,
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC တို့၏ ပါတီ ဆိုင်းဘုတ်များ အောက်တိုဘာ ၁၅ ရက်နေ့က ဖျက်စီးခံရကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာအများစုမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။
ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ မှတ်ပုံတင်မဖော်ပြနိုင်သည့် လူဦးရေ ၁သိန်းခွဲရှိနေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ)မှ သိရသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဟာ ပေါင်းစည်းပါတီသစ်ဖြစ်ပြီး အခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၈ ခုအတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်နေတယ်လို့ သိရပါတယ်။ လက်ရှိပါတီအတွင်း ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအစီစဉ်နဲ့ပတ်သက်ပြီး ပါတီရဲ့ ဒုဥက္ကဌ တစ်ဦး ဦးကွမ်ကရောင်အောင်ခမ်းကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ မေး – အခု KSPP က ရွေကောက်ပွဲအတွက်ဘယ်လိုလုပ်ဆောင်နေပြီလဲဆိုတာ ပြောပြပေးပါ။ ဖြေ – ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာဝင်ဖို့ စီစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ကိုဖွဲ့ပါတယ်။…