သတင်း
-
Nov- 2024 -11 November
ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse)…
Read More » -
6 November
လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို
ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။…
Read More » -
6 November
-
5 November
တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ခရီးသည်ကားနဲ့ကုန်တင်ကားတွေ ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ လီဒိုလမ်းမကြီးတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးမှုဟာ ၅ လခန့်ကြာလာတဲ့အပြင် ဒီကနေ့ထိလည်း ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခရီးသွားသူပြည်သူတွေအနေနဲ့ လမ်းခရီးမှာ ၃ ရက်ကနေ တစ်ပတ်အထိ ကြာမြင့်နေပြီး လမ်းတစ်လျှောက် ရွှံ့ဗွက်အိုင်ထဲကျွံနေတဲ့ကားတွေကိုလည်း ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ဆိုပါတယ်။…
Read More » -
5 November
ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat…
Read More » -
5 November
မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
1 November
ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ
ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ…
Read More » -
1 November
နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။…
Read More » -
1 November
ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။…
Read More » -
1 November
ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia…
Read More »









