တိုက်ပွဲ

  • Oct- 2025 -
    3 October

    ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

    ဗန်းမော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်လွတ်ထားတဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်နေရာရယူနိုင်ပြီး အရေးပါတဲ့ ဗျူဟာမြောက်တပ်နေရာ ၃ နေရာလောက်မှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ ခလရ ၄၇ တပ်ရင်းရဲ့ အနောက်ဘက်ခြမ်း လုံခြုံရေးရယူထားတဲ့…

    Read More »
  • 2 October

    အထိနာတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၂ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ “လမြန်ဘက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခြေလျင်နဲ့ ပြန်တက်လာလို့…

    Read More »
  • Sep- 2025 -
    29 September

    ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး

    ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…

    Read More »
  • 29 September

    လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ ၅ ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံး လာချသွားတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ် ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့  မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့…

    Read More »
  • 29 September

    ဝိုင်းမော် တိုက်ပွဲမှာ ခမရ ၃၁၈ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို ဦးတည် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ တိုက်ပွဲမှာ စစ်ကူအဖြစ်ရောက်ရှိလာတဲ့ တနိုင်းအခြေစိုက် ခမရ ၃၁၈ တပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၆၊ ၂၇ ရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒရုန်းထိမှန်ပြီး သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးအတည်ပြုပြောဆိုပါတယ်။…

    Read More »
  • 26 September

    ဗန်းမော်တိုက်ပွဲ လေယာဉ်ကွင်းနဲ့ မနောကွင်းအနီး တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ လေယာဉ်ကွင်း နဲ့ မနောကွင်းရှိတဲ့ ဘက်ခြမ်းကို စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ဗန်းမော်တိုက်ပွဲက ရပ်လိုက်နားလိုက်နဲ့ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဖြစ်လိုက် နားလိုက်နဲ့ ဖြစ်နေတယ်။ အခုက လေယာဉ်ကွင်းထိပ်ပိုင်းနဲ့ မနောကွင်းရှိတဲ့ ဘက်ကို စစ်တပ်ဘက်က ပြန်ထိုးနေတယ်။ တစ်ခါတစ်လေ မနက်ပိုင်းဖြစ်တယ်။ ညနေပိုင်းဖြစ်တဲ့အချိန်တွေလည်းရှိတယ်။ ဒီကနေ့လည်း သူတို့ဘက်က လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်။ လေယာဉ်နဲ့ လာပစ်တာ ၄ ၊ ၅ ကြိမ်ရှိသွားပြီ”လို့ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ မတိုင်မှီ စစ်တပ်က လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကတော့ ယခု ညနေပိုင်း ၃ နာရီအထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ KIA စစ်ရေးသတင်းအရင်းအမြစ်နဲ့ ဆက်သွယ်မေးမြန်းနေတဲ့ အချိန်မှာလည်း လက်နက်ကြီးပေါက်ကွဲ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လေကြောင်းအပါ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ဆုတ်သွားခြင်းမရှိဘဲ စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းတွေကို ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ “စစ်တပ်ဘက်ကနေ ဒရုန်းနဲ့  ၂၄ နာရီစောင့်ကြည့်နေတယ်။ လူတစ်ယောက်ထွက်လာတဲ့ အရိပ်မွက်တွေ့နဲ့ ဆူဆိုက်ဒရုန်းနဲ့ ပစ်တယ်။ ဒါမှမဟုတ်ရင် ချက်ချင်း လေယာဉ်လှမ်းခေါ်တာတွေလုပ်တယ်။ အခြေအနေက အဲ့လိုဖြစ်နေတာ”လို့ပြောပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း စစ်တပ်ရဲ့ စစ်ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော်ဝင်ရောက်သွားပြီးနောက် ဩဂုတ်လထဲမှာပဲ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့ တင့်ကားတပ်အမှတ်(၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါ နေရာတစ်ချို့ကို ယခု စက်တင်ဘာလအတွင်းမှာပဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုလို တပ်နေရာတစ်ချို့ကို လက်လွတ်လိုက်ရပေမယ့်  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မဆုတ်မနစ်ပဲ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ယခုလာမယ့် အောက်တိုဘာလထဲမှာဆိုရင် တိုက်ပွဲကာလ ၁၀ ကျော်ခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်တိုက်ပွဲအပြင် စစ်တပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာကြောင့် ခေါင်လန်ဖူး – လန်ဆယ်ဒေသနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသတွေမှာလည်း တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 24 September

    လမ်းကြောင်းအသစ်ရှာပြီးထိုးစစ်ဆင်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ အထိနာပြီးပြန်ဆုတ်

    ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းပြန်ရဖို့ အပြင်းထန်ကြိုးစား‌နေတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက လမ်းကြောင်းသစ်ရှာပြီးထိုးစစ်ပြန်ဆင်လာရာအထိပြီးပြန်ဆုတ်သွားကြောင်းသိရပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အင်အား ၃၀၀ ဝန်းကျင်နဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး လာဟီဆင်စခန်းကို ခေါင်လန်ဖူးမြို့နယ်ဘက်ခြမ်းကနေထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 23 September

    ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်

    ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူ‌ထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…

    Read More »
  • 22 September

    လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ

    ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…

    Read More »
  • 18 September

    ဗန်းမောက်မြို့တိုက်ပွဲ ကာကင်းစခန်း ၆ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေထိန်းချုပ်နေရာယူထားတဲ့ ဗန်းမောက်မြို့အနီးဝန်းကျင်ကိုပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ KIA နဲ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
Back to top button