-
Aug- 2025 -26 Augustသတင်း
မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီမနက် ၂ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် အေးမြသာယာ လမ်းသွယ် ၇ စျေးအနောက်ဖက်မှာရှိတဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး…
Read More » -
26 Augustသတင်း
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…
Read More » -
26 Augustတိုက်ပွဲ
လမြန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်နဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းတွေကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာရာမြို့တွင်းတပ်ဖြစ်တဲ့ ခလရ (၅၈) တပ်၊ ဝူယန်ပြည်သူ့စစ်စခန်း၊မြို့တွင်းရှိ…
Read More » -
25 Augustသတင်း
ဖားကန့်မှာ စစ်ကောင်စီရဲ့ ဒရုန်း ၅ စီးနဲ့ကားတစ်စီးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်
ဖားကန့်မြို့နယ် နမ္မဖြစ်ရွာနားမှာ အိမ်စီးကားနဲ့စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ ပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ပြီးကားတစ်စီးနဲ့အတူ ဒရုန်း ၅ စီးကိုပါသိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်။ ဖြစ်စဥ်ကတော့ ဩဂုတ်လ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကားတွေနဲ့လှုပ်ရှားနေတဲ့အချိန် ကြားဖြတ်တိုက်ခိုက်တဲ့အခါ…
Read More » -
25 Augustသတင်း
ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…
Read More » -
23 Augustသတင်း
မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့ည ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မန်ခိန်ရပ်ကွက်…
Read More » -
22 Augustသတင်း
မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ
မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းက မိုင် ၄၀ ကျော်ရှိတဲ့ ပေကြီးကွင်းလမ်းဟာ မိုးရွာသွန်းမှုတွေကြောင့်အသုံးပြုဖို့ခက်ခဲလာတာကြောင့် ကားသမားတွေဟာ ကသာမြို့နယ်ဘက်ကနေပတ်ပြီးခရီးနှင်နေကြရတာလို့သိရပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ ၅ ရက်ဝန်းကျင်သွားနေရတဲ့အကြောင်းကားသမားတစ်ဦးကအခုလိုပြောပါတယ်။ “ကျနော်တို့ကဇာတ်ကူးပြီးသွားနေရတာပေါ့။ ကွင်းလမ်းတွေကသွားလို့မရဘူး။…
Read More » -
22 Augustသတင်း
ဖားကန့်မှာ အမျိုးသား ၂ ဦး ပစ်သတ်ခံရ
ဖားကန့် မှော်ဆီစာကျေးရွာမှာ အရပ်သားပြည်သူ ၂ ဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဖားကန့် ဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မှော်ဆီစာကျေးရွာ…
Read More » -
22 Augustသတင်း
နေရပ်ပြန် ကဇူးရွာမှ ကလေးငယ်တွေအတွက် ကျောင်းဆောင်လိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှာ စာသင်ကျောင်းမရှိတာကြောင့် ကလေးတွေ စာသင်ဖို့နေရာ အခက်အခဲကြုံတွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်ရာကနေ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်နေထိုင်နေကြပြီဖြစ်တဲ့ ကဇူးကျေးရွာမှာ ကလေးတွေရဲ့ ပညာရေးအတွက် မူလတန်းအထိ စာသင်ပေးနေပြီဖြစ်ပေမဲ့ စာသင်ကျောင်းဆောင်မရှိသေးတာကြောင့် လူနေအိမ်တွေမှာ ခက်ခက်ခဲခဲစာသင်ကြားနေရတယ်လို့…
Read More » -
22 Augustသတင်း
လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများဆီကနေသိရပါတယ်။ လေရှီမြို့နယ်ထဲမှာစစ်ကောင်စီတပ်က ကျေးရွာထဲကလူငယ်တွေနဲ့ ခရီးသွားလာတဲ့နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာမျိုး ယခုလအတွင်းခပ်စိပ်စိပ်လုပ်ဆောင်လာနေကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ “သိရသလောက် ပြီးခဲ့တဲ့အပတ်မှာ လေးယောက်လောက်ဖမ်းသွားတယ်။ နှစ်ယောက်လုံးက လမ်းမှာဖမ်းခံရပြီးခေါ်သွားတာာ…
Read More »









