ကားဖမ်းဆီးမှု

  • Oct- 2023 -
    18 October
    သတင်း

    လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ ကားပိုင်ရှင်တွေကို တရားစွဲဆိုဖို့ စစ်ကောင်စီ ပြင်ဆင်နေ

    ကချင်ပြည်နယ် မိုးကောင်းနဲ့ နမ္မတီးမြို့မှာ  စစ်ကောင်စီတပ်က လိုင်စင်အကြောင်းပြပြီး ဖမ်းဆီးထားတဲ့ အိမ်စီးကား ၁၉ ကို အပိုင်သိမ်းယူလိုက်တဲ့အပြင် ကားပိုင်ရှင်တွေကိုပါ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုးကောင်းမြို့အခြေစိုက် စကခ (၃)က စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့အဝင်အထွက်တွေနဲ့ နမ္မတီးမြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားအစီးရေ ၁၉ စီးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “ခုကားပိုင်ရှင်တွေလည်း အားလုံးအချုပ်မှာ ဖမ်းထားတယ်။ ကားကတော့ မပေးတော့ဘူး အပိုင်သိမ်းလိုက်ပြီလို့ သိရတယ်”လို့ ပြောပါတယ်။ လက်ရှိဖမ်းဆီးထားတဲ့ ကားအစီးရေ ၁၉ စီးကို မိုးကောင်းရဲစခန်းမှာသိမ်းယူထားပြီး ကားပိုင်ရှင်တွေကိုလည်း ရဲစခန်းမှာ ချုပ်ထားတယ်လို့ ပြောပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့ စစ်ကောင်စီတပ်တွေ အဓိက ဖမ်းဆီးခဲ့တဲ့နေရာတွေဟာ မိုးကောင်းမြို့အဝင်အထွက်နေရာတွေအပြင် သုံးမိုင်ကွေ့၊ မရန်ကထောင်၊ မိုးကောင်းတံတား အဆင်း၊နမ္မတီးကျောက်တောင်၊မြတောင်ဘုန်းကြီးကျောင်းရှေ့စတဲ့နေရာတွေမှာ ဖမ်းဆီးခဲ့တာလို့…

    Read More »
Back to top button