သတင်း

ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး  တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို

ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ်  စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။

စက်တင်ဘာလ  ရက်နေ့ ရဟတ်ယာဉ်   စီးနဲ့ရောက်လာပြီး  စီးလုံခြုံရေးယူပေးကာ နောက်ထပ်  စီးက ပိုက်ဆံထည့်ထားတဲ့ ဆာလာအိတ်တွေချသွားတာဖြစ်တယ်လို့ ရွှေကူဒေသခံ တပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။

ပြီးခဲ့တဲ့  ရက်နေ့ လာချသွားတာ ရဟတ်ယာဉ်  စီးနဲ့ချသွားတာ တန်ချိန် တစ်တန်လောက်ရှိတယ်လို့ ခန့်မှန်းရတယ် ပိုက်ဆံတွေရောက်မှ လစာထုတ်ကြတာလို့ ပြောပါတယ်။

တပ်နဲ့နီးစပ်သူတွေပြောဆိုချက်အရ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဝန်ထမ်းမိသားစုဝင်တွေဟာ လစာမရရှိတာကြာပြီး စက်တင်ဘာလ  ရက်နေ့ ရဟတ်ယာဉ်နဲ့ ပိုက်ဆံလာချပြီးနောက်မှသာ လစာထုတ်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း ကချင်– စစ်ကိုင်းအစပ်မှာ စစ်တပ်နဲ့  KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက်  ကုန်းကြောင်းကနေ ဝင်ရောက်ဖို့ခက်ခဲနေတဲ့ စစ်တပ်ဟာ လေကြောင်းအသုံးပြုပြီး လစာထုတ်နိုင်ဖို့ ပိုက်ဆံလာချပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ ရွှေကူမြို့ ဆိပ်ကမ်းမှာလည်း စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောနဲ့ စစ်လက်နက်တင်ထားတဲဲ့သင်္ဘောတွေအပါအဝင် သံခွန်မော်တော်ယာဉ်စုစုပေါင်း  စင်းရောက်နေပြီး ရိက္ခာချနေကြတယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရိက္ခာလာပို့်နေတာဖြစ်ပြီး ဒီတစ်ခေါက်ရောက်လာတဲ့ ရိက္ခာတွေဟာ တစ်နှစ်စာအတွက် လုံလောက်နိုင်တဲ့ ရိက္ခာတွေဖြစ်တယ်လို့ သိရပါတယ်။

အဓိက တင်လာတာက ရိက္ခာတစ်နှစ်စာလောက်တယ်လို့တောင် သိရတယ်။ ပြီးတော့ စစ်လက်နက်ပစ္စည်း စစ်အင်အားတော့ သင်္ဘောလုံခြုံရေးယူပေးသလောက်ဘဲပါလာတယ် သင်္ဘောကတော့ ပစ္စည်းချနေတုန်းလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရိက္ခာတွေချနေချိန်အတွင်းမှာလည်း မြစ်ကမ်းနံဘေးသွားလာခွင့်ပိတ်ထားတဲ့အပြင် ဒေသခံပြည်သူတွေ မြစ်ထဲဆင်းတာ၊ စက်လှေအသေးတွေနဲ့ငါးရှာထွက်တာကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ စစ်တပ်ဘက်က ရိက္ခာချနေချိန်အတွင်း သွားလာခွင့်မရတာကြောင့် ခက်ခဲနေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ နောက်ဆံးအပတ်မှာ လက်နက်တင်ထားတဲ့ စစ်သင်္ဘော   စီးအပါအဝင် ရိက္ခာတင်သင်္ဘောအကြီး  စင်းနဲ့နောက်ထပ် သံခွန်မော်တော်ယာဉ်  စင်း စုစုပေါင်း  စင်းတက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရတဲ့အတွက် သင်္ဘော  စင်းပျက်စီးသွားပေမယ့်  သံခွန်မော်တော်ယာဉ်  စီးကိုသုံးပြီး တွဲကာဆန်တက်လာတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ဒေသကို စစ်အင်အား၊လက်နက်ရိက္ခာတွေပို့ဖို့ ကုန်းကြောင်း၊ရေကြောင်းကနေ ပို့ဆောင်ပေမယ့် ကုန်းကြောင်းမှာ စစ်ကိုင်းဒေသကိုဖြတ်ချိန် မကြာခနတိုက်ခိုက်ခံရတာကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းအကာအကွယ်နဲ့ ရေကြောင်းကိုအဓိကအသုံးပြုပြီး စစ်လက်နက်ရိက္ခာ ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ် ရိက္ခာတင်ပို့လာချိန်မှာလည်း စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေးယူပြီး မန်းလေးကနေ ရွှေကူအထိ ဆန်တက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒိီစစ်လက်နက်ရိက္ခာတွေ သင်္ဘောဟာ ဗန်းမော်အထိဆန်တက်နိုင်တယ်လို့လည်း ဒေသခံတွေ ခန့်မှန်းပြောဆိုနေကြပါတယ်။

စစ်တပ်ရဲ့သင်္ဘောတက်လာချိန်တိုင်း ကာကွယ်တပ်ဘက်က တိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေပစ်ခတ်တာ၊ စစ်သင်္ဘောပေါ်မှာ လက်နက်ကြီးအထိုင်ချလာပြီး ကမ်းဘက်ကို ယမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်တာတွေ ပုံမှန်ရှိနေပါတယ်။

ဒါပေမယ့် ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုအသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button