သတင်း

  • Sep- 2024 -
    4 September

    KIO  ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။…

    Read More »
  • 4 September

    KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • 3 September

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…

    Read More »
  • 3 September

    ပူတာအိုမှာ  CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ အင်တာနက်လိုင်းအခက်အခဲကြောင့် ဘဏ်မှာငွေသားမလုံလောက်တာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားတဲ့ CB ဘဏ်ဟာ ဒီနေ့အထိပြန်လည်ဖွင့်လှစ်တာမျိုးမရှိတဲ့အတွက် ဒေသခံတွေငွေသွင်းငွေထုတ်အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 3 September

    ဗန်းမော်မြို့ ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်မရှိလို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူများ ဆေးရုံပြဖို့အခက်ကြုံနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နာမကျန်းသူတွေ ဆေးရုံပြဖို့အခက်ခဲကြုံနေကြတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဗန်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြို့တွင်း ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တဲ့အတွက် ကလေးခွဲမွေးဖို့လိုအပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့လူနာတွေ၊နာမကျန်းဖြစ်သူတွေ ဆေးရုံ၊ဆေးခန်းပြဖို့ ခက်ခဲနေကြပြီး အသက်သေဆုံးတဲ့ကလေးတွေရှိနေတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။…

    Read More »
  • 3 September

    ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့  ၂  ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။…

    Read More »
  • 2 September

    ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို စစ်သင်္ဘော ၃ စီးဆန်တက်လာတာဖြစ်ပြီး ၂ စီးကို ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။…

    Read More »
  • 2 September

    ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်

    ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင်  ၂ ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။…

    Read More »
  • 2 September

    မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့  KIO ပြော

    ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။…

    Read More »
  • 2 September

    မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့  ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။…

    Read More »
Back to top button