကို ထွက်ပြီး မံစီကနေ မံဝိန်းကြီးဘက်ကို ဆက်ထွက်ပြီး အဲဒီကနေ တရုတ်ပြည်ထဲ ဝင်တာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ သံကျောက် တစ်ကြိမ်သယ်ထုတ်လျှင် ကုန်ကားကြီးအစီး ၂၀ နဲ့ ၃၀ ကြားဖြင့်အလုံးအရင်း သယ်ဆောင်နေတဲ့အတွက် ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေကူမြို့နယ်အတွင်း သံသတ္တုရိုင်းတူးဖော်နေတဲ့ဒေသတွေဟာ KIA တပ်ရင်း ( ၁၂ ) နယ်မြေဖြစ်ပြီး KIO အစိုးရရဲ့ခွင့်ပြုချက်နဲ့တူးဖောနေကြကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။  ခုလို သံသတ္တုရိုင်းကို ကြီးကြီးမားမားတူးဖော်နေတဲ့အတွက် ဒေသခံတွေရဲ့ ကျွဲ၊နွား စားကျက်မြေကျဉ်းမြောင်းလာတာ၊ တောင်ယာနဲ့ သီးနှံစိုက်ခင်းတွေ အသုံးပြုတဲ့မြေလွှတ်မြေရိုင်းလျော့နည်းလာတာ၊ ရေအရင်းမြစ်တွေလည်းထိခိုက်ပျက်စီးတာတွေ ရှိလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သံသတ္တုရိုင်းတူးဖော်တဲ့ ပုံစံဟာ ရွှေတူးဖော်တဲ့ ပုံစံလို မဟုတ်ဘဲ ဘတ်ဖိုးတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး တောင်တွေကို ဖြိုဖျက်၊ မြေတွေကို လှန်ပြီး တူးဖော်ရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ မြေယာပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရွှေကူနယ် တစ်ဝိုက်တူးဖော်တဲ့ သံသတ္တုရိုင်းတွေကို အမှုန့်ကြိတ်တဲ့အထိ လုပ်ဆောင်တာမျိုးမဟုတ်ပဲ ကျောက်တုံးလိုက်တင်ဆောင်သွားတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ နောက်ထပ် မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ ဆိုင်မိုင်ပါ အနီးမှာလည်း တရုတ်လုပ်ငန်းရှင်တွေက သံကျောက်သတ္တုကိုတူးဖော်နေကြတယ်လို့ သိရပါတယ်။ ဆိုင်မိုင်ရွာနီး တူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ကျောက်တုံးလိုက်တင်ဆောင်တာမျိုးမဟုတ်ပဲ အမှုန့်ကြိတ်ယူတဲ့အဆင့်ထိ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုန့်ကြိတ်စက်ဟာ ကျေးရွာအနီးဝန်းမှာထားရှိတဲ့အတွက် ကျောက်အမှု့န်ကြိတ်စက်က အမှုန့်တွေဟာ ရွာထဲရှိ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေတွက် အသက်ရှုလမ်းကြောင်နဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် သံသတ္တုကြိတ်တဲ့စက်အနီး ရေစစ်ကန်လည်းလုပ်ထားပြီး အဲဒီရေစစ်ကန်ကအရည်တွေဟာ အနီရောင်ဖြစ်ကာ  အနီးနားရှိ ချောင်းရေများသို့စီးဝင်တာတွေရှိတဲ့တွက် ရေအရင်းအမြစ်များ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သံကျောက်သတ္တုတူးဖော်တဲ့နေရာတွေဟာ တောင်ပေါ်၊လယ်ယာ၊မြေစာတွေအားလုံးဖုံးသွားတဲ့အတွက် ဘိုးဘွားပိုင်မြေယာတွေဆုံးရှုံးနစ်နာမှုအကြီးမားဆုံးကြုံတွေ့နေကြရပြီး ဒေသခံတွေအတွက် ရေရှည်လုပ်ကိုင် စားသောက်ဖို့ခက်ခဲမှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတစ်ဦးခုလိုပြောပါတယ်။  “KIO ကလုပ်နေတဲ့ သံကျောက်တူးတာနဲ့ပတ်သက်ပြီး ရွာသားတွေက အရမ်းသဘောတူတာတော့ မဟုတ်ဘူး။ ကျနော်တို့က စစ်ရှောင်နေရပ်ပြန်ရွာတွေလည်းဖြစ်တယ် ဒါကြောင့်အလုပ်ကိုင် စားသောက်ဖို့ လိုအပ်ချက်ကြောင့် ခွင့်ပြုထားတဲ့ပုံစံတော့ ဟုတ်တယ်။ဒါပေမယ့် ရွာနဲ့အရမ်းနီးလာရင်တော့ မကောင်းဘူးပေါ့” လို့ ဆိုင်မိုင်ရွာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆိုင်မိုင်ကျေးရွာအနီး သံကျောက်သတ္တုတူးဖော်မှုကိုတော့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် ၂၀၀၈ ခုနှစ်ဝန်းကျင်ကစပြီး ဦတေဇပိုင် (ထူးကုမ္မဏီ)က စပြီးတူးဖော်နေရာကနေ စစ်တပ်က အဲကုမ္မဏီကို ဖမ်းဆီးထိန်းချုပ်လိုက်တာဖြစ်ပါတယ်။…

    Read More »
  • 12 March
    သတင်း

    ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။ လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ အာရုနာချယ်ပြည်နယ်(Arunachal Pradesh) ထဲအထိသွားရောက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ “သွားတာကတော့ တရားဝင်နယ်စပ်လမ်းနဲ့ပဲသွားကြတယ် ဒါပေမယ့် သူများနိုင်ငံမှာသွားကုတာဆိုတော့ကုန်ကျအရမ်းများတယ်။ လမ်းစရိတ်အပြင် ဟိုရောက်ရင် အခန်းခတွေပေးရတယ် နောက်ပြီးဒီကသွားတဲ့လူအများပိုင်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲသွားကုကြတာ အစိုးရဆေးရုံမှာကဒီဘက်ကလာတဲ့လူနာကိုသိပ်ပြီးဂရုမစိုက်ဘူး။ တခါသွားကုဖို့သိန်းဆယ်ချီကုန်တယ်လေး”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဒါ့အပြင် ဆေးကုသသွားသူတွေဟာ အိန္ဒိယ–မြန်မာနယ်စပ် နာမ်ပေါင်–ပန်ဆောင်လမ်းကနေတဆင့် အိန္ဒိယပြည်အထက်ပိုင်းထဲကိုသွားရောက်ဆေးကုသနေရတာကြောင့် လမ်းခရီးနဲ့ဆေးကုစရိတ် ကြီးမားပြီး ငွေကြေးတတ်နိုင်တဲ့သူကသာ သွားရောက်ဆေးကုသနိုင်တယ်လို့သိရပါတယ်။ ခုလိုပြည်သူ့ဆေးရုံကြီးမှာဆရာဝန်မရှိတဲ့အတွက် ပြည်သူတစ်ချို့အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြောင့် အသက်မသေဆုံး သင့်ပဲ သေဆုံးနေရတဲ့လူနာတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ “မြို့ပေါ်ကပြည်သူတွေအတွက်ကအဲ့လောက်ကြီးမဟုတိဘူးရွာတွေဘက် ပြည်သူတွေအတွက်တော်တော်လေးခက်တယ် ရွာနေမြို့အထိခြေလျင်တက်လာရတယ်ဒီကနေတဆင့် အိန္ဒိယ နာမ်ပေါင်အထိသွားရတယ်အဲ့နေမှဆေးရုံကိုရောက်တာ အရေးပေါ်လူနာတွေဆိုရင်မရောက်နိုင်ဘူးဒီကြားမှာတင်နှစ်ရက်သုံးရက်မကကြတယ် ဆရာဝန်မရှိတာကတော့တော်တော်လည်းခက်ခဲပါတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ ပန်ဆောင်မြို့နယ်ခွဲတစ်ခုလုံးမှာ ပြည်သူ့ဆေးရုံအဖြစ် ပန်ဆောင်ပြည်သူ့ဆေးရုံတစ်ခုတည်းသာရှိတဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့ကျေးလက်ဒေသ ရွာပေါင်း ၂၀ ခန့်က ပြည်သူတွေ အားကိုးနေရတဲ့ဆေးရုံကြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပန်ဆောင်မြို့ကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေချပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ ဒေသခံတွေပြောချက်အရ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ စစ်အာဏာသိမ်းနောက်ပိုင်းကတည်းက ဆေးဝါးတွေကိုအစိုးရကတိုက်ရိုက်ချမပေးတော့တာကြောင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်းနအိန္ဒယ နိုင်ငံကနေဝယ်ယူသုံးစွဲနေရတာကြောင့် ဆေးကုသစရိတ်လည်းမြင့်တက်နေကြောင်းသိရပါတယ်။ လေကြောင်းလိုင်းနဲ့ရေကြောင်းလမ်းမရှိတဲ့ ပန်ဆောင်ဒေသထဲကို ကချင်ပြည်နယ်ဘက်က မြစ်ကြီးနား–တနိုုင်း–နန်းယွန်းကားလမ်းသွားလို့ရသလို၊ စစ်ကိုင်းတိုင်းဘက်က ခန္တီးက–ဒုံဟီး–နန်းယွန်းကားလမ်းပိုင်းနဲ့ဝင်ရောက် နိုင်ပေမယ့် အဲ့ဒီကားလမ်းပိုင်းတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ဆေးဝါးသယ်ယူခွင့်ကိုစစ်ကောင်စီကကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ပန်ဆောင်မြို့ဟာ အိန္ဒယ–မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲက လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးမြို့နယ်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ By –…

    Read More »
  • 12 March
    သတင်း

    ကွတ်ခိုင်မှာ PDF နှစ်ဦးကို TNLA ဖမ်းဆီး

    ရှမ်းမြောက်၊ ကွတ်ခိုင်မြို့မှာ မန္တလေး PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူစုဆောင်းနေတဲ့ PDF နှစ်ဦး TNLA ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၁ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီခွဲလောက်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်…

    Read More »
Back to top button