သတင်း

လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ရပ်ကွက် ၁၂ မန်ဆူဘက်ကိုကြဲသွားတာပေါ့နော်။ အိမ်တစ်လုံးပျက်ဆီးသွားတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ ဘူး။ သန်းခေါင်ကျော်အချိန်လို့ပြောရမယ် ၂၂ ရက်နေ့ထဲတောင်ရောက်လာပါပြီ ၁၂ နာရီနဲ့  နာရီကြားမှာ ဖြစ်သွားတာ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လားရှိုးမြို့နယ်က အီနိုင်ကျေးရွာနဲ့ မြို့ပြင်ကနားမခေါ်ကားကြီးကွင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကပဲ လေကြောင်းတိုက်ခိုက်ခဲ့သေးပြီး အဲ့ဒီဖြစ်စဥ်  ခုမှာလည်း အမျိုးသား  ဦးအထိသေဆုံးခဲ့ရပါသေးတယ်။

အခုလို စစ်ကောင်စီတပ်က လားရှိုးမြို့ကို မကြာခဏ လေကြောင်းတိုက်ခိုက်နေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အလွန် နေရပ်ပြန် နေထိုင်ကြတဲ့ ဒေသခံတွေအကြားစိုးရိမ်မှုတွေဆက်တိုက်မြှင့်တက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

မြို့ကတော့ ဒေသခံတွေတော်တော်များများလည်း ပြန်ထွက်နေကြတယ်။ ခဏခဏ လေကြောင်းလာနေ တော့ အများစုကတော့ မြို့ထဲပြန်မနေကြဘူးပြန်ထွက်သွားကြတာများတယ်။ နေအိမ်မှာပဲနေကြတဲ့ တစ်ချို့လည်းရှိတာပေါ့နော်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ တအာင်းတပ်မ တော် TNLA ရဲ့ ဌာနချုပ်ရှိရာ နမ့်ဆန်မြို့လည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အရပ်သားတစ်ချို့ အပါအဝင် TNLA တပ်ဖွဲ့တစ်ချို့ပါသေဆုံးခဲ့ရတယ်လို့ သတင်းတွေထွက်နေပေမဲ့ KNG က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ  စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button