-
သတင်း
စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်း လိုက်နာကြဖို့ လိုက်လံစည်းရုံးနေ
စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်မှာ ပြစ်မှု မကျူးလွန်ကြဖို့နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်မှုမရှိကြဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တို့က ပြည်နယ်အတွင်း လှည့်လည်စည်းရုံးပြောဆိုနေတယ်လို့သိရပါတယ်။ ဦးခက်ထိန်နန် နဲ့ ဒေါ်ဒွဲဘူ တို့အဖွဲ့ဟာ စက်တင်ဘာလဆန်းပိုင်းကတည်းက မြစ်ကြီးနား၊ ပူတာအို နဲ့ ဗန်းမော်မြို့နယ်တွေကို သွားရောက်ပြီးတော့ လက်ရှိစစ်ကောင်စီဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားဖို့၊ ပြစ်မှုကျူးလွန်တာတွေမလုပ်ဖို့၊ NUG အပါအဝင် လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့အစည်းတွေကို ရှောင်ရှားဖို့ လိုက်လံစည်းရုံးပြောဆိုနေတယ်လို့ တွေ့ဆုံခဲ့တဲ့ ဒေသခံတွေက…
Read More » -
သတင်း
တန်ဖရဲဂိတ်မှာ လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာဂိတ်မှာ စစ်ကောင်စီတပ်တွေဟာ ပူတာအိုဘက်ကနေဆင်းလာတဲ့ ခရီးသည်တွေထဲက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်တဲ့ခရီးသည်တွေကို စစ်တပ်က ပူတာအိုဘက် ဆက်မသွားခိုင်းတာကြောင့်…
Read More » -
သတင်း
စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ချိပ်ပိတ်ခံရပြီး ဆိုင်ရှင်ကိုလည်းဖမ်းဆီး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် ဈေးလမ်းက Hello Mobile ဖုန်းဆိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဖုန်းဆိုင်ကိုပါချိပ်ပိတ်သွားတယ်လို့ စစ်ကိုင်းမြို့ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ညက အဲ့ဒီဖုန်းဆိုင်ပိုင်ရှင်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ စက်တင်ဘာ၂၀ ရက်နေ့…
Read More » -
သတင်း
ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀…
Read More » -
သတင်း
ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစ်စီးပစ်ခံရ ရဲတပ်ကြပ် တစ်ဦးသေဆုံး
ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးစီးလာတဲ့ ကားတစ်စီးပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ ညနေ ၅ နာရီခွဲလောက်မှာ…
Read More » -
သတင်း
ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ…
Read More » -
သတင်း
ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…
Read More » -
သတင်း
ပုလဲနယ်မှာ စစ်ကောင်စီတပ်က ပျူစောထီးရွာတွေအတွက် ရိက္ခာစုစောင်းပေးနေ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းပြီးတော့ ပျူစောထီးရွာ ၂ ရွာအတွက် တစ်ရွာဝင်တစ်ရွာထွက်ပြီး ပြည်သူတွေရဲ့ ဆန်နဲ့စားသောက်ကုန်တွေကို ရိက္ခာအဖြစ်သိမ်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့လောက်ကတည်းက ဆားလင်းကြီးမြို့နယ်ထဲကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပျူစောထီးတွေပေါင်းပြီး ပျူရွာတွေဖြစ်တဲ့အင်မထီးရွာနဲ့ဇီးဖြူကုန်းရွာတွေအတွက် ရိက္ခာတွေလိုက်စုဆောင်းပေးနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “မနေ့ကဆို ဇီးဖြူကုန်းရွာကပျူတွေနဲ့ပေါင်းပြီး နှောရိုးရွာဘုန်းကြီးကျောင်းထဲမှာထားတဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ဆန်တွေကို အတင်းအဓမ္မသိမ်းယူသွားသေးတယ်။ သူတို့က ရွာတွေထဲဝင်ပြီး ပစ္စည်းတွေယူလိုက် ပြီးရင်ပျူစခန်းထဲပြန်ဝင်လိုက် အဲ့လိုလုပ်နေတာ…
Read More » -
သတင်း
ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်တပ်ကနေ နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက် ဒီနေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကနေ ခိုမုန်းကျေးရွာအနီးက TNLA တပ်စွဲနေရာယူထားတဲ့ ကောင်းမူး(Kawng Mu) တောင်ကုန်းကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောပါတယ်။ “ဒီတလော တိုက်ပွဲတော့ ဆက်တိုက်ဖြစ်နေတယ်။ ညနေပိုင်းကတည်းကနေ ကောင်းမူးတောင်မှာ တိုက်ပွဲပြန်ဖြစ်နေပြီ။ နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ လက်နက်ကြီး ၁၀ ထက်မနည်း ပစ်ကူနေတယ်။ ဘယ်ဘက် ဘယ်ဘက်ကို ကျပြီလဲမသိဘူး”ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး မူဆယ်မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတဲ့အပြင် မနေ့ညအထိ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။ ဒ့ါအပြင် စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မူဆယ်မြို့နီးမှာရှိတဲ့…
Read More » -
သတင်း
စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို…
Read More »