ဖျက်သိမ်းလိုက်သော ကချင်ပြည်နယ်နေ့ မနောပွဲ အစား ဖေဖော်ဝါရီလတွင် ရိုးရာမနောပွဲ ပြန်လည် ပြုလုပ်မည်

အမည်နာမ အငြင်းပွားမှုကြောင့် ဖျက်သိမ်းခဲ့ရသော (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို ပြန်လည်အစားထိုးသည့် ‘ကချင်ရိုးရာ ယဉ်ကျေးမှု မနောပွဲတော်ကြီး’ ကို ဖေဖော်ရီလအတွင်း ၈ရက်ကြာ ပြန်လည် ပြုလုပ်မည်ဟု ကချင်ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူများ ပြောပါသည်။ ကချင်မျိုးနွယ်စုအတွင်း အမည်နာမအငြင်းပွားမှုကြောင့် မနောပွဲ ရပ်ဆိုင်းခဲ့ရသော်လည်း ပွဲအတွက် ကြိုတင်ရယူထားသည့် လေလံများကို လျော်ကြေးအဖြစ် ပြန်လည်ပေးရသည့် အခြေအနေရှိလာသောကြောင့် မဖြစ်မနေ ပြန်လည် ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှု…