တိုက်ပွဲ
-
Oct- 2024 -19 October
လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ KIO ပူးပေါင်းတပ်ဖွဲ့ဘက်က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီဘက်ကနေပြီးတော့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီလေယာဉ်တွေကို တရုတ်ဘက်ကနေပြီးတော့ သတိပေးမီးကျည်တွေပစ်ပြီး ခြောက်လန့်ခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ဒီမနက် ၁နာရီဝန်းကျင်လောက်မှာဟုတ်တယ် တရုတ်နယ်စပ်ဂိတ်ဘက်က လုံခြုံရေးယူဖို့…
Read More » -
17 October
မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ
ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ မုန်ယာ(Mungya) ကျေးရွာ နမ့်မွေချောင်းအနီး ရွှေတူးဖော်နေချိန်…
Read More » -
16 October
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…
Read More » -
15 October
လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု
တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။ လုပီပြည်သူ့စစ်တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ “လုပီတပ် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်အထိ သိမ်းပိုက်လိုက်ပြီ လို့ အဲလောက်အထိပဲ သတင်းရသေးတယ်။ အပြီးသတ် သိမ်းနိုင်တာက ၁၂ နာရီခွဲ ၁ နာရီလောက်မှာ သိမ်းလိုက်တာလို့ ကြားတယ်။ ဘယ်လို ပုံစံနဲ့ သိမ်းလိုက်တဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီးတော့ တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ တပ်ရင်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ခုခံကာကွယ်ပေးခဲ့ပေမယ့် လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီးတော့ စစ်အင်အား တပ်ရင်းတစ်ခုစာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ တပ်ရင်းတစ်ခုလုံးသိမ်းပိုက်မှုအပြီး KIA တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီးတော့ ကချင်အလံစိုက်ထူလိုက်ပြီလို့လည်း သိရပါတယ်။ ပန်ဝါမြို့နဲ့ အနီးဆုံး ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လုပီနယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်ပြီဖြစ်တာကြောင့် ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။ လက်ရှိ အဲ့ဒီဒေသမှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ဖုန်းအင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေနဲ့ အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေနဲ့ ဆော့လော် မြို့ နှစ်ခုကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး တပြိုင်နက် လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကချင်နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ KIA တပ်တွေဟာ အခုလအတွင်းမှာပဲ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လာနိုင်လို့လည်း သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 October
စစ်ရှုံးနေတဲ့ နယ်ခြားစောင့်တပ် တပ်သားသစ်အပူတပြင်းစုဆောင်းနေ
နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာတဲ့ နယ်မြေတွေကို လက်လွှတ်လာရတဲ့ နယ်ခြားစောင့်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းတာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ ၂၀၂၄ ခုနှစ် မေလကနေ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့စစ်ဆင်ရေး ၃ လအကြာ ဇွန်လမှာတော့ ကချင်အထူးဒေသ ၁ နယ်မြေဘက်ထိုးစစ်ဆင်လာခဲ့ပြီး နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဝိုင်းမော်– ကံပိုင်တည်လမ်းမပေါ် ၁၀၀၃ တပ်ရင်းရှိရာ စင်ကြိုင်ရွာအနီး ဆဒုံးမြို့ KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဆဒုံးမြို့ကိုသိမ်းလိုက်တဲ့နောက် ဩဂုတ်လ ၅ ရက်နေ့ဝန်းကျင်စ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေအပြင် သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လိုက်လံဖမ်းဆီးနေတယ်လို့ ချီဖွေဒေသခံတွေ ပြောပါတယ်။ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့တွေဟာ တပ်သားစတင်စုဆောင်းလာချိန် ချီဖွေ၊ပန်ဝါဒေသကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက် ဒေသခံတွေကိုအဓိက တပ်သားစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကချင်အထူးဒေသ ၁ နယ်မြေတွင်း နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာလေ တပ်သားစုဆောင်းမှုဟာ အရှိန်ဆက်မြင့်တက်လာပြီး လူမျိုးဘာသာမရွေး လူငယ်၊လူလတ်ပိုင်းတွေကို သတ္တုလုပ်ငန်းခွင်ထဲထိ ဖမ်းဆီးတာအပြင် ပန်ဝါမြို့တွင်း၊စားသောက်ဆိုင်၊တည်းခိုခန်းအထိ ဖမ်းဆီးမှုပိုဆိုးလာတယ်လို့ ပန်ဝါမြို့ခံ ပြည်သူတွေပြောပါတယ်။ “အစပိုင်းက ချီဖွေမှတ်ပုံတင်၊ပန်ဝါမှတ်ပုံတင်ကိုင်တဲ့သူတွေဘဲ ဖမ်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်းက လူမျိုမရွေးဘူးအားလုံးဖမ်းတယ်။ အလုပ်သမားကဒ်လျှောက်မယ့်သူတွေကိုလည်း ကဒ်ကမလုပ်ပေးဘဲ လူကခေါ်သွားတယ်။ ခုပန်ဝါမှာ တွေ့ရာဆွဲသလိုဖြစ်နေတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ဩဂုတ်လအတွင်း ဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို ချီဖွေ–မြစ်ကြီးနားလိုင်းကားနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက် စစ်သင်တန်းတွေပို့ဆောင်နေပေမယ့် စက်တင်ဘာလ ၂၉ ရက် ချီဖွေမြို့၊ ၃၀ ရက်နေ့ ဆော့လော်မြို့ကိုထပ်ပြီး လက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ အင်အားပိုချိနှဲ့လာပြီး ဖမ်းဆီးရမိသူတွေကို စစ်သင်တန်းမပို့နိုင်တော့ဘဲ ရှေ့တန်းကို တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ “ဖမ်းပြီးတာနဲ့စစ်သင်တန်းလည်းမပေးဘူးလေ တစ်ခါတည်းတန်းပို့တာ မနေ့ညလည်း မြို့ပေါ်အဆောင်တစ်ခုမှာ ၁၀ယောက်ကျော်ဖမ်းသွားတယ်။ တစ်ချို့နေရာတွေလည်း ဖမ်းမှာဘဲ ကျနော်သိတာက မနေ့က ၁၀ ယောက်ကျော်ဖမ်းခံသွားရတယ်။ ခုပြည်သူ့စစ်တွေက ဘာလုပ်နေလဲဆိုရင် ကလေးတွေကို စစ်သင်တန်းလည်း မပေးဘဲတစ်ခါတည်းရှေ့တန်းပို့နေတာ”လို့ပြောပါတယ်။ ဒါကတော့ အောက်တိုဘာလ ၁၄ ရက်ည ပန်ဝါမြို့ပေါ် ဧည့်စာရင်းစစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်ဝါမြို့တွင်းအဆောင်ဌားပြီးနေထိုင်တဲ့ သတ္တုလုပ်ငန်းခွင်က လူငယ်တွေ အဆောင်ပြန်လာချိန် အစုလိုက်အပြုံလိုက်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဥိီး ပြောပါတယ်။ လတ်တလော ချီဖွေမြို့နဲ့ မိုင် ၃၀ ဝန်းကျင်မှာရှိတဲ့ ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၁၅ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင် အပြီးသတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အောက် တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော်–ကံပိုက်တည်သွားလမ်းမကြီး စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်း နဲ့ ပန်ဝါမြို့အနီးဆုံး နေရာဟာ ၁၀၀၂ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ဒါကြောင့် ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်နဲ့ KIA တပ်တို့ဟာ တိုက်ပွဲမပြင်းထန်သေးခင် နှစ်ဖက်တပ်တို့အကြား ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေအကြားသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြေလည်မှုမရရှိတဲ့အပြင် နယ်ခြားစောင့်တပ်ဘက်က စစ်မိန့်ထုတ်ပြန်လိုက်တာကြောင့် ခုလိုတိုက်ပွဲပြင်းထန်လာတာလို့ ပန်ဝါဒေသခံပြည်သူတွေပြောပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းက ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ မှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရပ်တည်လိုက်ပါတယ်။ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပဲ နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် နယ်ခြားစောင့်တပ်ဘက် စစ်မိန့်ထုတ်ပြန်လာပါတယ်။ အဲဒီစစ်မိန့်ထုတ်ပြန်လိုက်ပြီးနောက် တစ်လအကြာ ဩဂုတ်လမှာ KIA ပူးပေါင်းတပ်က ဆဒုံးမြို့ကို သိမ်းလိုက်ပြီး စက်တင်ဘာလကုန်ပိုင်း ချီဖွေနဲ့ဆော့လော်ကိုထပ်သိမ်းထားပြီး လက်ရှိ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဟာ ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိ ပန်ဝါမြို့ဦးတည်နေပြီး လက်တစ်ကမ်းအလိုမှာရောက်ရှိနေပြီဖြစ်ပါတယ်။ By…
Read More » -
14 October
ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော
ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…
Read More » -
12 October
ပန်ဝါမြို့အနီး ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ
ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။ “Y12 တစ်စီး ပတ်ပြီးကြဲနေတာ တရုတ်နာရီ ၁၁ နာရီ ၅၀…
Read More » -
11 October
ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ
ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်မကျရေးအတွက် စစ်တပ်က လေကြောင်းအသုံးပြုပြီး အပြင်းထန်တိုက်ခိုက်နေတယ်လို့ ပန်ဝါဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်ကနေ ည သန်းခေါင်အထိ Y 12 လေယာဉ်တစ်စီးနဲ့ တိုက်ပွဲနေရာကိုဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့…
Read More » -
10 October
ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ
ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။ စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။ “မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်”လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ ၁ ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။ By – Zami
Read More » -
9 October
အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင် ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အင်းတော်မြို့ထဲမှာ ထိခိုက်ပျက်စီးမှုတွေရှိသလိုမြို့နဲ့နီးတဲ့အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းထိခိုက်ပျက်စီးမှုတွေများတယ်လို့ သိရပါတယ်။ “မြို့သိမ်းလာပြီဆိုကတည်းကသိတဲ့အတိုင်းပဲစကစကတော့မြို့ပျက်အောင်လုပ်မှာပဲလေ။ မြို့နဲ့နီးတဲ့နားနောင်တို့ ကျော်ရွာတို့ နန့်ကင်ရွာတို့ ဘက်တွေလည်းဗုံးသီးကျလို့လူနေအိမ်ပျက်စီးတာတွေရှိတယ်”လို့ အင်ပင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကအခုလိုနေယာဥ်နဲ့ဗုံးကြဲနေတဲ့အပြင် ရိက္ခာကုန်းကနေလည်း ညတိုင်းလက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး မြို့ဝင်မြို့ထွက်ကိုလည်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။ အင်းတော်မြို့ခံတွေဟာ အင်းတော်မြို့မှာတိုက်ပွဲတွေစဖြစ်လာတဲ့ သြဂုတ်လကတည်းက မဲဇာရွာ၊မော်လူးနဲ့ မော်တိတ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ “အရင်ကတော့ ကျွန်မတို့ အင်ပင်တို့နန့်သာတို့ဆိုတာပြေးနေရတဲ့ရွာတွေအခုကအေးအေးဆေးဆေးဖြစ်နေပြီအားလုံးပြန်ကြပြီ။ အခုမြို့ထဲကလူတွေပဲကျွန်မတို့ရွာတွေထဲပြေးနေရတာ တစ်ပတ်တစ်ခါလောက်မြို့ထဲအိမ်ကြည့်ဘာကြည့်တော့သွားလာလို့ရတယ်ပြန်လို့တော့မရကြသေးဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့အင်ပင်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီက အင်းတော်မြို့နယ်တစ်ခုလုံးကိုဖုန်းလိုင်းဖြတ်တောက်ထားပြီး လေကြောင်းနဲ့နေ့တိုင်းဗုံးကြဲနေသလို အင်းတော်မြို့ကိုလည်းစစ်ကောင်စီတပ်ကထိန်းသိမ်းထားဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့အင်းတော်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ အင်းတော်ဒေသခံတွေပြောပါတယ်။ အင်းတော်မြို့ရဲစခန်းကို KIA၊ABSDF နဲ့အင်းတော် PDF၊LPDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှာသိမ်းပိုက်ခဲ့ပြီး လက်ရှိမြို့ကိုသိမ်းဖို့ကျန်ရှိနေသေးတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ အင်းတော်မြို့ဟာ ကသာခရိုင်အလယ်ပိုင်းကျသော မြို့နယ်ဖြစ်ပြီး စစ်ကိုင်း– ကချင်အစပ်၊ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာတည်ရှိပါတယ်။ By – Zaw Zaw
Read More »