သတင်း

လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ ကားပိုင်ရှင်တွေကို တရားစွဲဆိုဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ကချင်ပြည်နယ် မိုးကောင်းနဲ့ နမ္မတီးမြို့မှာ  စစ်ကောင်စီတပ်က လိုင်စင်အကြောင်းပြပြီး ဖမ်းဆီးထားတဲ့ အိမ်စီးကား ၁၉ ကို အပိုင်သိမ်းယူလိုက်တဲ့အပြင် ကားပိုင်ရှင်တွေကိုပါ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုးကောင်းမြို့အခြေစိုက် စကခ ()က စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့အဝင်အထွက်တွေနဲ့ နမ္မတီးမြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားအစီးရေ ၁၉ စီးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။

ခုကားပိုင်ရှင်တွေလည်း အားလုံးအချုပ်မှာ ဖမ်းထားတယ်။ ကားကတော့ မပေးတော့ဘူး အပိုင်သိမ်းလိုက်ပြီလို့ သိရတယ်လို့ ပြောပါတယ်။

လက်ရှိဖမ်းဆီးထားတဲ့ ကားအစီးရေ ၁၉ စီးကို မိုးကောင်းရဲစခန်းမှာသိမ်းယူထားပြီး ကားပိုင်ရှင်တွေကိုလည်း ရဲစခန်းမှာ ချုပ်ထားတယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ စစ်ကောင်စီတပ်တွေ အဓိက ဖမ်းဆီးခဲ့တဲ့နေရာတွေဟာ မိုးကောင်းမြို့အဝင်အထွက်နေရာတွေအပြင် သုံးမိုင်ကွေ့၊ မရန်ကထောင်၊ မိုးကောင်းတံတား အဆင်း၊နမ္မတီးကျောက်တောင်၊မြတောင်ဘုန်းကြီးကျောင်းရှေ့စတဲ့နေရာတွေမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ကားပိုင်ရှင်တွေကိုတော့ မိုးကောင်းရဲစခန်းမှာချုပ်ထားတဲ့အပြင် တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့  မိုးကောင်းဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့နဲ့နမ္မတီးမြို့တွေမှာ ဩဂုတ်လနောက်ပိုင်း လမ်းသွားလမ်းလာအရပ်သားတွေကို ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတဲ့အပြင် လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကိုလည်း မကြာခနဖမ်းဆီးတာတွေရှိပေမယ့် ဒီတစ်ခေါက်ဖမ်းဆီးသွားတဲ့ ကားအစီးရေဟာ အများဆုံးဖြစ်ပြီး ကားပိုင်ရှင်တွေကို တရားစွဲဆိုတာကလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ နောက်ထပ် မိုးကောင်းဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဟုတ် မိုးကောင်းမြို့ထဲမှာ ပြီးခဲ့တဲ့ရက်တွေကတော့ တစ်ခါတစ်လေ မြို့တွင်းတစ်ချို့နေရာတွေမှာ ကား၊ဆိုင်ကယ်တွေ ဖမ်းရင်လည်းပြန်လွတ်ပေးတာရှိတယ်။ ဒါပေမယ့် ခုတစ်ခေါက်ဖမ်းတာကတော့ ဆိုင်ကယ်ကအဲနေ့တစ်ချို့ ဒဏ်ငွေပေးဆောင်ပြီး လွတ်တယ်လို့ကြားရတယ် ကားအဖွဲ့ကတော့ ခုထိမလွတ်ပေးဘူးလို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့အဝင်အထွက်၊မိုးကောင်း အထက ၁နဲ့   ၊လေးမိုင်လမ်းဆုံ၊ ၊မိုးကောင်းရဲစခန်း၊ ဘူတာရုံအပြင် လမ်းဆုံ၊စကခကုန်းအောက်က သစ်ကြားတောင်၊ ဆမ်ပါလီရွာ လမ်းဆုံ၊နမ္မတီးမြို့မှာဆိုရင် မြတောင်ဘုန်းကြီး ကျောင်း၊ကံလှတံတားအောက်၊နမ္မတီး လမ်းခွ၊လမ်းဆုံ၊နမ္မတီးကျောက် တောင်၊မိုးကောင်း ရဲစခန်း၊နမ္မတီးအထိုင်ချပြီး စစ်ရေးလှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button