သတင်း
-
Aug- 2024 -29 August
ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ
မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။
Read More » -
29 August
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့ ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။…
Read More » -
28 August
နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်
နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈…
Read More » -
28 August
မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
28 August
ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။…
Read More » -
28 August
ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက်…
Read More » -
27 August
သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
27 August
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…
Read More » -
27 August
မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ
မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Read More » -
27 August
မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ
မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။
Read More »









