သတင်း

  • Jul- 2024 -
    31 July

    ဖားကန့်မြို့နယ်တစ်ခုလုံး ငွေလွှဲ၊ ငွေထုတ် ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ် နဲ့ သာထုတ်ခွင့်ရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ်နဲ့သာထုတ်ပေးနေတာကြောင့် ပြည်သူတွေ ခက်ခဲနေကြတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့နောက် ဖုန်းထဲမှာရှိတဲ့ KPAY နဲ့ wavepay အကောင့်တွေကျသွားတဲ့အတွက်  ငွေတွေထုတ်လို့မရဘဲ မြို့တွင်းထဲမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ဆိုင်မှာသာ ငွေလွှဲငွေထုတ်ရနေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။…

    Read More »
  • 30 July

    ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

    ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ  ၆ ရက်နေ့ထိ တစ်ပတ်စာ တုံကင်ပြည့်နေပြီဖြစ်တဲ့အပြင် နောက်ထပ် အင်တာနက်လိုင်းသုံးဖို့ စောင့်နေရတဲ့လူတွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။…

    Read More »
  • 30 July

    စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး

    မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး…

    Read More »
  • 29 July

    လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

    ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။…

    Read More »
  • 29 July

    ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။…

    Read More »
  • 29 July

    ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ

    ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။…

    Read More »
  • 29 July

    မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိုးမိတ်မြို့နဲ့ ၂ မိုင်ကျော်အကွာ မိုးမိတ်ဗျူဟာကုန်းအနီးတစ်ဝှိုက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။…

    Read More »
  • 29 July

    ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP…

    Read More »
  • 26 July

    လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင် ၂၆ ဒီနေ့မွန်းလွဲပိုင်းထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခု မြို့တွင်းတစ်ဝက်စီ နေရာယူကာ အချင်းချင်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNGကို ပြောပါတယ်။…

    Read More »
  • 26 July

    ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin…

    Read More »
Back to top button