ပျော်ရွှင် ဝမ်းနည်းမှုများနှင့် ၂၀၁၉ နှစ်ဟောင်း ကချင်သတင်းအကျဥ်းချုပ်

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကို ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ ရသစုံနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ပြီးခဲ့နှစ်က ကချင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်စဉ် ၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံက သတင်းတွေကို အကျဉ်းချုပ် ပြန်လည်တင်ပြပေးလိုက်ပါတယ်။ ၂၀၁၉ နှစ်သစ်မှာ ကချင်လူထုသာမက မြန်မာတစ်ပြည်လုံးကို လှုပ်ခါစေတဲ့သတင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ မြစ်ဆုံရေကာတာစီမံကိန်းကို ပြုလုပ်ဖို့ ဒေသခံတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ သဘောတူပေမဲ့ ပြည်ပရောက် လူတချို့ က…