သတင်း

KIO  ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ

မြစ်ကြီးနားဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့နေရာဒေသတွေဆီ မပြန်နိုင်သေးဘူးပေါ့ ဒါပေမယ့်လည်း လယ်ယာစိုက်ခင်းတွေကိုတော့ ကိုယ့်ဒေသမှာဘဲလုပ်ကြနေကြတာဆိုတော့ သွားလာရေးအတွက် ကျွန်တော်တို့ KIO အစိုးရကနေပြီးတော့ တက်နိုင်သလောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လုပ် ဘတ်စ်ကားတွေကို စီစဉ်ပေးတာပါလို့ ပြောပါတယ်။

ဘတ်စ်ကားလိုင်းပြေးဆွဲတာကိုတော့ မနေ့က(စက်တင်ဘာ၂ရက်နေ့)ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး  လိုင်ဇာ– မြစ်ကြီးနားသွားလမ်းတစ်လျှောက်မှာရှိတဲ့ ဂန်ဒေါင်ယန်ထိ နှစ်ထောင့်ငါးကျပ် (၂၅၀၀နဲ့ ဂါးရာယန်ထိ ကျပ် ငါးထောင်ကျပ်(၅၀၀၀)အပြင် လိုင်ဇာကနေ ဗန်းမော်သွားလမ်းတစ်လျှောက်မှာရှိတဲ့ ဒေါ့ဖုန်းယန်ထိ ကျပ် နှစ်ထောင့်ငါးရာ(၂၅၀၀)နဲ့ မြို့သစ်ကုန်းလောထိ ကျပ် ငါးထောင်(၅၀၀၀)ထိအသီးသီးကျသင့်မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ‌ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘတ်စ်ကားခက ဈေးသက်သာတဲ့အတွက် အရပ်သားပြည်သူတွေသာမက KIO အစိုးရအောက်က ဝန်ထမ်းတွေအားလုံးလည်း ကားခပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူဘဲ ဆန်၊စပါး၊ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နန်း၊ ဂျင်း၊ အားလူးစတဲ့ ပစ္စည်းတစ်အိတ်ကို ကျပ် နှစ်ထောင် (၂၀၀၀ကျသင့်မှာ ဖြစ်ပြီး စားဆီ၂၅လီတာတစ်ဗူးကို တစ်ထောင်ကျပ်နဲ့ ဟင်းသီးဟင်းရွက်တစ်အိတ်ကို ၅၀၀ ထိကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခုလိုဈေးနှုန်းချိုသာစွာနဲ့ ဘတ်စ်ကားပြေးဆွဲပေးတာကြောင့် ပြည်သူတွေရဲ့ သွားလာရေးအတွက် အကုန်အကျသက်သာပြီး ပိုမိုအဆင်ပြေလာတယ်လို့ လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

လမ်းစရိတ်တွေလည်း အရမ်းဈေးကြီးနေတယ် အခုအချိန်က ကိုယ်က ဆိုင်ကယ်မရှိ ကားမရှိဆိုတော့ သွားလာလို့မရ ငှားရအောင်လည်း မလွယ်တော့ အခုလို ဘတ်စ်ကားတွေ စီစဉ်လုပ်ပေးတော့ အကုန်လုံးက အရမ်းဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် လိုင်ဇာမြို့ကနေ မြစ်ကြီးနားအသွားအပြန်ကို  သိန်းဝန်းကျင်လောက် ကုန်ကျတာဖြစ်ပေမယ့်လည်း ခုလို လိုင်ဇာမြစ်ကြီးနားသွားလမ်းတစ်လျှောက် ဘတ်စ်ကားပြေးဆွဲပေးတဲ့အတွက် အရပ်သားပြည်သူတွေအတွက် သွားလာရေးစရိတ်ပိုမို ချွေတာလာနိုင်တာဘဲ ဖြစ်ပါတယ်။

 လက်ရှိကားလမ်းပြေးဆွဲတဲ့ အချိန်တွေကိုတော့ မနက်  နာရီခွဲအချိန် ဂါးရာယန်၊ ညနေပိုင်း  နာရီမှာတော့ မြို့သစ်ကုန်းလော သတ်မှတ်ထားတာဖြစ်ပြီး လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ပြေးဆွဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်တွေဟာ အာဏာသိမ်း  နှစ်ကျော်ကာလအတွင်း  နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့အပြင် မြို့  မြို့ကို သိမ်းပိုက်ထားပြီး စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးယန္တရားစပြီးလည်ပတ်နေပြီဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button