လူ့အခွင့်အရေးချိုးဖောက်မှု

  • Jan- 2026 -
    23 January

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော

    ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ  နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄…

    Read More »
  • 19 January

    ကချင်မှာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေး ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးသေဆုံး

    ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြိီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်ဆိုပါတယ်။ အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅…

    Read More »
  • 14 January

    တနိုင်း ပယင်းမှော်ဒေသမှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေသိမ်းယူနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai Law)မှော်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို လိုက်လံသိမ်းယူပေးနေတယ်လို့ မှော်ဒေသမှာနေတဲ့ပြည်သူတွေကနေ သိရပါတယ်။ ဇန်နဝါရီလ…

    Read More »
  • 14 January

    မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီမှာဖြစ်ခဲ့တာဖြစ်ပြီး  အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ စီတာပူရပ်ကွက်ကအပြန် နေအိမ်အပြန် ဂျပန်လမ်းတစ်နေရာမှာ နှာခေါင်းစီးထားတဲ့ အမျိုးသား ၆ ဦးက တားဆီးရိုက်နှက်ပြီး အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သွားတာဖြစ်ပါတယ်။  အဲဒီဖြစ်စဉ်ဖြစ်ပြီး ၃ ရက်မြောက်နေ့မှာတော့  စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေလိုက်လံစုံစမ်းရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် KTV တစ်ခုမှာ လုယူသွားတဲ့ကားကိုလာပေါင်ရာကနေ ပြစ်မှုကျူးလွန်သူတစ်ဦးကိုအရင်ဆုံးဖမ်းမိပြီး နောက်ထပ်နှစ်ဥိီးကို စက်မှုရပ်ကွက်မှာ ထပ်ဖမ်းမိတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့လုသွားတဲ့ကားကို KTV မှာ ကားလာပေါင်တဲ့ကိစ္စကနေမိတာ ကားအရင်မိတယ် ပြီးမှ ကွင်းဆက်ပြန်လိုက်တော့ ပထမဆုံးတစ်ယောက်ကိုမိတယ်။ အဲမိတဲ့သူကို စစ်မေးတဲ့နောက် နှစ်ယောက်ကိုတော့ စက်မှုရက်ကွက်အိမ်တစ်အိမ်မှာထပ်မိတာလို့ သိရတယ်”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်ည ဖြစ်စဉ်ထဲမှာ အဲဒီအမျိုးသား ၆ ဦးက အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်တာအပြင် နောက်ထပ် လမ်းမပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးပြီး ကားရော၊ကားမောင်းသူအမျိုးသားတစ်ဦးကို ထပ်ပြီးဖမ်းခေါ်သွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံသွားရတဲ့အမျိုးသားလည်း ဒီဇင်ဘာ ၃၁ ရက်မှာသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လောင်းကစားဝိုင်းပိုပြီးများလာသလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲဖောက်ကားမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ဆိုးရွားလာနေပါတယ်။ ခုလိုလောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးပိုများလာတဲ့နောက်ဆက်တွဲ ခိုးဆိုးလုယက်မှု၊ လူသတ်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေဟာ လမ်းသွားလမ်းလာရာမှာလည်း စိုးရိမ်စိတ်နဲ့သွားလာနေရတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အဲဒီဂျပန်လမ်းဘက်ဆိုခုနောက်ပိုင်းဖြတ်တောင်မဖြတ်ရဲလာဘူး တကယ်ကြောက်တယ်။ နေ့လည်နေ့ခင်းလည်း သွားလာဖို့တောင်မှ အရေးမကြီးရင်မထွက်ဘူး။ မြစ်ကြီးနားမှာက တကယ်မလုံခြုံတော့ဘူး အစစရာရာကြောက်နေရတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA တို့အကြား ပြင်းထန်တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဧရိယာထဲကပြည်သူတွေဟာ မြို့ပေါ်မှာ အများပိုင်းစစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်ကလည်း မြစ်ကြီးနားမြို့အဝင်အထွက်တွေကို ယခင်ထက် ပိုပြီးစစ်ဆေးမှုတင်းကြပ်ပြီး မြို့တွင်းရပ်ကွက် လမ်းဆုံ၊လမ်းခွနေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေရှိပေမယ့် ခုလိုပြစ်မှုကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက်အရေးယူနိုင်တာ အလွန်နည်းနေသေးတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 13 January

    ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့  ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့  စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။  “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ  မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 9 January

    ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ စစ်ကော်မရှင်တပ်ဘက်ကသာ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်ကွာဝေးတဲ့ အာမခံ၊ ဩဂ စတဲ့ကျေးရွာတွေတစ်ဝှိုက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး ဒီနေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိ သေးပါဘူး။ အထက်ပါဝန်းသိုမြို့ခံအမျိုးသားက“သူတို့ဘက်ကလေကြောင်းတိုက်ခိုက်တာကတော့ ၉ ရက်နေ့ကိုဒေသခံတွေကိုထွက်ဖို့ကြေညာထားတာကြောင့်မို့ ဗုံးကြဲတာ နေမှာ”လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ခမ်းကျေးရွာအုပ်စုဟာ ဝန်းသိုမြို့နယ်ထဲက အကြီးဆုံးစံပြကျေးရွာထဲကတစ်ခုဖြစ်ပြီး လက်ရှိတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ခမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့်အပစ်ရပ်ထားချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အရပ်သား ၂၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။ ဝန်းသိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး ၆ လအကြာမှာပြန်လည်လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့နဲ့ ကပ်လျှက်မှာတည်ရှိပြီး ဗန်းမောက်၊အင်းတော်၊ ပင်လည်ဘူးစတဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲမြို့တွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2025 -
    23 December

    စစ်ကောင်စီ ရဲ့  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် စစ်ရှောင် ၅ ဦး ထိခိုက် ဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မံမလင်းကျေးရွာမှာ စစ်ကောင်စီက လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင်  စစ်ရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ…

    Read More »
  • 9 December

    ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်နဲ့ ဗုံး၂လုံး အသုံးပြုကြဲချခဲ့တာဖြစ်ပြီး ကျောင်းကပိတ်ထားတာကြောင့်…

    Read More »
  • 6 December

    မဘိမ်းမှာ စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး

    ရှမ်းမြောက်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့အနီး မြစ်ဆုံကျေးရွာကို စစ်ကောင်စီကလေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်က…

    Read More »
  • 2 December

    ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ‌စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…

    Read More »
Back to top button