,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းအချို့တွင် အထောက်အပံ့များ မရှိတော့သည့်အတွက် စားဝတ်နေရေး ကြပ်တည်းမှု ပြသာနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ စစ်တပ် အာဏာမသိမ်းခင် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အလှူရှင်များမှ ပုံမှန် ရောက်ထောက်ပံ့လျက်ရှိပြီး အာဏာသိမ်းပြီးနောက်တွင် ယင်းအထောက်အပံ့များ သိသိသာသာ လျော့လာပြီး ယခုနှစ်တွင် အထောက်အပံ့များ လုံးဝရပ် တန့်သွားသည့်အတွက် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကြပ်အတည်းဖြင့် ရင်ဆိုင် နေရကြောင်း မြစ်ကြီးနားမြို့ လယ်ကုန်းစစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံက KNGသတင်းဌာနသို့
စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို စစ်ကောင်စီက စစ်အင်အားတွေကို လေယာဉ်နဲ့ ပို့ဆောင်နေတာကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့က ပူတာအိုမြို့ လေဆိပ်မှာ လေယာဉ် ၁ စီးနဲ့ ၂ ခေါက် စစ်ကောင်စီ တပ်သားတွေကို လာရောက်ပို့ဆောင်ခဲ့ပြီးတော့ အဲဒီကနေ ကား ၅ စီးနဲ့ ခလရ ၄၆ တပ်ရင်းဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကားအချို့ကတော့ တိုက်ပွဲတွေ
ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက်ကြားတွင် ယမန်နေ့ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များအတွက် လက်ရှိတွင် အစားအသောက်နှင့် အသုံးဆောင်ပစ္စည်များ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ရပ်ကွက်ရှိ ဒေသခံ အိမ်ခြေ ၆၀ ခန့်နှင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော်မှာ မြို့မရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်
ပူတာအိုမြို့နယ် လုန်ရှာယန်၊ ဖတ်မာ နှင့် ဆွမ်ပီယန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲ ထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ ၂ခုကြားတွင် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်
စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဒေသခံပြည်သူများ က ညအချိန် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တောတွင်းတိမ်းရှောင်နေရသေးကြောင်းသိရသည်။ ယနေ့ညနေ ၄နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ၃စီးဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ဒေသခံ ၅ဦးခန့်နှင့် လူနေအိမ် ၅အိမ်ထက်မနည်း မီးရိူ့ပျက်စီးသွားပြီး တောတွင်းတိမ်းရှောင်နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “ဒီညလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိရသေးဘူး။ အားလုံးက အိမ်လည်းမပြန်ရဲကြတော့ဘူး။ ပြန်အိမ်ရင်လည်း ညချင်း စစ်တပ်က လေကြောင်းလိုင်းနဲ့ ပြန်လာတိုက်မှာစိုးရိမ်ရတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသတွင်း စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်နေကြောင်း စစ်ရှောင်များ ကူညီပေးနေသူများမှ သိရသည်။ "ဖြစ်သလို ရှိတာနဲ့ ချွေတာ စားနေကြတယ်။ အခု တကယ်ကို ရိက္ခာက ပြတ်တောက်လုနီးပါး ဖြစ်နေပြီ။ ကြံခုတ်လို့ ရထားတဲ့ ပိုက်ဆံတွေလဲ ကုန်လာပြီ။ ဘာမှ လုပ်လို့ မရတော့ တော်တော်ခက်ခဲလာပြီ။ " ဟု ဒေသခံများ ကူညီပေးနေသူတစ်ဦးကပြောသည်။ စစ်ကောင်စီ ထိန်းချုပ်ရာ ဖောင်းဆိုင်ဒေသအတွင်း
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေ တရုတ်နယ်စပ် ရှအစ်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူအချို့သည် မိမိနေရပ်ဖြစ်သော မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ ဂါးရာယန်ကျေးရွာသို့ နေရပ်ပြန်ရန် စီစဉ်နေသည်ဟု သိရသည်။ ရှအစ်ယန် (Sha it yang) စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဂါးရာယန်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု (၉၃) စုသည် နေရပ်ပြန်လိုသည့်အတွက်် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကော်မတီရုံးသို့ စာ၂ ကြိမ်တင်သွင်းထားကြောင်း ရှအစ်ယန် စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇော်ရှန်က KNG ကချင်သတင်းဌာနကို ပြောသည်။ “ကျနော်တို့
မြစ်ကြီးနားမြို့ ၊ ပမ္မတီးရပ်ကွက် နယ်မြေ ၅ တွင် တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းကို မြေပိုင်ရှင်မှရွှေ့ပြောင်းခိုင်းနေသောကြောင့် စစ်ရှောင်များ ထပ်မံ ရွှေ့ပြောင်းနေထိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာမှာ ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ "ညနေ ၁ နာရီခန့်ကစ ဖြစ်တာ။ စစ်ကောင်စီက လွယ်ဆာရွာမှာ ရှိနေတဲ့ အချိန် ကိုးကန့်တွေ ထွက်လာတာနဲ့ ပက်ပင်း တိုးပြီး ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်။ ကြောက်လို့ ခုထိ တုန်နေတယ်။" လို့
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာအပါအဝင် နေထိုင်ရန် နေရာအချို့ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။ "လောလောဆယ် ဆန် ကုန်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲ ၁ ခုက စစ်ရှောင်ရမယ့် အချိန် ကြာအုံးမယ်ဆိုရင် တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်။ အချိန်တိုဆိုရင်တော့ တတ်နိုင်သလောက် ခြစ်ကုတ် စားလို့ ရတယ်။ ထပ်ကြာအုံးမယ်ဆိုရင် စားနပ်ရိက္ခာအတွက် လုံးဝ