တိုက်ပွဲသတင်း

မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိုးမိတ်မြို့နဲ့  မိုင်ကျော်အကွာ မိုးမိတ်ဗျူဟာကုန်းအနီးတစ်ဝှိုက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကြားတာက ဗျူဟာကုန်းပဲကျန်တယ်တဲ့ မနေ့ကလည်းကြားရတာက ညနေ  နာရီလောက်မှာ ဗျူဟာဘက်မှာ လေယာဥ်တစ်စီးပြီးတစ်စီးနဲ့လာကြဲချနေတာတဲ့ တပ်ဘက်အခြမ်းပဲဖြစ်နေ တာပေါ့ “ လို့ဒေသခံ အမျိုးသားတစ်ဦးပြောပါတယ်။

မိုးမိတ်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ မြို့တွင်းကနေ တပ်ပြန်ဆုတ်ထားရပြီး တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။

မိုးမိတ်မြို့ထဲက ခရိုင်ရဲနဲ့ မြို့နယ်ရဲက သာသနာ့ဗိမာန်မှာပဲအသေထိုင်ပြီးလှုပ်ရှားတာကို မြို့ခံတပ်က လည်း မြို့ထဲမှာ လှုပ်ရှားတပ်ဖွဲ့ရှိတယ်လေ ပြီးခဲ့တဲ့တစ်လလောက်ကတည်းကတိုက်ပွဲဖြစ်တာလေ တအာင်း ပလောင်ဘက်ကတော့ မြို့ကိုတော့ထိန်းချုပ်ထားပြီ ဗျူဟာဘက်တော့မရသေးတာပေါ့ လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ခလရ ၃၄၈ တပ်ရင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတစ်ချို့သိမ်းပိုက်နိုင် ခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တကျော့ပြန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button