သတင်း
-
Sep- 2024 -10 September
ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။…
Read More » -
10 September
လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။…
Read More » -
10 September
ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို
ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ် ၄ စီးနဲ့ရောက်လာပြီး ၂ စီးလုံခြုံရေးယူပေးကာ နောက်ထပ် ၂ စီးက ပိုက်ဆံထည့်ထားတဲ့ ဆာလာအိတ်တွေချသွားတာဖြစ်တယ်လို့ ရွှေကူဒေသခံ တပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။…
Read More » -
9 September
လားရှိုးမြို့ကို စစ်တပ်ကလေကြောင်းနဲ့ထပ်မံဗုံးကြဲ အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆို
“အရေးပေါ်အခြေအနေဖြစ်နေပါတယ် လူထိခိုက်မှုတော့ရှိတယ်။အတိအကျတော့မသိရသေးပါဘူး။ ဒီမနက် ၁၀ ခွဲလောက်မှာ ဗုံး ၂ လုံထပ်ကြဲသွားတယ်။”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
Read More » -
8 September
မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Welterweight မှာ ချန်ပီယံသစ်ဖြစ်လာတဲ့ ကချင်သားလေး
မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph…
Read More » -
7 September
ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ
ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky…
Read More » -
6 September
ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ
စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
6 September
ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်
ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။…
Read More » -
6 September
နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး
စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။
Read More » -
6 September
တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ
စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တလေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။…
Read More »