သတင်း
-
Oct- 2024 -24 October
ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ
ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့် ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ KIA…
Read More » -
24 October
KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။…
Read More » -
24 October
အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အင်းတော် PDF၊ ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
23 October
ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ
ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။…
Read More » -
23 October
မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ
ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။…
Read More » -
23 October
မြန်မာနိုင်ငံနိုင်ငံတစ်ဝှမ်းမှာ သုံးလအတွင်း အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့ရ
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အရပ်သား ၁၀၄၄ ဦး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီ ၃ လအတွင်း အရပ်သား ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားတစ်ထောင် ကျော်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားသေဆုံးမှုအများဆုံနဲ့ ၃၆၀ ဦး အထိသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။…
Read More » -
23 October
KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့…
Read More » -
22 October
လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။…
Read More » -
22 October
မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ
မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…
Read More » -
22 October
BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော
ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။…
Read More »









