-
Feb- 2026 -21 Februaryသတင်း
မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။ ခုလို မြစ်ကြီးနားလေကြောင်းလိုင်း ပိတ်ပင် လိုက်တာဟာ မနေ့ည (ဖေဖော်ဝါရီ ၂၀ရက် )…
Read More » -
20 Februaryသတင်း
မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော
ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။ မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။ မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။ ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။ ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။ “ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက…
Read More » -
20 Februaryသတင်း
မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်
တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာထားတဲ့ မရှီကထောင် စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပြီး ပစ္စည်းတွေသယ်ယူနိုင်ဖို့ ဖားကန့် ဗျူဟာစစ်ကုန်းက G2…
Read More » -
20 Februaryသတင်း
တနိုင်းမှာ ရေခဲငါးတစ်ပိဿာ ငါးသောင်းကျပ် အထိစျေးမြင့်တက်
ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်သွားတဲ့နောက် တနိုင်းမြို့မှာ ရေခဲငါးတစ်ပိဿာ ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိစျေးမြင့်တက်နေတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ရွှေဘို–မြစ်ကြီးနားကားလမ်းပိတ်သွားတဲ့နောက်ပိုင်း တနိုင်းမြို့ထဲအခြေခံစားသောက်ကုန်အဝင်နည်းလာသလို လက်ကျန်ရောင်းနေတဲ့ကုန်ပစ္စည်းတွေလည်း စျေးနှုန်းအဆမတန်မြင့် တဲ့အပြင် တစ်ခြားသောအခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်တာတွေကြုံနေရတယ်လို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “အရင်ကတော့ ရေခဲငါးတပိဿာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊၅၀၀၀၀ (ငါးသောင်း) ကျပ်အထိစျေးမြင့်တက်စျေးတက်တာမကြာသေးဘူး။ လမ်းပိုင်းပိတ်တဲ့နောက်ပိုင်းမှတက်တာ ဆားလည်းတထုပ်ကို နှစ်ထောင့်ငါးရာဖြစ်သွားပြီ”လို့ ပြောပါတယ်။ ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းမပိတ်မှီ တနိုင်းမှာ ကြက်သားတပိဿ ၃၅၀၀၀ (သုံးသောင်းငါးထောင်) ယခု ၆၀၀၀၀ (ခြောက်သောင်း)၊ ငါးတပိဿ ကျပ် ၃၀၀၀၀ (သုံးသောင်း) လက်ရှိ ၅၀၀၀၀ (ငါးသောင်း) ယခင်အိုင်အိုဒင်းဆား တထုပ်ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ယခု ၂၅၀၀ (နှစ်ထောင့်ငါးရာ) စသဖြင့်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ မြို့ခံတွေပြောပါတယ်။ “ကုန်စျေးတက်နေတာ တစ်လကျော်ကျော်လောက်တော့ရှိပြီ ခုပိုတောင်တက်တက်လာတယ်။ ကြက်သွန်နီဆိုရင်လည်း တပိသာ ၅၀၀၀ (ငါးထောင်) ကနေအခု ကျပ် ၈၀၀၀ (ရှစ်ထောင်အထိ) တက်တယ်။ ကြက်သွန်ဖြူဆိုရင် တပိဿာ တစ်သောင်းကျော်သွားပြီ ကြက်ဥ၊ခေါက်ဆွဲခြောက်အစအကုန်တက်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ တနိုင်းဒေသအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်စည်တွေကို မြစ်ကြီးနား– တနိုင်းကားလမ်းပိုင်းကနေတဆင့် မြန်မာပြည်အောက်ပိုင်းမန္တလေး၊ရန်ကုန်ဘက်က တင်သွင်းတဲ့ကုန်တွေကိုပဲအဓိကအားထားနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြစ်ကြီးနား–မန္တလေးဗျူဟာကားလမ်းပိုင်းရဲ့တစိပ်တပိုင်းဖြစ်တဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်မှာစစ်ကောင်စီတပ်ကပိတ်ထားပြီး ရွှေကိုးပင်ဂိတ်အကျော်မှာလည်း ကာကွယ်ရေးတပ်တွေက ဗျူဟာလမ်းပိုင်းကိုပိတ်ထားတာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကားသမားတွေဟာ ပိတ်ထားတဲ့ဗျူဟာလမ်းပိုင်းနေရာအစား ကွင်းလမ်းအသုံးပြုသွားနေရတဲ့အတွက် ပုံမှန်တရက်ခရီးသာရှိတဲ့ ရွှေဘို–မြစ်ကြီးနားလမ်းကို ကွင်းလမ်းသုံးပြီး ရက်ပေါင်း ၂၀ နီးပါးကြာသွားနေရတယ်လို့ ကားသမားတွေပြောပါတယ်။ အခုလိုရွှေဘို–မြစ်ကြီးနားကားလမ်း ဗျူဟာလမ်းပိုင်းပိတ်ထားတာ ကွင်းလမ်းမှာခက်ခက်ခဲခဲသွားလာနေရတာတွေကြောင့် လက်ရှိ တနိုင်းဒေသအပါအဝင် မြို့တော်မြစ်ကြီးနားနဲ့ ပူတာအို၊ဖားကန့်စတဲ့မြို့နယ်တွေဘက်မှာလည်း အခြေခံစားသောက်ကုန်တွေစျေးကြီးတာ၊အချို့ကုန်စည်နဲ့အခြေခံဆေးဝါးပြတ်လပ်တာတွေ ပိုပြီးဆိုးလာနေတယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းကနေ ကွင်းလမ်းအသုံးပြုသွားလာနေရတာဖြစ်ပေမယ့် ယခင်နှစ်တွေမှာတော့ တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိ ကြာမြင့်တတ်ပြီး ဒီနှစ်ထဲမှာတော့ ၁၀ ရက်ကနေ ရက် ၂၀ နီးပါးအထိကိုခရီးကြန့်ကြာနေတယ်လို့သိရပါတယ် မြစ်ကြီးနား–ရွှေဘို ဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ရွှေကိုးပင်ဂိတ်ကနေ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့ကတည်းကပိတ်ထားတာဖြစ်ပြီး အလားတူကာကွယ်ရေးတပ်တွေဘက်ကလည်း ရွှေကိုးပင်ဂိတ်နဲ့မြစ်ကြီးနားကြားမှာ ဗျူဟာလမ်းမကြီးကိုပိတ်စို့ထားတဲ့နေရာတွေရှိကြောင်းသိရပါတယ်။ လူဦးရေ တစ်သန်းကျော်၊ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့လမ်းပိတ်ဆို့မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုက တစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးရွားလာနတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
20 Februaryသတင်း
ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဗုံးသီး ၂ လုံးဖြင့် ဂိတ်နေရာအတိအကျကိုကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦးတချို့ပျက်ဆီးတာတွေတော့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…
Read More » -
19 Februaryဆောင်းပါး
၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ မြစ်ကြောင်း ရှင်းလင်းရေး၊ မြစ်ကမ်း နဘေးရေကာတာ တည်ဆောက်ခြင်း၊…
Read More » -
18 Februaryသတင်း
ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နေ
ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း များစွာထိခိုက်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း ပူတာအိုခရိုင်ရှိ မြို့နယ် ၄ ခုလုံးမှာ ရွှေဖော်မှုတွေ သိသိသာသာတိုးများလာတယ်လို့ သိရပြီး အများပိုင်းက ဒေသခံတွေကိုယ်တိုင် သဘောတူညီမှုနဲ့ လုပ်ငန်းရှင်တွေကို မြေကွက်ရောင်းပေးနေတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုရွှေတူးဖော်မှုတွေ ဆိုးဆိုးရွားရွားများလာတာကြောင့်ပူတာအိုဒေသအတွင်း စိုက်ပျိုးမြေပျက်စီးသွားတဲ့ပြဿနာ၊ ရွှေတူးဖော်တဲ့ ချောင်းတွေကနေ ရေသွယ်ယူနေတဲ့လယ်ယာခင်းတွေ ပျက်စီးကုန်တာတွေ၊ ချောင်းထဲ ငါးတွေရှားပါးလာတာမျိုးကြုံတွေ့နေရတယ်လို့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ရွှေတွေပဲ တူးလိုက်ကြပြီဆိုတော့ နေ့ခင်းတွေဆို အရမ်းပူ အရမ်းနေရခက်တယ်။…
Read More » -
18 Februaryသတင်း
ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။ ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်း”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
17 Februaryသတင်း
မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ
ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မရှီကထောင် ဆုတောင်းကုန်းအနီးတဝိုက်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ခန့်က စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က ခိုးယူမှုတွေ လုပ်နေတယ်လို့ အိမ်တွင်းပစ္စည်းခိုးယူခံနေရတဲ့ မရှီကထောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်အနောက်ခြမ်းလို့ပြောရမှာပေါ့ ဆုတောင်းကုန်းခြေရင်းတစ်ကြောမှာနေထိုင်တဲ့ အိမ်တွင်းပစ္စည်းတွေ ကြိုက်သလို ထုတ်ယူနေကြတယ်။ ကျွန်မသားကြီးရဲ့ အိမ်က ကျောက်စိမ်းတုံးတွေလည်း တန်ချိန်ကျော်ရှိတဲ့ ကျောက်စိမ်းတွေ မနေ့က မိုးချုပ်တဲ့အထိ သယ်ထုတ်သွားကြတယ်တဲ့။ အိမ်တွင်းပစ္စည်းတွေကလည်း အပေါ်ထပ်အောက်ထပ် ဝင်ယူသွားကြတယ်။ ဘယ်လိုမကောင်းဆိုးဝါးတွေလဲမသိဘူး။ ကျွန်မတို့ ပစ္စည်းပြန်ယူဖို့ဆိုရင်လည်း လမ်းတွေအကုန်ပိတ်လိုက်တယ်”လို့ပြောပါတယ်။ လက်ရှိ မရှီကထောင်ကျေးရွာမှာ မိသားစုဝင်တစ်ခုထဲ နေအိမ် ၃ လုံးစလုံး ဖောက်ထွင်းခံရပြီး ကျောက်စိမ်းတူးဖော်တဲ့အခါအသုံးပြုတဲ့ စက်ယန္တရားများ၊ အိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြတာဖြစ်ပါတယ်။ မရှီကထောင်အနောက်ဘက်ခြမ်း ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ဆုတေင်းကုန်းရှိတဲ့ တဝိုက်က လူနေအိမ်အများအပြားက အခုလို ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေက တိုက်ပွဲနေရာနဲ့အလွန်နီးကပ်လွန်းတဲ့အပြင် စစ်တပ်ရဲ့ လေကြောင်းရန်၊ တိုက်ပွဲအတွင်းက လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဖားကန့်မြို့တွင်း တိုက်ပွဲမရှိတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတဲ့သလို ပြည်သူအများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဖားကန့်မှာ ကျန်ရှိနေကြတဲ့ ပြည်သူတစ်ချို့က အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ကြိုးစားပေမယ့် သယ်ယူခွင့်မရဘဲ လမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မရှီကထောင်ကျေးရွာမှာ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအများပိုင်းက တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာတွေမှာ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာမှာ စစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ သိမ်းယူနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့က မီးသွေးတွေဆိုရင်လည်း သုံးဘီးကားတွေနဲ့ သယ်ယူနေကြတာ ကုန်းပေါ်ကနေ လှမ်းမြင်ရတယ်တဲ့။ ကျမတို့က အထဲကိုဝင်လို့မရတော့ အထဲမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွာလုပ်ပေးနေလဲသေချာမသိရဘူး။ တစ်ချို့အိမ်က မြေတူးတဲ့ဂန့်စက်တွေလည်း လေး၊ ငါးလုံးအကုန်သယ်ယူကြတယ်”လို့ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲ အနည်းငယ် ပြန်ငြိမ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက ပြည်သူမရှိတဲ့ နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံခိုးယူသယ်ယူ နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်းကနေ ထိုးဖောက်နေတာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာကြောင့် ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းရပ်တန့်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးတာတွေ၊ နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖားကန့်မှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ By –…
Read More » -
17 Februaryသတင်း
စစ်အာသိမ်းနောက်ပိုင်း ပူတာအိုဒေသမှာ KTV နဲ့ Bar တဖြေးဖြေးများလာ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့ Bar တွေတဖြေးဖြေးများလာနေတယ်လို့ဒေသခံတွေ ပြောပါတယ်။ ယခင်စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မတိုင်မှီအထိ ပူတာအိုမြို့ပေါ်မှာ KTV တစ်ခုသာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်း ငါးနှစ်သာအတွင်း KTV ၆ ခုနဲ့ Bar တစ်ခုအထိ…
Read More »









