လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာဖြင့် စစ်ရှောင်များနေရပ်ပြန်သင့်ဟု EU သံအမတ်ပြော

ကချင်စစ်ရှောင်များအနေဖြင့် မိမိတို့ မြေနေရာ ဆုံးရှုံးရမှာ စိုးရိမ်ခြင်းထက် လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိစွာဖြင့်သာ နေရပ်ပြန်သင့်ကြောင်း မြစ်ကြီးနားကို ရောက်ရှိနေသည့် ဥရောပသမ္မဂအဖွဲ့ (European Union) သံအမတ် Kristian Schmidt ပြောဆိုသွားပါသည်။ ယနေ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းမှာ ပြုလုပ်တဲ့ ဥရောပသမ္မဂအကြောင်း နှင့် ပညာသင်ဆုများအကြောင်းကို မြစ်ကြီးနား တက္ကသိုလ်ကျောင်းသူ/သားများအား လာရောက်ရှင်းပြသည့် အစီစဉ်အပြီး သတင်းထောက်များကို သံအမတ်ကြီးက ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါသည်။ “စစ်ရှောင်နေရပ်ပြန်မှုဟာ လုံခြုံစိတ်ချရပါမယ်။ ကူညီထောက်ပံ့မှုများနှင့် ဂုဏ်သိက္ခာရှိစွာ