လူ့အခွင့်အရေးချိုးဖောက်မှု

  • Mar- 2026 -
    20 March

    ကသာမြို့လယ်ခေါင် ဗုံးကြဲခံရ၊ သေဆုံးဒဏ်ရာရသူတွေများနိုင်တယ်လို့ဆို

    စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့ အမည်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဒီမနက် ၁၁ နာရီဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာ ရသူတွေများနိုင် တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးကတော့…

    Read More »
  • 13 March

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Feb- 2026 -
    26 February

    ဘန်ရှောင်ရွာမှာ ဝတပ်ဖွဲ့ကားက ဆိုင်ကယ်စီးလူငယ်တစ်ဦးကို ဝင်တိုက်ပြီး လျော်ကြေးပြန်တောင်းဆိုမှုဖြစ်ပွား

    ရှမ်းမြောက် လားရှိုးမြို့နယ် ဘန်ရှောင်ကျေးရွာမှာ United Wa State Army (UWSA) ဝတပ်ဖွဲ့ဝင်တွေက ဒေသခံလူငယ်တစ်ဦးကို ကားနဲ့တိုက်ခဲ့ပြီး အဲဒီလူငယ်ဆီကနေ လျော်ကြေးငွေကို အတင်းအဓ္ဓမပြန်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မိုင်းယော်ကျေးရွာအနီး ဘန်ရှောင်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး UWSA တပ်ဖွဲ့အရှိန်နဲ့မောင်းလာတဲ့ Four Wheel ကားတစ်စီးက လမ်းသွယ်ကနေ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ UWSA တပ်ဖွဲ့ဝင်တွေက အဆိုပါလူငယ်ဆီကနေ ငွေကျပ် ၄၅၀,၀၀၀ (လေးသိန်းငါးသောင်း) ကို လျော်ကြေးအဖြစ် အတင်းအဓ္ဓမပေးချေခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ကျမတို့ရွာထဲမှာ UWSA တပ်ဖွဲ့တွေ ကားနဲ့ ဆိုင်ကယ်တိုက်ကြတာပါ။ ဒါပေမဲ့ ဆိုင်ကယ်စီးတဲ့လူငယ်ကို ပြောင်းပြန်လျော်ကြေးပေးခိုင်းပါတယ်။ မတရားလျော်ကြေးမတောင်းဖို့ ရွာသားတွေ ဝိုင်းတားမြစ်ပြောဆိုပေမဲ့ ဂရုမစိုက်ဘူး။ ငွေအတင်းယူသွားပါတယ်။ UWSA တွေက ရွာကို နိုင်ထက်စီးနင်း လုပ်နေပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ဒေသခံတွေပြောချက်အရ လျော်ကြေးငွေမတောင်းယူဖို့ ရွာလူကြီးတွေနဲ့ဒေသခံများ ဝိုင်းဝန်းပြောဆိုခဲ့ပေမယ့်လည်း UWSA ဘက်က ဂရုမစိုက်ဘဲ ငွေကိုအတင်းတောင်းယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဘန်ရှောင်ရွာအထက် ကောင်းမိုးရွာမှာ UWSA တပ်ဖွဲ့က စစ်သင်တန်းကွင်းလုပ်ဖို့ပြင်ဆင်နေပြီး လမ်းသွားလမ်းလာကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း ဒေသခံများ ရေသွယ်ယူတဲ့နေရာများအနီးနှင့် ရွာနယ်နိမိတ်အတွင်းရှိ သစ်တောများကို ခုတ်ယူရောင်းချတာ၊ မီးသွေးဖုတ်တာ ဆက်တိုက်လုပ်နေတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။ “ရွာထဲမှာ ဘယ်သူမှ မပြောရဲပါဘူး။ သွားပြောလည်း နားမထောင်ဘူး။ သူတို့က လက်နက်ကိုင်တွေဖြစ်တော့ မလိုလားပေမဲ့ အသံမထွက်ရဲကြဘူး။ ရွာက သစ်တောတွေလည်း ပြုန်းတီးကုန်ပါပြီ။ ပြောရင် လုံခြုံရေးစိုးရိမ်ရပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်လက်ပြောကြားပါတယ်။ ဘန်ရှောင်ရွာအပါအဝင် အဲဒီဘက်ရွာတစ်ကြောမှာရှိတဲ့ သစ်တောတွေအားလုံး ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ကတည်း ဆက်တိုက်ထုတ်ယူနေတာကြောင့် လက်ရှိမှာတော့အားလုံးပြောင်သလောက်ရှိသွားပြီလို့ဆိုပါတယ်။ ဘန်ရှောင်ကျေးရွာဟာ လားရှိုးမြို့ အရှေ့ဘက်ခြမ်း မိုင်းယော် (Mungyaw) အထက်ဘက်မှာ တည်ရှိပြီးအိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကချင်သမိုင်းဝင် ကျေးရွာတစ်ခုဖြစ်သလို  ကချင်လူမျိုး သီးသန့်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။  အဲဒီရွာမှာကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း ရှိပေမဲ့ UWSA တွေက KIO တွေကို ရွာမှာရုံးစိုက်ခွင့်လည်း ပိတ်ပင်ထားသလို ဒေသခံတွေကိုလည်း KIO ကို အခွန်မဆောင်ဖို့ တားမြစ်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 23 February

    ပဲနုပ်ဆွပ်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ကျေးရွာကို စစ်ကော်မရှင်က ဝေဟင်ကနေဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၇ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၃…

    Read More »
  • 23 February

    စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…

    Read More »
  • 23 February

    ယူမာကျေးရွာလမ်းမကြီးပေါ် မှာအမျိုးသား နှစ်ဦးပစ်သတ်ခံရ

    ဖားကန့်မြို့နယ် ယူမာကျေးရွာထဲက လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အမျိုးသားနှစ်ပစ်သတ်ခံရတဲ့နေရာဟာ ယူမာကျေးရွာရဲ့ VIP ကားရေဆေးဆီလိုက်ဆိုင်ရှေ့ လမ်းမကြီးပေါ်မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ယူမာရွာထဲက ပြည်သူတစ်ဦးက KNG…

    Read More »
  • 17 February

    မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ

    ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မရှီကထောင် ဆုတောင်းကုန်းအနီးတဝိုက်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ခန့်က စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က ခိုးယူမှုတွေ လုပ်နေတယ်လို့ အိမ်တွင်းပစ္စည်းခိုးယူခံနေရတဲ့ မရှီကထောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်အနောက်ခြမ်းလို့ပြောရမှာပေါ့ ဆုတောင်းကုန်းခြေရင်းတစ်ကြောမှာနေထိုင်တဲ့ အိမ်တွင်းပစ္စည်းတွေ ကြိုက်သလို ထုတ်ယူနေကြတယ်။ ကျွန်မသားကြီးရဲ့ အိမ်က ကျောက်စိမ်းတုံးတွေလည်း တန်ချိန်ကျော်ရှိတဲ့ ကျောက်စိမ်းတွေ မနေ့က မိုးချုပ်တဲ့အထိ သယ်ထုတ်သွားကြတယ်တဲ့။ အိမ်တွင်းပစ္စည်းတွေကလည်း အပေါ်ထပ်အောက်ထပ် ဝင်ယူသွားကြတယ်။ ဘယ်လိုမကောင်းဆိုးဝါးတွေလဲမသိဘူး။ ကျွန်မတို့ ပစ္စည်းပြန်ယူဖို့ဆိုရင်လည်း လမ်းတွေအကုန်ပိတ်လိုက်တယ်”လို့ပြောပါတယ်။ လက်ရှိ မရှီကထောင်ကျေးရွာမှာ မိသားစုဝင်တစ်ခုထဲ နေအိမ် ၃ လုံးစလုံး ဖောက်ထွင်းခံရပြီး ကျောက်စိမ်းတူးဖော်တဲ့အခါအသုံးပြုတဲ့ စက်ယန္တရားများ၊ အိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြတာဖြစ်ပါတယ်။ မရှီကထောင်အနောက်ဘက်ခြမ်း ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ဆုတေင်းကုန်းရှိတဲ့ တဝိုက်က လူနေအိမ်အများအပြားက အခုလို ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေက တိုက်ပွဲနေရာနဲ့အလွန်နီးကပ်လွန်းတဲ့အပြင် စစ်တပ်ရဲ့ လေကြောင်းရန်၊ တိုက်ပွဲအတွင်းက လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဖားကန့်မြို့တွင်း တိုက်ပွဲမရှိတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတဲ့သလို ပြည်သူအများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဖားကန့်မှာ ကျန်ရှိနေကြတဲ့ ပြည်သူတစ်ချို့က အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ကြိုးစားပေမယ့် သယ်ယူခွင့်မရဘဲ လမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မရှီကထောင်ကျေးရွာမှာ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအများပိုင်းက တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာတွေမှာ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာမှာ စစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ သိမ်းယူနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့က မီးသွေးတွေဆိုရင်လည်း သုံးဘီးကားတွေနဲ့ သယ်ယူနေကြတာ ကုန်းပေါ်ကနေ လှမ်းမြင်ရတယ်တဲ့။ ကျမတို့က အထဲကိုဝင်လို့မရတော့ အထဲမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွာလုပ်ပေးနေလဲသေချာမသိရဘူး။ တစ်ချို့အိမ်က မြေတူးတဲ့ဂန့်စက်တွေလည်း လေး၊ ငါးလုံးအကုန်သယ်ယူကြတယ်”လို့ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲ အနည်းငယ် ပြန်ငြိမ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက ပြည်သူမရှိတဲ့ နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံခိုးယူသယ်ယူ နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်းကနေ ထိုးဖောက်နေတာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာကြောင့် ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းရပ်တန့်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးတာတွေ၊ နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖားကန့်မှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ By –…

    Read More »
  • 4 February

    ဖားကန့်မှာ လူငယ်နှစ်ဦးမိုင်းထိပြီး ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ရေးကြောင့် ပိတ်ထားတဲ့လမ်းကနေဖြတ်လာတဲ့ လူငယ်နှစ်ဦး မိုင်းထိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံများထဲမှ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်သွားတာလို့ ဖားကန့်မြို့မှာနထိုင်တဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။…

    Read More »
  • 4 February

    နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ်…

    Read More »
  • 3 February

    ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

    တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစလို့ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပြီး…

    Read More »
Back to top button